20

3.3K 269 28
                                    

Zawgyi

"စကားခဏပြောတာ အဲ့လောက်ကြာရလား "

စွဲညို့ကို နှုတ်ဆက်ကာ ခြံရှေ့ထိ
ပြန်လိုက်ပို့ပြီးပြီးချင်း အိမ်ထဲပြန်ဝင်အလာ
ဦးဧကရာဇ်အသံကြောင့် စွဲလမ်းနိုင် မျက်နှာလေး ပြုံးခနဲ ။

Sofaပေါ်အခန့်သားထိုင်ပြီး တစ်ဖက်ကို လှည့်နေတဲ့
ဦးဧကရာဇ်ရှိရာ အကြည့်‌ပို့မိ၏ ။ သူရှိရာ အရှေ့ကို တိုးလျှောက်သွားရင်း
သူ့ ရှေ့မှာ ကြုံ့ကြုံ့လေး ထိုင်လိုက်၏။

"Daddy ကျွန်တော့်ကိုကြိုက်လား "

ခပ်‌ဖြေးဖြေး ပြန်ငုံ့ကြည့်လာတဲ့ သူ့မျက်ဝန်း‌စူးရှရှတွေကို ကြည့်ရင်း
သူဘာတွေးနေသလဲ စွဲလမ်းနိုင် မခန့်မှန်းနိုင် ။

" ကြိုက်လားလို့ "

ထပ်မေးမိပြန်ပြီ ။သူက ပြန်မဖြေ ။ ပြုံးစစလေးတော့ရှိလာသည် ။
မျက်ဝန်းကလည်း ပြုံးယောင်လေးသန်းနေသည် ။
ဦးဧကရာဇ်က ဆိုဖာခုံရဲ့ ဇောင်းကို လက်တင်ပြီး
စွဲလမ်းနိုင်ကို စောင်းပြီးကြည့်နေသည် ။

ဆွယ်တာ အကျီလက်ရှည်ကို ခေါက်တင်ထားပြီး
လူငယ်styleဖြစ်နေတဲ့ ထိုသူက လူငယ်တွေထက်တောင်ပိုကြည့်ကောင်းနေတာ ။

ဒီလူက တစ်ကယ့်ကို
ပြည့်စုံလွန်းတာပါဗျာ ...။

ထိုသူကစကားမပြောပဲ စွဲလမ်းနိုင်ကိုသာ ကြည့်နေသည် ။

" Daddy A... "

ထိုသို့ခေါ်ပြီး ထိုင်နေရာမှ ထကာ
ဒယ်ဒီ့ ရင်ခွင်ထဲ တိုးဝင်လိုက်တော့
သူ့ကိုယ်အနဲငယ် မတ်သွားသည် ။

"အေးတယ် ... ကျွန်တော့်ကိုဖက်ထားပေး "

ဆိုဖာခုံက အနဲငယ်ကြပ်ကြပ်တာကြောင့် လူနှစ်ယောက် အတူနေဖို့ရာအတွက် သိပ်မဆံ့ချင် ။
ဒါပေမယ့် ဒီကောင်လေးကတော့ မရရအောင်
လည်တိုင်ကနေ ဖက်တွယ်လာပါသတဲ့ ။

" ရာသီဉတုကအေးစိမ့်နေပြီး..
ဒယ်ဒီ့ရင်ခွင်ထဲနေရလို့တော်သေးတယ် ..."

"ဘယ်လိုဖြစ်လို့...
ဒီလောက်စကားတတ်လာတာလဲ"

ဦးဧကရာဇ်ရဲ့ ဆွယ်တာက နွေးနေပြီး
သူက ပွေ့ဖက်ပေးထားတော့ ပိုလို့တောင် နေရသက်သာနေပြီး နွေးနေသည် ။

I'm Not D A D D Y's SonWhere stories live. Discover now