25

1.2K 91 9
                                    

Unicode

ဦးဧတို့ရဲ့မြို့လေးက ညဆို အအေးဓာတ်ကပိုလာပြီ ဖြစ်သည် ။စွဲလမ်းနိုင်မှာတော့ အနွေးထည်ဝတ်ထားရပြီး ဒီရာသီဉတုလေးကို သိပ်‌သဘောကျနေပြီ ဖြစ်သည် ။ မြို့ပြမှာ သိပ်ပူတာမဟုတ်လား ။

ညစာ မြေးအဖွားတွေ ညစာအတူစားပြီးချိန်မှာတော့
ဧည့်ခန်းထဲတွင် ကိုရီးယားဒရာမာကို
ညစဉ်ကြည့်တတ်သည့်အဖွားနှင့် အဖော်လုပ်ပေးရသည် ။အဖွားက သူမ၏ ကျန်းမာရေးခုံပေါ်မှာထိုင်ကာ စောင်ကို ပေါင်ပေါ်တင်ကာ ဒရာမာကို
တိတ်တဆိတ်ကြည့်နေသည် ။

မလှမ်းမကမ်းကဆိုဖာခုံပေါ်မှာတော့ စွဲလမ်းနိုင်ပေါ့ ။
သူ့ရဲ့ဘေးမှာတော့ ဦး‌ဧကရာဇ် ။ ဦး‌ဧကရာဇ်ကို မှီပီး ကြည့်နေကျမဟုတ်တဲ့ ကိုရီးယားဒရာမာကိုကြည့်နေရတယ် ။ ဦးဧကတော့ file တွဲတွေကြည့်ရင်း
အလုပ်လုပ်နေဆဲ ။

သူ ဦး‌ဧရဲ့ လက်မောင်းကို မှီလိုက်ကာ သူ့လက်ကိုမြှောက်လိုက်ပီး ရင်ခွင်ထဲ ဝင်နေလိုက်တော့၏။
ခေါင်းကိုအနည်းငယ် မော့ပြီးကြည့်မိတော့ စွဲလမ်းနိုင်ကို မျက်ခုံးပင့်ကြည့်နေတဲ့
ဦးဧနှင့် ဆုံမိသည် ။ သူကဘာလုပ်တာလဲဆိုသည့်သဘော ။ အလုပ်လုပ်လျှင်တပ်နေကြဖြစ်သည့်
လေးထောင့်မျက်မှန် ခပ်ပါးပါးတစုံက
ဦးဧ၏ချောမောသည့် အသွင်ကို ကူညီပေးသည် ။

"ဦးဧ "

စွဲလမ်းနိုင် လေသံတိုးတိုးဖြင့်ပြောပီး သူ့ကို အောက်နဲနဲငုံ့ဖို့ လက်ယပ်ခေါ်တယ် ။
ပြီးတော့ ထိုလူ အနားကိုငုံ့လာတော့ ...

"ဦးဧကို ကျွန်တော် အရမ်းချစ်တယ် "

ထိုစကားကြားတော့ အဲ့ဒီလူရဲ့မျက်နှာချောချောက
ပြုံးစစလေးဖြစ်လာတယ် ။ သူဟာ ထိုအမေးကို ဘယ်တော့မျှမဖြေ ။ စွဲလမ်းနိုင်လဲမသိချင်...။
ဘာလို့လဲဆိုတော့ အမူအရာတွေက တဆင့်
ဦးဧရဲ့ သဘောထားကို သိနှင့်ပြီး ဖြစ်တာကြောင့်ပါ ။

သူဟာ မျက်နှာနား ကပ်လာပြီး စွဲလမ်းနိုင်ရဲ့ဆံသားအိအိ‌လေးတွေ အုံ့နေတဲ့  နှဖူးကို ထိရုံမျှသာ အနမ်းပေးသည် ။ ထိုနေရာလေးရဲ့ အနွေးဓာတ်လေးက
တော်တော်နှင့်မပျောက် ။

I'm Not D A D D Y's SonWhere stories live. Discover now