27

1.3K 100 2
                                    

Unicode


သူမ အဖေရဲ့ ရုံးခန်းကို မဝင်ခင်
ရုံးခန်းတံခါး အရှေ့မှာ ရပ်နေလိုက်သည် ။
Shining Groupဆိုတာ အပြင်ပိုင်းမှာ ထည်ဝါပြီး အခွံသာရှိနေသည့် ကူးသန်းရောင်းဝယ်သည့် ကုမ္ပဏီကြီးတခုဖြစ်သည် ။ အရင်က ကြီးကျယ်‌အောင်ချမ်းသာ သလောက် အခုဆို ဒေဝါလီ ခံရတော့မည့် ကုမ္ပဏီဖြစ်သည် ။

“ hello..ကျေးဇူးရှင်အဖေ ရှိလား ”

တခါးကိုခေါက်ကာ သူမ အထဲမှသူကို
ခေါ်လိုက်သည်  ။ သို့ပေမယ့် စကားပြန်မလာ
တံခါးမကိုသာ ဖန်ခွက်ခွက်ဖြင့် ပစ်ပေါက်သံကို ကြားလိုက်ရသည် ။ သူမဝင်ဖို့လုပ်နေတော့
ဘေးက ဆမ်မ်က စိုးရိမ်တကြီး
သူမကို တားဖို့ပြင်သည် ။
ဒါကြောင့် စိတ်မပူစေရန် ပြုံးပြလိုက်ကာ
လာတုန်းက စီစဉ်ထားသည့်အတိုင်း ဆမ်မ့်ကို
အပြင်မှာသာ ကျန်ခဲ့စေလိုက်တယ် ။

အခန်းထဲရောက်တော့ သူမ‌အဖေက ခမ်းနားတဲ့
ကုမ္ပဏီ ဉက္ကဌ နေရာမှာ ထိုင်နေသည် ။
အသက်၇၀အရွယ် လူတယောက်က
သာမာန်ထက်ကို ပိုပြီး အိုစာနေသည် ။
သူ့ပုံစံက ဆိုးဆိုးဝါးဝါး ဒေါသထွက်နေပုံပဲ ။

“..ကျွန်မ အဖေက စိတ်တိုနေတာပဲ ”

သူမလက်လေးနှင့်အုပ်ပြီး ရယ်လျှက်ပြောသည် ။ သူ့အဖေကတော့ ဒေါသတကြီး ကုမ္ပဏီစားပွဲခုံစောင်းကို ဆုပ်ကိုင်ထားလေရဲ့ ။

“ အဖေ ကျွန်မရဲ့ အကူအညီလိုသလား
ကျွန်မ ကူညီပေးမယ်လေ ”

သူမ ပြောဆိုရင်း ဆိုဖာခုံပေါ်ထိုင်ရင်း ‌ကရားထဲမှ
ကော်ဖီတချို့ကို ခွက်နှစ်ခွက်ထဲ လောင်းထည့်လိုက်သည် ။ တခွက်ကို သူမရဲ့ အရှေ့မှာ ချထားလိုက်တယ် ။ နောက်တခွက်ကတော့ အဖေ့ရှေ့မှာ ။ သူမအဖေက ခုံမှ ထ လာပြီး ဖြေးဖြေးချင်းလျှောက်လျက် ဆိုဖာခုံရှေ့ရောက်လာသည် ။
သူအဖေ ဘဝကိုအဆုံးသတ်သင့်နေပြီ ။
တချိန်က သူမကိုအချစ်ဆုံးအဖေ ...။
သူမလိုအပ်တာ ဘာပဲဖြစ်ဖြစ် ဖန်တီးပေးနိုင်တဲ့အဖေက ။ သူမနဲ့သူမရဲ့သား‌လေးကို ရက်ရက်စက်စက်စွန့်ပစ်ခဲ့တာ ။

“ သမီး...အဖေ့ကို ကူညီပေးနိုင်လား ”

“ဒါပေါ့အဖေရဲ့ ”

I'm Not D A D D Y's SonWhere stories live. Discover now