04

4.3K 516 22
                                    

Unicode

“ကိုဟန် ၊ ဦးဧ ၊ ဘာဖြစ်နေတာလဲ”

စွဲညို့ကို လိုက်ပို့ပို့ပြီးချင်း အိမ်ပြန်ရောက်တာနဲ့ ဦးဧ
ကချက်ချင်း ကားတံခါးကို ဝုန်းခနဲ ပိတ်ပြီး ထွက်သွားတယ်လေ..
စွဲလမ်းက မေးနေပေမယ့် ကိုဟန်က ပြန်‌မဖြေ ။

“ကိုဟန်၊ ဦးဧ ၊ ဘာဖြစ်နေတာလဲလို့ ”

“ဘယ်သိမှာလဲ ၊ မင်းအဖေ မင်းသွားမေးပေါ့”

“ အဖေမဟုတ်ပါဘူးဆိုဗျာ ၊ ခဏခဏ ဒါနဲ့ပဲ လာလာကိုင်ပေါက်နေတယ် ”

စွဲလမ်းလည်း ထိုသို့ဖြေပြီး ကားတံခါးကို ဝုန်းခနဲ စောင့်ပိတ်ကာ ထွက်သွားလိုက်တော့၏ ။
နောက်ထပ်ပြောလိုက်တဲ့ ကိုဟန့်ရဲ့ စကားကိုတော့ ဘယ်သူမှ မကြားလိုက်ကြပါ...

“အကျင့်တွေကအစ အတူတူပဲ ၊
သားအဖလို့အပြောခံရရင်တော့ နှစ်ယောက်လုံးကမကြိုက်ကြဘူး ၊ ငါတော့ရူးမှာ”

              ..............*******.............

“ သခင်လေး ညစာစားလို့ရပြီ ”

“ဟုတ်ကဲ့ အန်တီတင် ကျွန်တော်..လာပြီ ”

စွဲလမ်း ရေချိုးပြီးကာစ
ညနေ ၆နာရီကျော်သာ ရှိသေးပေမယ့်
ဒီနေ့တော့ ‌အန်တီတင်က ညစာစားဖို့ အစောကြီးလာခေါ်သည် ။

အကျီ အမြန်လဲရင်း ‌အောက်ကိုဆင်းလာတော့
စားပွဲဝိုင်း ထိပ်ဆုံးမှာ အခန့်သားထိုင်နေတဲ့ Daddy....မဟုတ်သေးဘူး ဦးဧ....။

“သား ထိုင် ၊ ထိုင် ၊ ဉက္ကဌက သခင်လေးနဲ့ ထမင်းအတူစားမယ်ဆိုလို့ အန်တီတင်က ဝမ်းသာ.......အဲ...”

“အန်တီတင် ရွာက ပြန်လာမှ
စကားပိုများလာသလိုပဲ ၊ ရွာကို ပြန်သွားမလား?”

ခုံပေါ်ကို အန်တီတင်က ထိုင်ခိုင်းပြီး စကားပြောနေစဉ် ဦးဧ ၊ ကဖြတ်၍ ပြောလိုက်သောကြောင့် သူ့ကို အမှတ်တမဲ့ကြည့်လိုက်မိ၏ ။
သူက အန်တီတင်ကို စကားပြောနေပေမယ့်
စွဲလမ်းနိုင်ကိုသာ မျက်လုံးမခွာပဲ မျက်နှာသေဖြင့် ကြည့်နေသည် ။

စွဲလမ်းနိုင် သူ့ကို မကျေနပ်သေးတာ ရှိလို့ ချက်ချင်း အကြည့်ခွာလိုက်တော့ သူ့မျက်ခုံးတို့ အနည်းငယ်ပင့်သွားသည်ကို စွဲလမ်းနိုင် မျက်လုံးထောင့်မှ မြင်လိုက်ရ၏ ။
သူကတော့ မပြတ်ကြည့်နေတုန်း...

I'm Not D A D D Y's SonOpowieści tętniące życiem. Odkryj je teraz