07

3.7K 407 39
                                    

Unicode

"ဦးဧ "

သူက ထမင်းစားခန်းထဲမှာ ထိုင်ပြီး သတင်းစာထိုင်ဖတ်နေသည်။

တစ်ကယ်ဆို စွဲလမ်းနိုင် အခန်းထဲ ကျောင်းသွားဖို့ ပြင်ဆင်ပြီး ထွက်လာသည့် အချိန်မနက်8နာရီဆိုလျှင် ဦးဧ ၊ က Companyကိုသွားနှင့်ပြီ ။ ပိုင်ရှင်ဖြစ်လို့ ဘယ်ချိန်သွားသွားဖြစ်ပေမယ့် သူဟာ ရုံးကို စောစောသွားတတ်သည် ။
ညနေဆိုလည်း 5နာရီကျော်လောက် ပြန်ရောက်သည် ။ ဒါဟာသူ၏ တိကျသော အချိန်ဖြစ်၏ ။

" Companyမသွားဘူးလား "

" မင်းကို ကျောင်းပို့ပြီး သွားမယ် "

"ကျွန်တော့် Daddyက
စိတ်ကောင်းဝင်နေပါ့လား "

ထိုသို့ပြောရင်း ‌စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်၏ ။ ထိုင်ထိုင်ခြင်းသူက သတင်းစာကို ပိတ်ပြီး စွဲကို ပြောသည် ။ သူကဘယ်လိုမှန်းမသိဘူး Daddyလို့ခေါ်ရင် စိတ်ဆိုးသလိုလိုနဲ့ ။

"ဧကရာဇ် ၊ ငါ့နာမည် ဧကရာဇ် ၊ "

"ချေထားပေါ့ ကျွန်တော့်
ယောင်္ကျားဖြစ်လာမှ ပြန်ချေပြမယ် "

“အစာစားရင် စကားမပြောနဲ့”

စွဲက ခပ်တိုးတိုးဖြင့် သူမကြားအောင် ပြောမိတော့
ဦးဧ ၊ ကော်ဖီခွက်ကို မွှေနေရင်း စကားမပြောရန်ပြောသည်။ မကြားဘူးထင်၍ တိုးတိုးလေးပြောလိုက်တာဖြစ်သော်လည်း သူက သေချာကို ကြားလိုက်သည်ထင်၏ ။
ထိုသို့စကားမပြောရန် သူသတိပေးနေကြပဲ ။
စွဲကသာ အမှတ်မရှိတာ ။

“ အန်တီတင် ၊ ကျွန်တော့်ကိုလည်း
ကော်ဖီ ပေးပါဦး ”

စွဲက အနောက်ကိုအနည်းငယ်လှည့်၍ kitchen room ထဲမှာ ရှိတဲ့ အန်တီတင့်ကိုပြောသည် ။
သို့သော် အန်တီတင်က ထွက်မလာ ။

“အန်တီတင်ရေ ”

သူမက မထူး ။
ဒါ‌ကြောင့် စွဲ ကိုယ်တိုင် ထ ယူဖို့ ပြင်လိုက်မိ၏ ။

“နွားနို့ရှိတယ် ”

“ဟင် ”

ထဖို့ဆဲဆဲ ဦးဧ ၊ ၏စကားကြောင့် ခုံပေါ်သို့ပြန်ထိုင်လိုက်မိ၏ ။
သူက ထိုင်နေလျှက်ဖြင့် စားပွဲပေါ်က ကြွေကရားအဖြူလေးကနေ ယူပြီး ဖန်ခွက်ရှည်ရှည်ထဲကို နွားနို့တွေကို စိတ်ရှည်လက်ရှည် ထည့်နေလေရဲ့ ။

I'm Not D A D D Y's SonWhere stories live. Discover now