09

3.6K 438 22
                                    

Unicode

စွဲလမ်းနိုင် နိုးလာတော့ ကိုယ်ပိုင် အိပ်ခန်းထဲရောက်နေပြီ။
ကျောင်းဝတ်စုံကိုကနေ ညအိပ်ဝတ်ရုံတောင် လှဲထပ်ပြီးပြီဖြစ်သည် ။
အချိန်ကိုကြည့်တော့ ည၇နာရီ ။
ဒါဆို သူ လေးနာရီလောက်
အိပ်ပျော်သွားတာဖြစ်မည် ။
ကားပေါ်မှာ ဦးဧ ကို ငို၍ ဖက်လျှက်သား အိပ်ပျော်သွားတာ ။
အခန်းထဲ ဘယ်သူပို့တာလဲ ဦးဧ လား အကိုဟန်လား
အကျီကရော လဲပေးသွားတာ ဘယ်သူလဲ ...
ဦးဧ ၊ များလားတွေးမိတော့
မျက်နှာဟာ ပူထူသွား၏ ။

အချိန်ကလည်း သိပ်နောက်မကျသေးတာကြောင့်
အောက်ဆင်းပြီး ညစာစားဖို့ ပြင်လိုက်မိသည် ။
ဘာပဲဖြစ်ဖြစ်လေ ဦးဧ ၊လည်းခုလောက်ဆို
သူ့စာကြည့်ခန်းထဲမှာပဲ အလုပ်လုပ်နေလောက်မှာ ။

ဒီလိုပဲတွေးနေနေရင်း ဆံပင်က ပွရှုပ်နေပြီး အိပ်ယာခုမှ ထလာသည့်ပုံဖြင့်
အောက်ဆင်းလာခဲ့၏ ။
ပါးစပ်ကလည်း ဝှါးဝှါး သန်းနေသည် ။
ရှေ့တည့်တည့်က ဆိုဖာ‌ခုံပေါ်မှာ ခြေချိတ်ထိုင် ပြီးကြည့်နေသည့်
ဦးဧ..ကိုတွေ့တာတောင် ပစ်စလက်ခက် ဝှါးခနဲ သန်းနေတာ မပျောက်သေး ။

ပါးကို ခပ်စပ်စပ် တစ်ချက်လောက် လက်ဖြင့် ရိုက်လိုက်မှ အိပ်ချင်မူးတူးစိတ် ပျောက်သွား၏ ။
သို့သော်လည်း ညနေက ရန်ဖြစ်ထား‌တဲ့ဒဏ်ကြောင့် ရိုက်လိုက်ပြီးမှ နောင်တရလိုက်၏။
သေလောက်အောင်နာသည် ။

" ဆေးလိမ်းပေးထားတယ် ပြန်နာလာလို့လား "

ထိုသို့ရိုက်ပြီး မျက်စိပျက်မျက်နှာပျက် ဖြစ်နေတော့
ဦးဧ..က မေးလာတာ ဖြစ်သည်။

ဝှါးခနဲသန်းထားလို့ မျက်ဝန်းထိပ်မှာ မျက်ရည်လေးတွေ စို့လာတာတစ်ကြောင်း
ကိုယ့်ပါးကိုယ်ကိုယ်ရိုက်လိုက်လို့ နာ‌တာကြောင့် နောက်ထပ် မျက်ရည်‌ကြည်လေးတွေလည်း ထပ်မံနည်းနည်းလေးစို့လာသည် ။
ဧကရာဇ်က‌ မေးတော့ ထိုကောင်လေးက လက်ဖြင့် အုပ်ပြီး သန်းလျှက် ခေါင်းငြိမ့်ပြန်ဖြေတယ်လေ ။
အပိုပြောတာမဟုတ်ဘူး ပွရှုပ်နေတဲ့ ဆံပင်လေးရယ် အိပ်ချင်မူးတူး ဆူပုပ်နေတဲ့ ပုံလေးရယ်နဲ့ အဲ့ကောင်လေးက အကျီ‌ရော ဘောင်းဘီရော လိုတာထက်ပိုရှည်ကျနေတာ အူယားစရာလေး ။

I'm Not D A D D Y's SonWhere stories live. Discover now