29

1.3K 121 12
                                    

Unicode


လူကုံထံ ရပ်ကွက်အတွင်း တိတ်ဆိတ်နေသည့်
အိမ်ကြီးအတွင်းမှာ အမျိုးသမီးနှင့်အမျိုးသားတယောက် အတွေးကိုယ်စီနှင့် ဧည့်ခန်းတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည် ။

“ကို..ကိုပိုင် ကျွန်မတို့ အမြန်ရှောင်ရအောင် ၊ ဧကရာဇ်က ရင်းနှီးမြှုပ်နံမှုနဲ့ ကုမ္ပဏီကို ထောက်ပံ့နေတဲ့ ငွေတွေကို ရပ်လိုက်ပြီ ။ အခုတခေါက် ပစ္စည်းတွေကိုလဲ ဧကရာဇ် ဖြတ်ယူသွားတယ်ဆို ၊ ရှယ်ယာရှင်တွေဘက်က ကျွန်မတို့ကို သိန်းပေါင်းများစွာ ရော်ခိုင်းနေကြတယ်...အဲ့ပိုက်ဆံတွေကို အချိန်တိုအတွင်း
ဘယ်က ..ဘယ်က..ရှာရမှာလဲ ”

သူမက သူမယောင်္ကျား ပိုင်စိုးဟန်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး တုန်လှုပ်စွာပြောသည် ။
ထိုယောင်္ကျားကလဲ အတွေးတွေပျံ့လွင့်နေကာ
အကူအညီမဲ့နေပုံရသည် ။ သူဘာလုပ်ရမယ် မသိတော့ပါ ။ အဖေကလဲ သူ့ကုမ္ပဏီနဲ့သူ လုံးပန်းနေရတယ်ဟုဆိုကာ တခါမှ သူတို့ အလုပ်ကို မကူညီခဲ့ ။
အခုလို ဒုက္ခရောက်နေသည့်အချိန် ပိုဆိုးသည် ။ ဆက်သွယ်၍ကိုမရတော့ပေ ။
သူဒေါသထွက်ထွက်နှင့် သူမရဲ့လက်ကို ပုတ်ထုတ်လုက်သည် ။

“ မင်းအဖေကြောင့်လေ အကုန်လုံးက ၊ သူသာ စွဲညို့ငယ်ငယ်နိုင်ကို သွားခေါ်ဖို့မကြိုးစားရင် ဒီလိုဖြစ်မှာမဟုတ်ဘူး ”

လပြည့်သက္ကနိုင် သူ့ကို အထူးတဆန်းကြည့်နေမိသည့် ။ အရင်ကလိုသူ့အပေါ်နွေး‌ထွေးသည့် ယောင်္ကျားမဟုတ်တော့ ။ ရူးနေသည့်လူလိုမျိုး သွေးရူးသွေးတန်းတွေပြောနေသည် ။ သူမ စိတ်ထဲ
ဝမ်းနည်းမှုတွေပြည့်လျှံလာကာ
သူမ တောက် တချက်ခေါက်လိုက်ရင်း...

“ ရှင်က ကျွန်မရဲ့ ညီမကို မြှူစွယ်ပြီး ဖျက်ဆီးခဲ့လို့လေ ရှင်သာမမှားရင် ဒီလို...ကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး  ”

“ဘာတွေပြောနေတာလဲ.. မင်းညီမ အကုန်မှားတာ
အမရဲ့ ယောင်္ကျားကိုတောင် အလွတ်မပေးခဲ့တာ ၊
ဧကရာဇ်ဆိုတဲ့ကောင်လဲ ကျေးဇူးကန်းတဲ့ကောင်
သူ့ကြောင့် ဒုက္ခတွေ တသီတတန်းကြီးပဲ ”

ထိုလူက လပြည့်သက္ကနိုင်ကိုမကြည့်ဘဲ တဖက်ကိုအကြည့်လွှဲပြီးပြောနေသည် ။

I'm Not D A D D Y's SonWhere stories live. Discover now