23

1.4K 125 12
                                    

Unicode

မရောက်ခင်တည်းက အဖွားက ခြံဝန်းအကျယ်ကြီးရှေ့မှာ ထွက်စောင့်ပြီး ဦးဧနှင့် စွဲတို့ကို
စောင့်နေတာ ။
မြန်မာဝတ်စုံကို ဝတ်ထားတဲ့ အဖွားက
ကျန်းမာ‌ပြီးတော့
ဝဝပြည့်ပြည့်ဖြင့် လူကြီးဆန်ပြီး
တကယ် ကျက်သရေရှိ ကြည့်ကောင်းသည် ။
ဆံထုံးလေးထက်မှာ သဇင်ပန်းလေးတောင်
ထိုးထားလိုက်သေးတယ်လေ ။

ဦးဧက ခြံရှေ့ ကားရပ်ပေးလိုက်သည်။
ပီးတော့ ဦး‌ဧက မေးငေါ့ပြီး

"ဆင်းနှင့် ကိုယ် ကားသိမ်းလိုက်အုံးမယ်"

"ဟုတ် "

ထိုမျှသာပြန်ဖြေပြီး အောက်ကိုဆင်းလိုက်တယ် ။
ရောက်ရောက်ခြင်း အဖွားက ချက်ချင်းလာပြီး
စွဲလမ်းနိုင်ကို ပွေ့ဖက်တယ် သနပ်ခါးနံ့သင်းသင်းက
မွှေးနေတယ် ။ အဖွားက ဖက်နေတယ်ဆိုတဲ့
ခံစားချက်ကြောင့် စွဲလမ်းနိုင်မှာ
မျက်ရည်တောင်ဝဲရတဲ့အထိ ။

" အမလေး ငါ့မြေးလေးကို
ဒီအဖွားအိုကြီးကလွမ်းနေတာ "

ပြောပြီး စွဲလမ်းနိုင်ရဲ့ပါးတို့နှဖူးတို့ကို
တရွှတ်ရွှတ်နမ်းနေလေရဲ့ ။

စွဲလမ်းနိုင်ကို အဖွားက အရမ်းရင်းနှီးနေတဲ့
ခံစားချက်ကြောင့် အတွေးတွေ များသွားရတယ် ။
အမှန်ဆို သိမှမသိတာ ။

ဒါပေမယ့်လဲ အဖွားရဲ့အနမ်းတို့ကို ကြည်ကြည်သာသာပင်ခံယူလိုက်တယ်လေ ။
စွဲလမ်းနိုင်လဲ အဖွားနှင့်အခုမှတွေ့ပေမယ့်
စိမ်းနေသလိုမခံစားရပါ ။
ရင်းနှီးနေသလိုပဲ ။
တကယ်ကြီး သိနေသလိုမျိုး စိတ်ထဲက ။

"လာ ... မြေးလာ အိမ်ထဲဝင် "

အတွေးတွေများနေတုန်း
စွဲလမ်းနိုင်ကို အဖွားက ပွေ့ဖက်လျှက်နှင့်ပင်
အိမ်ထဲဝင်လာခဲ့တာ ။
ခြံထဲကနေ အိမ်အဝထိကို မြက်ခင်း လျှောက်လမ်းလေး ပြုလုပ်ထားတယ်။
အပင်မျိုးစုံစိုက်ပျိုးထားပြီးတော့ ဒီမြိုရဲ့ရာသီဉတုကြောင့် ကောင်းကင်က အုံ့မှိုင်းမှိုင်းလေးရှိနေတယ် ။

ဦးဧကပြောဖူးတယ် ဒီလိုရာသီဉတုက နေလို့ပိုကောင်းတာတဲ့ ။
ချမ်းစိမ့်စိမ့်လေးနဲ့လေ စွဲကတော့
သဘောကျတယ်။

I'm Not D A D D Y's SonWhere stories live. Discover now