32

1.3K 130 11
                                    

Unicode


ယောင်ယောင်မှားမှားဖြင့် ဖုန်းကို စားပွဲပေါ်တင်လိုက်သည့်တိုင် လက်က မတည်မငြိမ်ဖြစ်နေတာကြောင့်
ဖုန်းအောက်ကိုပြုတ်ကျသွားတာပင် ဂရုမစိုက်မိလိုက်
။ စွဲညို့သက္ကနိုင် ဘေးက ခုံဇောင်းကိုထောက်ထားရင်း တုန်ယင်လာသည်မို့ ဆိုဖာပေါ်ကို ထိုင်ချကာ
ခေါင်းကို ငိုက်စိုက်ထားလိုက်မိ၏ ။

အဖိုးရဲ့ဖုန်းအခေါ်ကို လက်မခံမိလိုက်ခင်အထိ
သူ့စိတ်လေးတည်ငြိမ်စပြုနေပြီဖြစ်သော်လည်း
မကောင်းတဲ့ သတင်းစကားကြားသည့်အခါ သက်သာခါစ စိတ်ကလေးဟာ အစိတ်စိတ်အမွှာမွှာကွဲကြေလေပြီ ။

"ငါ..ငိုပဲငိုနိုင်တော့တယ် "

သူ့အသံက ကြေကွဲစို့နင့်နေပြီး ငိုသံတို့စွက်နေသည် ။
စွဲညို့သက္ကနိုင် မည်မျှစိတ်ရှူပ်နေသလဲဆိုလျှင်
ဘယ်အရာကိုမှမတွေးနိုင်တော့သည့်အထိကိုမှ
သေချင်တာပဲသိတော့တယ် ။ သူ့ဘဝထဲမှ အရေးကြီးဆုံးလူသုံးယောက်က မတူညီသည့် ထွက်ခွာခြင်းတွေနှင့် တပြိုင်တည်းထွက်ခွာသွားသည် ။
ပထမက စွဲ... ဒုတိယက သူ့မိဘတွေ ။

"စွဲရာ... ငါဘာဆက်လုပ်ရ‌တော့မှာလဲ
ငါသေချင်တာပဲ...သိတော့တယ် "

သူ့အသံနှင့် ဖြစ်ပျက်ပုံတို့က တ‌ယောက်ယောက် မြင်သည်ကြားသည်နှင့် ထိုလူပါ ငိုမိသွားစေလောက်မည့်အထိ ဝမ်းနည်းခြင်းတွေ ပျံ့လွင့်နေသည် ။

" စိတ်ပင်ပန်းတယ်"

သူ့မိဘတွေကိုသူချစ်သည် ။ သူတို့နှစ်ယောက်က တခြားသူအပေါ် မကောင်းရင်တောင်
စွဲညို့အပေါ် ကိုဆိုလျှင်လိုလေသေးမရှိသည့်အဖေနှင့်အမေဖြစ်သည် ။ မမကိုတောင် အရေးမပေးပဲ
Brazil ကိုပို့ထားပြီး စွဲညို့သက္ကနိုင်ကိုပဲ သူတို့အနားကိုခေါ်ထားတာမဟုတ်လား ။ စွဲ ကိစ္စနှင့်ပတ်သတ်ပြီး
မိဘနှစ်ပါးကို မခေါ်မပြောနေပေမယ့် သူ့အပေါ် တဘဝလုံးကောင်ခဲ့တဲ့ မိဘတွေကို သူမျက်ကွယ်မပြုနိုင်ခဲ့ ။ အခုတော့ သူအမေနှင့်အဖေကို နောက်တခါ
မတွေ့လိုက်ရဘဲ ခွဲခွာရပြီ ။ Brazil ကပြန်လာသည်ကစ၍ မိဘတွေနှင့်အဖိုးကို လုံးဝ သွားမတွေ့ခဲ့တာ စွဲညို့သက္ကနိုင်ပဲဖြစ်သည် ။

I'm Not D A D D Y's SonWhere stories live. Discover now