"ချီးယားးး...ချီးးယားးးပါဆိုနေမှဗျာ....လုပ်မယ် ချီးယားး...."

"အေးပါကွာ...ချီးယားးးး...."

အတင်းကို ချီးယားလုပ်နေတာကြောင့် ဘီယာဗူးကိုင်ကာ စိတ်အလိုကျလုပ်ပေးလိုက်ရသည်။

"သောက်လို့ကောင်းလိုက်တာ....အင်းးးး...."

"မင်းကသောက်တတ်လို့လား...."

"သောက်တတ်တာမှ အေးဆေးပဲ စီနီယာရဲ့ ဒါလေးတော့ အကင်းပဲရှိသေးတယ်ဟဲဟဲ....ကျွန်တော်က မမူးတတ်ပါဘူးဗျ....."

နာရီဝက်ကြာသော်အခါ
~~~~~~~~~~~~~~~~~~~~

"အေ့ သိလားစီနီယာ အဲ့လူရဲ့ ဗိုက်ကြီးကိုခွဲတာလေ ဟားးးး...သွေးးးတွေထွက်လာတယ်....ဗိုက်ထဲမှာ ဘာလို့သွေးတွေရှိနေတာလဲ စီနီယာ...ဖြေလို့...."

"မင်းအဲ့အကြောင်းကိုပြောတာ ၅ခါရှိပြီနော် ငါဖြေပြီးတာလည်း ၅ခါရှိပြီ....ငါလည်းမသိဘူးလို့...."

မူးပြီးရစ်နေတဲ့ ဂျူနီယာကိုယ်တော်လေးအား စိတ်ရှုပ်ထွေးစွာ ကြည့်နေမိသည်။စိတ်ညစ်နေပါတယ်ဆို လာရစ်နေတာကြောင့် ကိုယ်ပါမူးအောင် တစ်ဗူးလုံးမော့သောက်ချလိုက်ရသည်။

"မသိစရာလားလို့.... ခဗျားဟာလေ ကျုပ်ရဲ့စိတ်ကို နားမလည်ဘူး ခဗျားလည်းတစ်ဖက်သတ်ချစ်တာလေ ကျုပ်လည်းတစ်ဖက်သတ်ခဗျားကိုချစ်တာလဲ....ဟီးးးးး....အဲ့ဒါကို ဘာလို့ကျုပ်ကို ခဗျားက အထင်သေးနေရတာလဲလို့...ဟီးးးးး....."

ရုတ်တရက် အော်ငိုလာတာကြောင့် တိမ်တိုက် ဘာလုပ်လို့ လုပ်ပေးရမှန်းမသိတော့အောင် ပြာယာခက်သွားရတော့သည်။ ခေါင်းကိုသာ ခပ်ပြင်းပြင်းကုတ်နေမိတော့သည်။

"မင်းမူးနေပြီ မင်းရတု...."

"ဘာမူးတာလဲ မမူးဘူး...မင်းလို့မခေါ်နဲ့ မကြိုက်ဘူး...."

"အဲ့ဆိုငါမင်းရတုလို့ ခေါ်မယ်ကွာ ငမူးနဲ့ကတော့.... "

"မမူးဘူးလို့ ပြောနေတယ်နော် ငိုးထဲမှ ဒီအကောင်ကြီးကတော့....တုတု.. တုတုလို့ခေါ်ကွ ကြားလား..."

"ဘာ...ငိုးထဲမှ...မင်းငါ့ကိုဆဲနေတာလား....အကောင်ကြီး.... ဟုတ်လား....."

သို့....(completed)Hikayelerin yaşadığı yer. Şimdi keşfedin