မခေါ်နှင့်ပဲဝင်လာခဲ့သူ

Start from the beginning
                                    

ဆရာဝန်မလုပ်ပဲ sexy model လုပ်ရမှာဟုနွေ့ရဲ့ပြောမနာဆိုမနာသူငယ်ချင်းတော်တော်များများကပြောလေ့ရှိသည်

သူမအလုပ်နှင့်ကိုက်ညီအောင်ထွေထွေထူးထူး ခန္ဓာကိုယ်ပေါ်မဲ့အင်္ကျီမျိုးကိုနွေရှောင်ဝတ်လေ့ရှိသည်

နွေလိုချင်တာလူတွေရဲ့ လေးစားမှု နဲ့ အားကိုးယုံကြည်မှု
တပ်မက်တဲ့မျက်လုံးတွေကိုမဟုတ်ပါ

အဲ့ဒါကြောင့်ပဲလားမသိ

နွေ ခုအရွယ်ထိရည်းစားမရှိခဲ့......

သူမကိုစိတ်ဝင်စားတဲ့တော်တော်များများယောကျာ်းတွေကိုနွေငြင်းလွှတ်တာများသည်

နည်းနည်းသူမအပေါ်အရောင်စွန်းတယ့်စိတ်နဲ့ဆက်ဆံတယ်လို့ခံစားရရင်တောင်သူမရှောင်ပြီးနေတက်ခဲ့သည်

ဒါကလည်း Phobia တစ်မျိုးဟုဆိုချင်ဆိုနိုင်သည်

နွေ့ရယ်ခန္ဓာကိုယ်ပုံစံကြောင့်လား

Broken family မို့ပဲ ၁၅၀၀ မေတ္တာတွေကို insecure ဖြစ်နေမိတာလား

Introvert မို့လို့လား

တစ်ယောက်တည်းနေတာကြာတဲ့အသက်လတ်ပိုင်းအမျိုးသမီးဖြစ်လာတာကြောင့်လားမသိ

နွေ့အတွက် ကလေးမွေးအိမ်ထောင်ပြုခြင်းတွေကိုအယုံအကြည်မဲ့ခဲ့.......

ထူးထူးခြားခြားရင်ခုန်ပြီး crush ရတဲ့ယောကျာ်းလည်းနွေမကြုံဖူးပါ....

သူမကိုယ်တိုင်ကလည်းယောကျာ်းမလိုအပ်တဲ့အဆင့် မဟုတ်ဘူး ယောကျာ်းတွေကိုရှောင်တဲ့အဆင့်ဖြစ်လာခဲ့သည်

နွေ့စိတ်မှာsecure ဖြစ်စေတဲ့ယောကျာ်းလေးမျိုးကိုပဲနွေစကားပြောအပေါင်းသင်းလုပ်တက်သည်

နွေ့မှာရှားရှားပါးပါးသူငယ်ချင်းယောကျာ်းလေးတစ်ယောက်တော့ရှိသည် သူ့နာမည်ကသော်တာတဲ့
နာမည်ကိုကမိန်းမနာမည်...

သူနဲ့ပေါင်းရတာကိုတော့နွေသဘောကျတယ် အကိုတစ်ယောက်လို တစ်ခါတစ်ခါ ပြောမနာဆိုမနာအမျိုးသမီးသူငယ်ချင်းတစ်ယောက်လို အဖော်ရသည် လုံခြုံတယ် secure ဖြစ်တယ်လို့ခံစားရသည်

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now