လောင်မြိုက်ခြင်း

12.3K 111 2
                                    

ဒီနေ့အတွက်အထူးခြားဆုံးသတင်းက
သူမထင်ထားသည့်အတိုင်း Social media တစ်ခုလုံးအုတ်အော်သောင်းနင်းဖြစ်လာသောကြောင့်အမျိုးတစ်မီးတစ်ဦးရဲ့မျက်နှာမှာအပြုံးရိပ်ကလေးတချို့ဖြတ်သန်းသွားခဲ့သည်

ဝီစကီတစ်ခွက်ကိုလက်ကျန်ပျော်နေတဲ့ရေခဲရည်နဲ့ထပ်ရောလိုက်ရင်း

ကိုက်ခဲနေတဲ့အတွေးတစ်ပိုင်းတစ်စနှင့်အတူ Facebook Newfeed ပေါ်မှာတက်လာသောသတင်းကြောင့် သူမ
ခပ်ခြောက်ခြောက်အက်အက်ရယ်ခဲ့မိသည်

တိတ်ဆိတ်နေတဲ့အိမ်အတွင်းသူမရယ်သံကမိစ္စာတစ်ကောင်လို...

" မရမ်းကုန်းမြို့နယ်နာမည်ကြီးပုဂ္ဂိုလ်တစ်ဦး၏အိမ်မီးလောင်မှု"

ပူလောင်ကြစမ်း
မီးခိုးငွေ့တွေကြားမှာမွန်းကြပ်ကြစမ်း
အရေပြားတွေလောင်ကျွမ်းပြီးမရှုမလှသေကြစမ်း

ရယ်နေရင်းကြားထဲမှသူမပါးပြင်ထက်မျက်ရည်တွေလိမ့်ကျလာခဲ့သည်

သူမရင်ထဲကမီးတွေကတော့အကြွင်းအကျန်မရှိလောက်အောင်တောက်လောင်နေခဲ့သည်

.......................................

Zawgyi






ပူလောင်ကြစမ်း



.......................................

Happy Ending (ပျော်စရာဇာတ်သိမ်းခန်း)Where stories live. Discover now