Blueရေချိုးခန်းထဲကနေ ထွက်လာပြီး ကုတင်ပေါ်က ကောင်လေးကို မြင်တော့ မျက်ခုံးတွန့်ချိုးမိရသည်။ အဘယ့်ကြောင့်ဆိုေသာ် ကောင်လေးသည် မျက်နာကြီးရှုံမဲ့ကနေသောကြောင့် ဖြစ်သည်။

ပြန်မေးတော့ ဝတ်စရာအဝတ်မရှိဘူးလို့ဆိုတာကြောင့် အလုပ်ကနေ ကောင်လေးကို ခေါ်မလာခင်ကတည်းက ကောင်လေးနဲ့ တော်မယ့် အင်္ကျီအပိုဘောင်းဘီအပို တစ်ထည်ကို ဝယ်ထားပြီး ကားပေါ်မှာ ထားခဲ့တာကြောင့် အီ့တီကို ပြန်ယူခိုင်းထားရသည်။

အဝတ်ဝယ်ပေးဖို့ ပြောရင်း ခေါင်းသုတ်နေတုံး ဘယ်ဘက်ရင်အုံကို ထိတွေ့လာသော လက်ချောင်းနှနှလေးတွေကြောင့် တစ်ကိုယ်လုံးအပါအဝင် ဒဏ်ရာဟောင်းကပါ ကျင်တတ်သွားရသည်။နူးညံတဲ့ အထိအတွေ့ကြောင့် ရင်တွေရမ်းခုန်မြန်လာရသလို မျက်လုံးတရိပ်ရိပ်ပြန်ပေါ်လာတဲ့ ပုံရိပ်တစ်ခုကို ဝေဝေဝါးဝါး ပြန်မြင်လာရပြန်သည်။ ဒါသည်လည်း သူ့ကို စိုးရိမ်တကြီးကြည့်နေတဲ့ ကောင်လေးတစ်ယောက်ကို သူကုတင်တစ်ခုပေါ်ကဆင်းကာ ပြေးဖတ်လိုက်တဲ့ ပုံရိပ်ပင်ဖြစ်သည်။ ထိုပုံရိပ်ထဲက ကောင်လေးရဲ့မျက်နာကို သူယခုအချိန်ထိ သေချာမမြင်ရသေးပါ။

(Blue မြင်နေရတဲ့ ပုံရိပ်ကတော့ အပိုင်းအစက အတိတ်မေ့နေတုံး ပြန်လည်သတိရလာတဲ့ နေ့က လွန်းသာရွာဆေးခန်းကိုရောက်လာတော့သူ ပြေးဖတ်လိုက်တဲ့ ပုံရိပ်ဖြစ်ပါသည်။)

ခေါင်းတွေပါ အဆက်မပြက်ကိုက်လာတာကြောင့် Blue သူ့စိတ်ကို အမြန်ဆုံးထိန်းချုပ်ရင်း အံကိုတင်းတင်းကျိတ်ကာ ထိတွေ့နေတဲ့ လူချောင်းပိုင်ရှင်ရဲ့ လက်အား အမြန်ပင်ဆုတ်ကိုင်လိုက်သည်။ ခေါင်းကိုက်တာတွေကြောင့်ကော အမြဲတမ်း ပေါ်လာတဲ့ စိတ်ရှုပ်စရာပုံရိပ်တွေကြောင့်ပါ Blueမျက်ဝန်းက ဒေါသတွေပြည့်နှံနေသည်။

"ဘာလုပ်တာလဲကွ...."

"ကိုကို....."

ကိုကိုဆိုတဲ့ ခေါ်သံနဲ့အတူ မျက်ရည်စတို့ ရစ်ဝဲနေတဲ့ ကောင်လေးမျက်နာကို မြင်လိုက်တာတော့ Blueရဲ့ ဘယ်ဘက်က ခြစ်ရာပုံစံဒဏ်ရာဟောင်းကြီးက ထိုးအောင့်လာကာ ခေါင်းကိုသံဖြင့်ရိုက်နှပ်နေသလို ပြင်းထန်စွာကိုက်ခဲလာရတော့သည်။ ထိုးကိုက်လာတဲ့ ခေါင်းဟာ Blueကိုဟန်မဆောင်နိုင်လောက်အောက် မျက်နာအမူအရာတွင် ပေါ်လွင်လာသည်။ ခေါင်းကိုလက်နဲ့ဖိကိုင်ရင်း Blueအော်ဟစ်ကာ ညင်းညူနေမိတော့သည်။

သို့....(completed)Tahanan ng mga kuwento. Tumuklas ngayon