လွန်းသာ....အော်ဟို နာဘူးလေးပဲ။ Blueခုမှ သတိရမိသည် ကောင်လေးအတွက်ပဲ မဟုတ်ပေမယ့် ယုကေက်ိုပြောသလို ဘာလို့ဂရုစိုက်မိ၊ အာရုံစိုက်မိနေလဲ မိမိကိုယ်တိုင်မသိတော့ပါ။

"လစာပေးထားတာပဲလေ သူအလုပ်သူလုပ်စေချင်ရုံပါ ကိုယ်က လက်ယားလက်ယားနေတာမကြိုက်ဘူးလေ ယုရဲ့ ဒါပဲနော် မနက်ဖန်ညလောက် ညစာအတူစားမလား.... ကိုယ့်ဘက်ကအရင် Dateချင်ရုံပါ...."

"Date....ခ်ခ်ခ်...ဟင်းးးး ရပါတယ်ရှင့်....ယုတို့ လုပ်ဖော်ကိုင်ဖက်လို တွေ့လို့ရပါတယ်...."

"Okလေ Bye မနက်ဖန်ည တွေ့ကျတာပေါ့..."

"ဟုတ်ကဲ့ Bye..."

Blue ဖုန်းချလိုက်ရင်း သက်ပြင်းအနည်းငယ်ချလိုက်သည်။ မဲ့ပြုံးတစ်ခု Blueမျက်နာအထက် ပေါ်ထွက်လာသည်။ Blueကားပေါ်တတ်လိုက်ကာ တွေ့လိုတဲ့ လူဆီရောက်လိုဇောများနေတော့သည်။

မြို့ပြင်က အိမ်တစ်အိမ်ကိုအရောက် ကားကရပ်တန့်သွားသည်။ ကားပေါ်ကနေ ခန့်ညားချောမောတဲ့လူက ဆင်းသက်လာသည်။ အနက်ရောင်ဝတ်စုံ ဦးထုတ်အမဲနဲ့ ထိုလူဟာ သူ့ရဲ့ခန့်ညားမူ့တို့ကို လူတွေမမြင်အောင် ဖုံးဖိထားသည်။ တပည့်နှစ်ယောက်နဲ့အတူ တစ်ထပ်အိမ်လေးထဲ ဝင်လာခဲ့ကျသည်။

အိမ်လေးရဲ့ ထောင့်တစ်နေရာက လူအများမရိပ်အောင် ဝှက်ထားတဲ့ မြေအောက်အခန်းလေးထဲ အတူဝင်လာကျသည်။ အိမ်ရှေ့မှ အရပ်ရှည်ရှည်နဲ့ ထောင်ထောင်မေညင်းမောင်း အစောင့်နှစ်ယောက်ငလည်း အပြင်လူဝင်မလာဖို့ သတိထားစောင့်ကြည့်နေကျသည်။

Blueမြေအောက်ခန်းထဲ ဝင်လာတော့ အခန်းရဲ့ အလယ်မှာ ဒူးထောက်ရင်း ခေါင်းငိုက်စိုက်ကျနေသော လူအား ထိုလူရှေ့က ခုံမှာ ခြေချိတ်ထိုင်ရင်း စိုက်ကြည့်လိုက်သည်။

ထိုလူကတော့ Blueရဲ့ စွန့်ပစ်လိုက်သော ဝေလင်းစိုးဘဝမှ အယုံရဆုံးလူယုံ ကောင်းမင်း ဖြစ်သည်။ မိမိအား နောက်ကျောကို ရက်ရက်စက်စက်ထိုးခဲ့တဲ့ လူတွေထဲက တစ်ယောက်ဖြစ်သည်။ တိတ်ဆိတ်နေသာအခန်းအတွင်း Blueရဲ့ အသံတစ်ခုက ပဲ့တင်ထပ်သွားသည်။ ထိုအသံမှာ

"ရေနဲ့ပက်လိုက်...."

"ဗှမျးးးးး...."

"အဟွတ်...ဟွတ်....ဟွတ်.... "

သို့....(completed)Where stories live. Discover now