အခန်း - ၁၀၀ ( ရှီးနန်ဝမ်အတုလား၊ အစစ်လား)

Magsimula sa umpisa
                                    

"ဟားဟား"

ချူယွမ်မှာ ရယ်ချင်စိတ်ကို အောင့်မထားနိုင်တော့ဘဲ တဟားဟား ရယ်မောမိသွားသည်။

"ဟင်၊ ဘာဖြစ်သွားတာလဲ"

ယဲ့ကျင် နားမလည်လိုက်ပေ။

"ဘာမှမဖြစ်ပါဘူး။ တစ်ခုခုကို သတိရမိသွားလို့ပါ"

ယဲ့ကျင်မျက်ဝန်းထဲ သံသယအရိပ်များ ချက်ချင်းယှက်ပြေးသွား၏။ ထို့နောက် ရုတ်ချည်းဆိုသလို ချူယွမ်၏အင်္ကျီကို ဟကြည့်လိုက်သည်။

ဟုတ်ပြီ ၊ မရှိသင့်တဲ့ အမှတ်အသားရာတွေ ရှိမနေဘူး။

သွမ့်ပိုင်ယွဲ့ - "..... "

နတ်ဆေးဆရာ သမားတော်ယဲ့မှာ တည်ကြည်လေးနက်စွာ မေးလာ၏။

"သွမ့်ပိုင်ယွဲ့က ဘယ်တော့ပြန်မှာတဲ့လဲ"

ချူယွမ်က ခေါင်းခါပြလိုက်သည်။

"မသိဘူး"

"မြန်မြန်သာ နှင်လွှတ်ပစ်လိုက်"

"အင်း၊ ရတယ်"

သွမ့်ပိုင်ယွဲ့မှာ ကိုယ့်နဖူးကို ကိုယ် အုပ်ထားနေရပေပြီ။

အစ်ကိုဖြစ်သူ ပေါက်စီစားကုန်သည့်အထိ ယဲ့ကျင် ထိုင်စောင့်နေသည်၊ ခုထက်ထိ စိတ်များ လေးလံနေသည့်ဟန်။

"ဘာဖြစ်တာလဲ"

ချူယွမ်က မေးလာခြင်းဖြစ်သည်။

"ခင်ဗျားကိုနှိပ်စက်မယ့်လူ ရှိမှာစိုးလို့"

ယဲ့ကျင်က တည့်တိုးသာ ဖြေချလာ၏။ ချူယွမ်က ခေတ္တမျှတုံ့ဆိုင်းသွားကာ ခေါင်းခါလိုက်ပြီး ဖြေလာ၏။

"ဒီတစ်မိုးအောက်မှာ ကိုယ်တော့်ကို နှိပ်စက်လို့ရတဲ့လူဆိုလို့ တစ်ယောက်တည်းပဲရှိတယ်"

ယဲ့ကျင်မှာ ထိုစကားကိုကြားသည်နှင့် ချက်ချင်းပင် ဒေါသထွက်သွားကာ အင်္ကျီလက်ကို မတင်လိုက်ပြီး မေးလာ၏။

"တွေ့လား၊ ကျွန်တော် ထင်နေသားပဲ။ ​ပြောစမ်း ၊ အဲ့ကောင် ခင်ဗျားကို ဘာလုပ်လိုက်လဲ။ အဲ့ထိပ်ပြောင်ကောင်တွေက ဘာတစ်စက်မှမကောင်းပါဘူးလို့ ကျွန်တော် ခင်ဗျားကို သတိမပေးထားဘူးလားပြော"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Tahanan ng mga kuwento. Tumuklas ngayon