"ဟုတ်တယ် နင်နဲ့ရတဲ့ကလေးကို သတ်ပြစ်ချင််တယ် သိလား ဒါပေမယ့် ငါမလုပ်ရဲဘူး...ဘာလို့လဲသိလား....ငါကနင်တို့လို လူသတ်ဖူးတဲ့ သူမဟုတ်ဘူးဟဲ့....ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ လုပ်ရဲတယ်လေ...."

နှင်းဒေဝီရဲ့ စကားကြောင့် ကျော်ဖြိုးဝင ်းခေါင်းငိုက်စိုက်ကျသွားသည်။ ကျော်ဖြိုးဝင်းအသံပါ ထွက်ကာငိုနေမိသည်။ ငါ့အချစ်က ဘာများမှားနေလို့လဲလို့....ငါလိုငါချစ်ပေးရင် ပြန်မချစ်ပေးနိုင်ကျတာလဲ....မင်းတို့က ငါ့ကိုမကောင်းဆိုးဝါးအဖြစ် တွန်းပို့နေကျတာပဲ...ဟုကျော်ဖြိုးဝင်း စိတ်ထဲရေရွတ်နေမိသည်။

"ငါကလူသတ်တယ်....အဲ့တော့ ဘာဖြစ်လဲ မင်းသိလားနှင်း....ကိုယ်အသက်ရှင်ဖို့ နောက်တစ်ယောက်ရဲ့ အသက်ကိုစတေးရတာ တုံးစံပဲကွ.....ငါဘာမှ မမှားဘူးကွ....ငါမမှားဘူး...."

ကျော်ဖြိုးဝင်း နှင်းဒေဝီကို ထားခဲ့ကာ အခန်းထဲကနေ ထွက်လာခဲ့သည်။ ပြီးနောက်သူ့ရဲ့ တပည့်တွေအား ပြတင်းပေါက်တွေကို သံကြိုးခတ်ပြီးပိတ်ရန်နဲ့ ချွန်ထက်တဲ့အရာတွေ ကွဲစေတဲ့ အရာတွေ ဘယ်အရာကိုမှ နှင်းဒေဝီအခန်းထဲမှာ မထားဖို့ မှာထားလိုက်သည်။

လက်ထဲကဖုန်း မြည်နေတာကြောင့် ဖုန်းကိုကိုင်လိုက်ရသည်။

"အေးပြော...."

"ဟုတ်ကဲ့ဆရာ ဆရာခိုင်းထားတဲ့ Blueအကြောင်းကို သိရပါပြီဆရာ..... "

"အေးငါ့ကို မက်ဆေ့နဲ့ပို့လိုက်...."

"ဟုတ်ကဲ့ဆရာ....."

ကျော်ဖြိုးဝင်းမျက်နာပြုံးသွားသည်။ Skyဆိုတဲ့ လူရဲ့မျက်နာကိုတောင် တွေ့ရခက်နေတဲ့ အချိန်မှာ သားတော်တဲ့Blueက ကိုယ်ထင်ပြတယ်တဲ့လား ထိုကောင်ရဲ့အကြောင်းကို အသေးစိတ်စုံစမ်းခိုင်းထားရသည်။

တပည့်ဖြစ်သူပို့လိုက်တဲ့ ကိုယ်ရေးအချက်အလက်ဖိုင်ကို စာကြည့်ခန်းထဲဝင်ကာ ကွန်ပျူတာနဲ့ ချိတ်ဆက်ကာကြည့်နေလိုက်ရသည်။

"အော်ဘယ်သူများလဲလို့ လက်စသတ်တော့ သူကို....."

ကျော်ဖြိုးဝင်း Blueရဲ့ပုံအား အစိပ္ါယ်တစ်ခုဖြင့် ပြုံးကြည့်လိုက်သည်။ မတွေ့တာကြာပြီနော်Blue ။ လွန်းဇွဲသေပြီကတည်းကနဲ့ တူတယ်။ မင်းအတော်ခံစားလိုက်ရမှာပဲ။ အခုတော့ အကောင်းတိုင်းကြီးပြန်ပေါ်လာတာ ဘာကြောင့်လဲ။ ငါ့တို့ရဲ့ လျိုဝုက်ချက်တွေကို ဖော်ထုတ်ပြဖို့လား။ ဒါပေမယ့် အခုထိအချိန်တွေနှစ်တွေ အကြာကြီးငြိမ်နေတယ်ဆိုကတည်းက မင်းငါ့ကို အန္တရာယ်ပေးဖို့ ပြန်လာတာမဟုတ်လောက်တော့ဘူးလို့ ငါထင်တယ်။ဝေလင်းစိုးလည်း မရှိတော့ဘူးဆိုတော့ လွန်းဇွဲအကြောင်းကို ဘယ်သူကမှ အစပြန်ဖော်တော့မှာ မဟုတ်ဘူးလေ။ ဖော်တဲ့လူမုန်သမျှကို ငါကိုယ်တိုင်ရှင်းပြစ်မှာ မို့လို့ပဲ။ ကျော်ဖြိုးဝင်း စိတ်ထဲကနေ တစ်လောကလုံးကို ချုပ်ကိုင်ထားရသဖွယ် ကျူံးဝါးလိုက်သည်။

သို့....(completed)Where stories live. Discover now