အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်

Start from the beginning
                                    

*****

"အရှင်မင်းမြတ်အား မလိမ်ညာဝံ့ကြောင်းပါ ။အစ်ကိုသွမ့်က ဒီရက်ပိုင်း ဦးနှောက်ပျက်ယွင်းနေလို့ပါဘုရား "

စစ်ကုန်းလွီ့က ဘယ်သူကမှထင်မှတ်မထားသောစကားကို ဆိုလာ၏။ မျက်နှာကတော့ တည်ကြည်ဖြောင့်မတ်နေဆဲပင်။

"ရူးသွားတာလို့ ဆိုလိုတာပါဘုရား"

သွမ့်ပိုင်ယွဲ့မျက်နှာမှာ ချက်ချင်းပင် သွေးရောင်ကင်းမဲ့သွားကာ စစ်ကုန်းလွီ့အား တစ်ချက်ထိုးပစ်လိုက်သည်။

စစ်ကုန်းလွီ့ခမျာ ရင်ဘတ်ကိုအုပ်ကာ ချောင်းတဟွတ်ဟွတ်သီးသွားရှာ သည်။

ဟေ့ကောင်....မင်း ငါ့ကို သွေးသောက်ညီနောင်တွေလို့ရော မြင်နေသေးလားကွ။

သွမ့်ယောင်ကတော့ ချက်ချင်းပင် တံခါးပိတ်လိုက်၏။ မိမိ၏ အနာဂတ်ရှေ့ခရီးမှာ အတော်ပင် မျှော်လင့်ချက် ကင်းမဲ့နေကြောင်း သိသွားသောကြောင့်ပင်။

တစ်အူတုံဆင်း အစ်ကိုအရင်းပဲဖြစ်ဖြစ် ၊ အစ်ကိုကြီးစစ်ကုန်းလွီ့ကပဲဖြစ်ဖြစ် ၊ နှစ်ယောက်စလုံးက ဦးနှောက်ချောင်နေကြပြီထင်သည်။

ချူယွမ်ကတော့ ချာခနဲလှည့်ထွက်ကာ အပြင်ဘက်သို့ထွက်သွားပြီဖြစ်၏။

ပင်လယ်ဘက်မှ တိုက်ခတ်လေသော လေ​လှိုင်းမှာ အတော်လေးကြမ်းတမ်းကာ အေးစိမ့်နေသည်။

သွမ့်ပိုင်ယွဲ့မှာ အတန်ကြာအောင်ပင် အိမ်ခြံဝန်းထဲတွင် ရပ်နေသည်။

သွမ့်ယောင်နှင့် စစ်ကုန်းလွီ့လည်း ခြေဆင်းထိုင်နေကာ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။

*****

"တပည့်မိုက်ကြီး!!!!!"

နန်မော်ယဲ့က သူ့နောက်မှ အော်ပြောလာသည်။

"အရှင်မင်းမြတ်က ထွက်သွားတော့မှာ၊ မင်း သူ့ကို လိုက်မဆွဲထားတော့ဘူးလား "

"သူ ကျွန်တော့်ကို မေ့ပါစေလို့ အစကတည်းက မျှော်နေခဲ့တာလေ။ အခု အဲ့ဒီဆန္ဒ တကယ်ပြည့်ဝသွားပြီဆိုတော့ ဘာအကြောင်းကြောင့်များ ကျွန်တော်က သူ့ကို ထပ်ပြီး လိုက်ဆွဲထားရဦးမှာလဲ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now