"ဟီ့.....ခ်ခ်ခ် အဲ့ဒါကြောင့် ကိုစိုးကသားအကိုကြီး ဖြစ်နေတာကို သားကပျော်တာ....."

"ချွဲစိန်လေး...."

"ချချချ ယေးးးးးးးး......."

ကောင်းလေးနဲ့ ကလေးလေးရဲ့ ပျော်ရွှင်စွာ ဆော့ကစားနေပုံတွေက ဝေလင်းစိုးမျက်လုံးထဲ တရိပ်ရိပ်နဲ့ ပုံပေါ်လာတော့သည်။ ဟုတ်ပါသည် ကောင်လေးဟာ ဝေလင်းစိုး ဖြစ်သလို ကလေးလေးဟာ သူ့ရဲ့ညီငယ်လေး လွန်းဇွဲဖြစ်သည်။

ပုံရိပ်တွေက ကြည့်နေရင်း သူတို့မိသားစုကို ကံဆိုးမိုးမှောင်ကျစေသော နှစ်ထပ်တိုက်ရဲ့ အပေါ်ထပ်က မုန်ပြတင်းပေါက်တို့ ပိတ်ထားသော အခန်းလေးထဲက အဖြစ်အပျက်တို့က တရိပ်ရိပ်ပြန်မြင်လာစေသည်။

အလှအပကြိုက်တဲ့ ညီငယ်လေးရဲ့ အခန်းမှာ အမြဲတမ်းလိုလို ပန်းနံလေးတွေ မွေးနေတတ်ပြီး ပန်းပွင့်လေးတွေနဲ့ ဝေဆာနေတဲ့ ပန်းအိုးလေးတွေဟာ စားပွဲပေါ်နဲ့ အခန်းထောင့်နေရာတိုင်းမှာ တည်ရှိနေသည်။ အပြာနှနှအိပ်ရာခင်းလေးနဲ့ နံရံသုတ်ဆေးကအစ အပြာရောင်ဖျော့ဖျော့လေးကို ကြိုက်နှစ်သက်သော ညီငယ်လေးရဲ့ အခန်းဟာ အမြင်အေးစေသည်။

သို့သော ထိုအေးမြလန်းဆန်းမူ့တွေဟာ လေထဲက အရာကြောင့် ရုပ်ဆိုးစေပြီး အိမ်မက်ဆိုးတွေ တည်ရှိစေတဲ့ နေရာဖြစ်ခဲ့ရသည်။ အပေါ်နံရံနဲ့ ကြမ်းပြင်ကြား ​မြှောင့်ကြွနေသော ကိုယ်လေး။လှပပြီးတောက်ပတဲ့ မျက်လုံးလေးက အစ်ထွက်ကာပြူးနေသည် ဖြူပြီး ပန်းရောင်သန်းတတ်သော မျက်နာလေးက ညိုပြီးအပြာရောင်သန်းနေသည်။

လေထဲမှာ ကြိုးကွင်းနဲ့ ချစ်စရာကောင်းသော ညီငယ်လေးမှာ ချစ်ဖို့ကောင်းမူ့နဲ့ မလိုက်ဖက်အောင် ဆိုးရွားလွန်းနေသည်။ ထိုအရာကို ကြမ်းပြင်မှာ ခွေခွေလေးလဲကျနေတဲ့ အကိုဖြစ်သူက ရင်ကွဲမတတ် ငိုကာကြည့်နေမိသည်။ နောင်တတွေနဲ့အတူတူ အကိုဖြစ်ပြီး မတားဆီးနိုင်ခဲ့တဲ့အပေါ် သူ့ကိုယ်သူ အပြစ်နေတော့သည်။

နာကျင်စရာအတိတ်ကို ကြည့်ရင်း ဝေလင်းစိုး ကျလာတဲ့ မျက်ရည်စတို့ကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ အိမ်လေးကို ကျောခိုင်းကာ အနက်ရောင်ကားလေးထဲညပြန့ဝင်ထိုင်လိုက်ပြီး ကားတံခါးကိုပိတ်လိုက်သည်။

သို့....(completed)Where stories live. Discover now