အခန်း - ၉၈ (တောင်ပေါ် ဂူ)

Start from the beginning
                                    

"အင်း၊ ဒါ စားလို့ကောင်းသားပဲ"

ချူယွမ်က ပြုံးရွှင်စွာဆိုလာ၏။

"ဗိုက်ဆာနေမှတော့ ဘာစားစား အရသာရှိနေမှာပဲ၊ ရော့"

သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက် ကြက်ခြေထောက်တစ်ချောင်း ထပ်ပေးလာရင်း ဆက်ဆို၏။

"အရက်ယူမလာလိုက်တာ နှမြောစရာပဲ။ ဩ၊ ဒါနဲ့လေ ရှီးနန်စံအိမ်တော်မှာ အခု အရက်အရသာအသစ်တစ်မျိုး စမ်းချက်နေတယ်။ ချီဖုန်းအရက်တဲ့၊ ဖေးရှေထက် ပိုပြီးချိုတယ်။ မင်း ပိုကြိုက်လောက်မယ် ထင်တာပဲ"

"မင်းကိုယ်တိုင် ချက်ထားတာပဲလား"

"အာ.....မင်းဆီ ပို့ပေးပါမယ်ဆိုမှတော့ ကိုယ်ကိုယ်တိုင်ပဲ ချက်ရမှာပေါ့၊ ဘယ်လိုလုပ်ပြီး တခြားလူကို ချက်ခိုင်းရမှာလဲ။ ဒါပေမယ့် ရပါတယ်၊ ချက်ပါများရင် အရသာပိုပြီးကောင်းလာမှာ ။ ဒီစစ်ပွဲပြီးသွားရင် ကိုယ်ကိုယ်တိုင် မင်းဆီအရောက် ရွှေမြို့တော်ဆီ လာပို့ပေးလှည့်မယ်"

"အင်း၊ ကောင်းတယ်"

ချူယွမ် ခေါင်းညိတ်ပြလိုက်၏။

*****

နေရောင်ခြည်မှာ အနေတော်လေး နွေးထွေးနေဆဲဖြစ်၏။ ချူယွမ်က သွမ့်ပိုင်ယွဲ့ပေါင်ပေါ် ခေါင်းအုံးလိုက်ကာ ဝေဟင်ထက်ရှိ လွှင့်မျောနေသော တိမ်လွှာများကို ငေးကြည့်နေသည်။

"ဘာတွေ တွေးနေတာတုန်း"

သွမ့်ပိုင်ယွဲ့က မေးလာခြင်းဖြစ်သည်။

"ဟင့်အင်း၊ ဘာမှ မတွေးဘူး"

သွမ့်ပိုင်ယွဲ့က ချူယွမ်ဆံနွယ်ထက် တင်နေလျက်ရှိသော သစ်ရွက်လေးကို ဖယ်ပေးလိုက်သည်။ ချူယွမ်က သွမ့်ပိုင်ယွဲ့အား ငေးကြည့်လာရင်း ဆိုသည်။

"တုန်းဟိုင်အရေးအခင်းကို နှိမ်နင်းပြီးသွားရင် ကျင်နျဲန်တို့သားအမိကို နန်းတွင်းထဲ ခေါ်လာလိုက်ရအောင်"

"အင်း၊ ကောင်းသားပဲ"

သွမ့်ပိုင်ယွဲ့လည်း ခေါင်းညိတ်လက်ခံလိုက်၏။ အတော်လေးကြာတော့မှ -

"ဟိုအမတ်မင်းကို သတိလစ်သွားလောက်တဲ့အထိ သွေးဆူအောင် လုပ်နိုင်မလားမသိ "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now