"မင်း ဘယ်တော့မှ မုယန်ကိုပြန်ဖို့စိတ်ကူးရှိလဲ"
"သေချာပေါက် မင်းနဲ့တူတူ ပြန်မှာလေ"
သွမ့်ပိုင်ယွဲ့က ချူယွမ်အတွက် လက်ဖက်ရည်တစ်ခွက်ငှဲ့ပြီး ကမ်းပေးလာ၏။
"မင်းကိုဆန့်ကျင်ဖို့ဆိုပြီး ချူဟိန်က ကိုယ်နဲ့ ပူးပေါင်းလိုက်ပြီဆိုတော့ ခုလောလောဆယ် ဘာမှ ထမဖြစ်လောက်ပါဘူး။ သွမ့်နေ့ရော ဒုတပ်မှူးရော အဲ့မှာရှိနေတာပဲ"
"လီ့ချွေကတော့ မြို့ထဲက တည်းခိုဆောင်မှာရှိတယ်၊ မင်း သူနဲ့ ဘယ်တော့သွားတွေ့ဖို့လုပ်ထားလဲ"
သွမ့်ပိုင်ယွဲ့က ချူယွမ်၏ မျက်နှာအရိပ်အကဲကို ကြည့်ပြီးနောက် တန်ပြန်မေးခွန်းထုတ်လိုက်၏။
"ဘယ်တော့လောက်ဆို ကောင်းမလဲ၊ မင်းပဲပြောကြည့်လိုက်"
"ကိုယ်တော်နဲ့ ဘာဆိုင်နေလို့လဲ"
ချူယွမ်က တည်ကြည်စွာသာဆို၏။ သွမ့်ပိုင်ယွဲ့ရင်ထဲမှာတော့ "အား၊ ပြဿနာပဲ"ဟု ညည်းညူလိုက်ကာ ချက်ချင်းပင် ချူယွမ်လက်ကို ကိုင်ဆွဲပြီးနမ်းလိုက်၏။
"စိတ်ဆိုးနေတုန်းပဲလားဟင်"
"ဆိုးတယ်"
ချူယွမ်က နှုတ်ခမ်းဆူရင်းဖြေလိုက်သည်။
"ကိုယ့်ကို စိတ်ဆိုးမယ်ဆိုရင် ဆိုးလို့ရပါတယ်။ ဒါပေမယ့် ကျန်းမာရေးထိခိုက်သွားတဲ့အထိတော့ စိတ်မဆိုးရဘူး၊ ကြားလား"
သွမ့်ပိုင်ယွဲ့က ချူယွမ့်အနား ပို၍တိုးကပ်လာကာ -
"ပြီးတော့ ကိုယ့်အမှားကို ကိုယ် ဝန်ခံပြီးပြီလေ၊ ဒီနေ့ညတော့ ကိုယ့်ကို ကြမ်းပြင်ပေါ် မအိပ်ခိုင်းပါနဲ့နော်"
ချူယွမ်ကတော့ အရင်အတိုင်းပင် မပူမပင် အေးဆေးစွာသာ ပြောလိုက်၏။
"လီ့ချွေနဲ့ ခရမ်းစွဲကျောက်စိမ်းနဂါးကိစ္စကို ပြီးအောင်မရှင်းရသေးလို့ကတော့ ထွက်ပြေးလို့လည်း လွတ်မယ်မထင်နဲ့"
*****
ညရောက်တော့ ရှန်ချန်းဖုန်းက ယဲ့ကျင်ကို အတင်းပင်ပွေ့ချီလိုက်ကာ သူတို့အခန်းထဲ ပြန်ခေါ်လာ၏။
YOU ARE READING
ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]
RomanceDi Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan
အခန်း - ၉၇ (ဆွေကျိုးက အရေးအခင်း)
Start from the beginning