Chapter (8-1)+(8-2)(Z+U)

5.2K 940 12
                                    

Chapter (8-1) - မင္းကို အေသမခံႏိုင္ဘူး

႐ႊယ္က်င္းရီက ဝရံတာမွာ တစ္ေနကုန္ရပ္ၿပီး ႐ႊယ္ဇီ႐ႊမ္ျပန္လာမည့္လမ္းကို ေစာင့္ေမွ်ာ္ေနသည္။ ဒါေပမယ့္ ညေနေစာင္းထိ ႐ႊယ္ဇီ႐ႊမ္၏အရိပ္ကိုပင္ မျမင္ရေပ။

"အစ္ကိုႀကီး ဘယ္အခ်ိန္ျပန္လာမယ္လို႔ ေျပာသြားလဲ ဖူဘို.."

"သူ မေျပာသြားပါဘူး မမေလး.. မမေလးအခန္းကို ျပန္နားပါေတာ့လား.. ဒီမွာ တစ္ေနကုန္မေစာင့္ပါနဲ႔ မမေလး ပင္ပန္းပါတယ္... ကြၽန္ေတာ္ သခင္ေလးကို ဖုန္းဆက္ေပးရမလား.."

"ဟင့္အင္း ေနပါေစ.. ကြၽန္မဘာသာ ဆက္လိုက္ပါ့မယ္.."

႐ႊယ္က်င္းရီက ေျပာၿပီး ဖုန္းထုတ္ကာေခၚလိုက္သည္။ ဖုန္းဝင္သြားေပမယ့္ တစ္ဖက္က အဝင္ဖုန္းေကာကို ျဖတ္ခ်လိုက္လို႔ သူမထပ္ေခၚသည္။ ၂ႀကိမ္ေျမာက္လုပ္ၿပီးေနာက္ ထိုဖုန္းကို လုံးဝေခၚမရေတာ့ေပ။ ႐ႊယ္က်င္းရီက မယုံႏိုင္ေအာင္ျဖစ္ကာ ထိုဖုန္းကို ဆက္ခါဆက္ခါေခၚၿပီး ေနာက္ဆုံး မရေတာ့ စိတ္ထိခိုက္ကာ လဲၿပိဳက်လာသည္။

ဖူဘိုက ေရွ႕တစ္လွမ္းတိုးကာ ႐ႊယ္က်င္းရီကိုေဖးမလိုက္ရစဥ္ ရင္ထဲမွာ ရႈပ္ေထြးေနသည္။ သခင္ေလးက သခင္မေလးကို ဘာေၾကာင့္ခုလိုဆက္ဆံရတာလဲ။ ဒါက ထူးဆန္းေနသည္။ သခင္ေလးကိုယ္ထဲ မေကာင္းဆိုးဝါး ဝင္ပူးေနတာလား။ သခင္ႀကီးနဲ႔သခင္မႀကီးကို ေျပာျပၿပီး ပေယာဂဆရာျဖင့္ ႏွင္ရင္ေကာင္းမလားဟု ေတြးေနသည္။

ဖူဘိုအေတြးမ်ားေနစဥ္ ကားအင္ဂ်င္သံက်ယ္က်ယ္ကို ၾကားလိုက္ရၿပီး အနီေရာင္ၿပိဳင္ကားေလးတစ္စီးက ႐ႊယ္အိမ္ေတာ္ၿခံဝင္းထဲ အရွိန္ျပင္းျပင္းႏွင့္ ဝင္လာခဲ့သည္။ ဒါေပမယ့္ကားက ဂိတ္ေပါက္ဝမွာ တည္ၿငိမ္စြာနဲ႔ လွပစြာ ရပ္တန႔္သြားခဲ့သည္။

႐ႊယ္အိမ္ေတာ္က အမႈထမ္းေတြက ဒီကားကို လုံးဝမသိၾကေပ။ ဒီ႐ႊယ္အိမ္ေတာ္ကလူေတြက ခုလိုေတာက္ပဝံ့ႂကြားေသာ အနီေရာင္ၿပိဳင္ကားကို မစီးၾကေပ။ ဒီကားကို အေရွ႕ပိုင္းနယ္မွာ မေတြ႕ဖူးၾကေပ။ ၾကည့္ရတာ လူခ်မ္းသာမိဘေတြရဲ႕ လူေပၚေၾကာ့သားတစ္ဦးက ပိုင္ဆိုင္ပုံရသည္။

႐ႊယ္အိမ္ကတံခါးေစာင့္က ဘယ္သူလဲလွမ္းၾကည့္စဥ္ ကားေမာင္းသူေနရာမွာ ႐ႊယ္သခင္ေလးကို ေတြ႕လိုက္ရသည္။ တံခါးေစာင့္က မ်က္လုံးျပဴးကာ တံခါးကို ခ်က္ခ်င္းေျပးဖြင့္လိုက္သည္။

"အစ္ကိုႀကီး.. ကားက အစ္ကိုႀကီးရဲ႕စတိုင္လ္မဟုတ္ဘူး.. သူတို႔က သရဲကိုေတြ႕သလို ဝိုင္းၾကည့္ေနၾကတယ္ဗ်.."

ယြမ္ 8 သန္းတန္ကားကို ဝယ္လိုက္ကတည္းက ႐ႊယ္ဇီ႐ႊမ္အေပၚထားသည့္ က်ိဳးယြင္ရွန႔္ရဲ႕သေဘာထားက ေျပာင္းလဲလာခဲ့သည္။ ဒါေၾကာင့္ သူက ႐ႊယ္ဇီ႐ႊမ္ကို ခုလိုစေနာက္လိုက္တာျဖစ္သည္။

ေရွာင္ရီ၏ ခုလိုစေနာက္သည့္စကားေၾကာင့္ ႐ႊယ္ဇီ႐ႊမ္က အရမ္းသေဘာက်ကာ ေခါင္းေလးကိုလွမ္းပြတ္ၿပီး ဟက္ဟက္ပက္ပက္ ရယ္ေမာလိုက္သည္။

ဝရံတာမွာထြက္ရပ္ေနေသာ ႐ႊယ္က်င္းရီက ထိုကားကိုျမင္ေတာ့ ဖူဘိုကိုတြန္းကာ ေျပာလိုက္သည္။

"ဘယ္သူေတြလဲ သြားၾကည့္ပါဦး.."

ဖူဘိုက ဂိတ္ဝဘက္ကို ေသခ်ာလွမ္းၾကည့္ေတာ့ သခင္ေလးျဖစ္ေနတာ ေတြ႕ရလို႔ အမူအယာေျပာင္းသြားသည္။ သခင္ေလးက အျပင္သြားလိုက္စဥ္ ကားေျပာင္းလိုက္ၿပီး ခပ္ၾကမ္းၾကမ္းကို ေမာင္းလာခဲ့သည္။

"သခင္မေလး.. အဲ့တာက သခင္ေလးပါ.."

႐ႊယ္က်င္းရီက ဒီစကားကိုၾကားေတာ့ ဝရံတာမွ ေအာက္ကို သြက္လက္စြာေျပးဆင္းသြားပုံက ေမြးရာပါႏွလုံးေရာဂါသည္ဟု ထင္ရက္စရာပင္မရွိေပ။

႐ႊယ္က်င္းရီက သူမအိပ္ခန္းထဲဝင္ကာ အေပၚဝတ္ထူထူ၊ ေရစိုခံဖိနပ္၊ ဦးထုပ္ကိုေဆာင္းကာ ေအာက္ထပ္ကိုဆင္းလာခဲ့သည္။

ကားနီနီရဲရဲေလးက ေရခဲေနေသာေရပန္းနား ရပ္ထားကာ ကားထဲက၂ေယာက္က ထြက္လာမည့္ပုံမေပၚေပ။ တစ္ေယာက္က ကားထဲကခလုတ္ေတြကို ဟိုဟိုသည္သည္ကိုင္ၾကည့္ေနၿပီး က်န္တစ္ဦးက စိတ္ရွည္စြာ ျပသေပးကာ ေက်နပ္စြာၾကည့္ေနသည္။

"မင္း ေပ်ာ္ရဲ႕လား ေရွာင္ရီေလး.. ဒါေပမယ့္ ဒီကားကိုေတာ့ ေမာင္းလို႔မရေသးဘူးေနာ္.. ဒီလို စြမ္းရည္ျမင့္ၿပိဳင္ကားေတြရဲ႕ လုပ္ေဆာင္ခ်က္က အရမ္းျမန္တယ္.. ဘရိတ္က အရမ္းဆတ္ၿပီး တစ္ခ်က္တို႔တာနဲ႔ ခ်က္ခ်င္းသိသာတယ္.. လီဗာဖိနင္းလိုက္တာနဲ႔ အရွိန္အရမ္းျမန္ၿပီး ေရွ႕ကိုေျပးလို႔ ကားေမာင္းသူအတြက္ အႏၲရာယ္ႀကီးတယ္.. ဒါ့အျပင္ အခုက ကားလမ္းမေပၚမွာ ေရခဲေနလို႔ လမ္းေခ်ာ္မႈျဖစ္ႏိုင္တယ္.. မင္းေမာင္းခ်င္ရင္ ဂိုေဒါင္ထဲက Audi ကားနဲ႔ မင္းကို ကားေမာင္အရင္သင္ေပးမယ္.."

က်ိဳးယြင္ရွန႔္က ေခါင္းငုံ႔ကာ ကားထဲက IT ျဖင့္ထိန္းခ်ဳပ္ထားတာကို စိတ္ဝင္တစားေလ့လာရင္း ႐ႊယ္ဇီ႐ႊမ္ေျပာသမွ် 'အင္း.. အင္း..' ဟုသာ ထူးေနသည္။ ဒီပုံစံေလးက အူယားစရာေကာင္းလြန္းလို႔ ႐ႊယ္ဇီ႐ႊမ္က ပါးေလးကိုဖ်စ္ညစ္ကာ ေမးလိုက္သည္။

"အစ္ကိုႀကီးေျပာတာကို နားေထာင္ေနရဲ႕လား.. ဟမ္.."

"ကြၽန္ေတာ္ နားေထာင္ေနပါတယ္.."

က်ိဳးယြင္ရွန႔္က မတတ္သာဘဲ ေမာ့ၾကည့္ကာ ခပ္စူစူေျဖလိုက္ရသည္။

"ဒါဆို ကိုယ္ဘာေျပာလိုက္လဲ.. တစ္ေခါက္ျပန္ေျပာျပ.."

႐ႊယ္ဇီ႐ႊမ္က က်ိဳးယြင္ရွန႔္၏ပုခုံးေလးကို သိုင္းဖက္ကာ ေဘးကိုဆြဲယူရင္း နား႐ြက္ေဘးမွာ ဖြဖြကပ္ေျပာလိုက္သည္။ ႐ႊယ္ဇီ႐ႊမ္၏ႏႈတ္ခမ္းမ်ားက က်ိဳးယြင္ရွန႔္၏နား႐ြက္ကို ဖြဖြထိေတြ႕ကာ နမ္းလိုက္သည္။

========================
Chapter (8-2) - အကိုႀကီးက ဖူဘိုနဲ႕က်င္းရီကို ဘာေႀကာင့္ မုန္းတီးေနတာလဲ

က်ိဳးယြင္ရွန္႕က လည္ပင္းကိုက်ဳံ႕ကာ ျပန္ေျပာျပလိုက္ရေတာ့သည္။  

" ကြ်န္ေတာ္ အခု ကားေမာင္းလို႕ မရေသးဘူး။ ကားေမာင္း လိုင္စင္ရမွ ေမာင္းလို႕ရမယ္လို႕ အကိုႀကီးက ေျပာတယ္ေလ။."

ၾကည့္ရတာ သူ အစကတည္းက နားမေထာင္ခဲ့ဘူး၊  ကံေကာင္းတာက၊ အေျခခံ အဓိပၸာယ္တူအတူတူပဲ။ ရြယ္ဇီရြမ္ ကရယ္ေမာရၽြလား ငိုရမလား မသိေတာ့ေပ။ သူက ဒီေကာင္ေလးရဲ႕ပုခံုးကို ဖက္ရင္း နဖူးကို အသာေလးပုတ္ကာ အသည္းအသန္ေငးၾကည့္ေနမိသည္။

"အကိုႀကီး၊ ဒုတိယ အစ္ကို ဘာလို႔ အထဲ မဝင္ႀကေသးတာလဲ"

ရြႊယ္က်င္းရီသည္ ကား ျပတင္းေပါက္မွန္ကို ေခါက္ကာ ေတာက္ပစြာ ျပံုးျပီး ေျပာလိုက္သည္။ သူမ အေလးနက္ထားတာ ရႊယ္ဇီရြမ္ျဖစ္ေပမယ့္ ဟြမ္ရီကို အကိုႀကီးက အေလးထားသျဖင့္ အကိုႀကီးဆီက အေကာင္းျမင္ ေစဖို႕အတြက္ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းကာ ဟြမ္ရီကို ခုလို နူတ္ဆက္လိုက္တာျဖစ္သည္။ သူမက ပါးနပ္သူျဖစ္လို႕ ဟြမ္ရီကိုပါ ဒုတိယ အကိုဟု ေခၚလိုက္သည္။

က်ိဳးယြင္ရွန္႕ပင္ သူမ၏ အေျပာင္းလဲျမန္ဆန္မႈေႀကာင့္ လန္႕သြားေပမယ့္ ရႊယ္ဇီရြမ္က မ်က္ေမွာင္ႀကဳတ္ကာ ႀကည့္လိုက္သည္။ ရႊယ္က်င္းရီ ဘယ္ေလာက္ ဇြဲေကာင္းျပီး သည္းခံတတ္သည္ကို သူ အသိဆံုးျဖစ္သည္။ သူမက ျပံဳးရယ္ေနရင္း အကိုရင္းျဖစ္သူ ေရွာင္ရီကို ဓါးနွင့္ပင္ ထိုးရက္နုိင္္ေအာင္ ရက္စက္ေသာ မိန္းကေလးျဖစ္သည္။

သူမ၏ ပင္ကိုစ႐ိုက္သည္ မည္မွ်ရက္စက္ေႀကာင္း သူသာ အသိဆံုးျဖစ္သည္။  သူက တစ္ကမာၻလုံးမွာ သူမ၏တစ္ ဦး တည္းေသာေသြးသားရင္းခ်ာ ေဆြမ်ိဳးျဖစ္ေပမယ့္ သူမက ထည့္မတြက္ေပ။

"ထပ္ကစားၾကရေအာင္။က်င္းရီ  ဒါ အကိုႀကီး ငါ့ကို ဝယ္ေပးခဲ့တဲ့ကားပဲ။  မေကာင္းဘူးလားဟင္?"

က်ိဳးယြင္ရွန္႕သည္လည္း လူေကာင္းေတာ့ မဟုတ္ေပ။ သူ႕ကို အျမဲ သတ္ဖို႕ႀကံေနသည့္ က်င္းရီကို အခြင့္ႀကံဳခိုက္ တမင္ ဆြေပးလိုက္ျခင္းျဖစ္သည္။


ရြႊယ္က်င္းရီက ဒီစကားကိုႀကားေတာ့ မ်က္နွာ ျဖဴေယာ္သြားေပမယ့္ အတင္းျပံဳးကာ ေျပာလိုက္သည္။
 
" ၾကည့္ေကာင္းပါတယ္။ အကိုႀကီး ဝယ္ေပးတဲ့ဟာဆို အကုန္ ေကာင္းျပီးသားပဲ  "

"ဒါကေကာင္းေပမဲ့ အရမ္းေစ်းႀကီးတယ္။ ယြမ္သန္း ၈ သန္းေက်ာ္ေတာင္က်တာ။ ငါေတာင္ မေမာင္းရဲဘူး။ "

က်ိဳးယြင္ရွန္႕၏ အမူယာသည္ အႀကီးတစ္ ဦး ဆီက အလိုလိုက္မႈကို ခံရသျဖင့္ တကယ့္ကို ဂုဏ္ယူေနသလို ေစ်းႀကီးလြန္းလို႕ နွေမ်ာစြာ မစီးရက္သလို လုပ္ျပလိုက္သည္။ သူ႕မ်က္လံုးေလးမ်ားက အရိုးခံအတုိင္းေျပာေနသလိုပင္ ။


ရႊယ္ဇီရြမ္က အ႐ူးမဟုတ္ပါ။ ေရွာင္ရီက တမင္သက္သက္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ေျပာျပခဲ့သည္ကို သိေပမယ့္ လံုးဝ မျပစ္မျမင္ပဲ နူတ္ခမ္းတစံုက ေကာ့ညြတ္ကာ ေကာင္ေလးရဲ႕ေျပာပံုကို ျပံဳးကာ ႀကည့္ေနမိသည္။ ဒါက သူ ေရွာင္ရီအေပၚကို ဘယ္ေလာက္ခ်စ္တယ္ဆိုတာကို ေဖာ္ျပေနလို႕ ႀကားရတာ သူလည္း အရမ္းဝမ္းသားသည္။

က်ိဳးယြင္ရွန္႕က ဒီဇာတ္လမ္းမွာ ဇာတ္လိုက္၏ အခ်စ္နွင့္ အလိုလုိက္မႈကို သိမ္းပိုက္ရရွိထားသည့္ က်င္းရီေနရာမွာ သူ အစားထိုးကာ အခ်စ္ေတြ ဂရုစိုက္မႈေတြကို ရလိုက္တယ္ဆိုတာ တမင္ ေျပာျပေနသည္။ က်င္းရီ၏ မနာလိုျဖစ္လြန္းျပီးသူ႕ စိတ္ရင္းနွင့္သူ ျပန္အက်ိဳးေပးကာ နွလံုးေရာဂါ ပိုေဖာက္လာေစဖို႕ရည္ရြယ္သည္။


ေနာက္ဆုံးတြင္ရႊယ္ဇီရြယ္က မေအာင့္နုိင္ေတာ့ပဲ ကေလးဆန္ဆန္ ႀကြားေနေသာ ေရွာင္ရီ၏ ပါးျပင္ကို တရႈပ္ရႈပ္နမ္းလိုက္ေတာ့သည္။ ဒီေကာင္ေလးက အရမ္းခ်စ္ျပီး အရမ္းအူယားဖို႕ေကာင္းလွသည္။

ဒီလူက လုပ္ျပန္ျပီ။ သူ႕ကို ဖက္ျပီး နမ္းျပန္ျပီ။ က်ိဳးယြင္ရွန္႕ က စိတ္ထဲမွာ အျပစ္တင္လိုက္ေပမယ့္ မျငင္းပဲ ျငိမ္ေနလိုက္ျပီး ရွက္သလို မ်က္နွာေလးျဖင့္ လုပ္ေနလုက္သည္။

ရႊယ္က်င္းရီက အတင္းဖ်စ္ညစ္ျပံုးကာ ေျပာလိုက္သည္။


 "  အစ္ကိုႀကီးက ဒုတိယ အကိုအတြက္ ဝယ္ေပးတယ္ဆုိိရင္ လက္ခံလိုက္ေပါ့။ ဘာျဖစ္ျဖစ္ ညီမေလးတို႕က မိသားစုေတြ မဟုတ္လား။ အကိုေလး လက္ခံလို႕ရပါတယ္။ "

သူမသည္ကား၏အတြင္းပိုင္းကိုၾကည့္လိုက္ေသာ္ ထိုင္ခုံႏွစ္ေနရာ သာ ရွိသည္ ကိုေတြ႕လိုက္ရသည္။ ထို႔ေၾကာင့္သူမသည္ကားထဲ ၀ င္လိုသည့္ ရည္႐ြယ္ခ်က္ကိုစြန႔္လႊတ္ရန္ မွလြဲ၍ အျခားေ႐ြးခ်ယ္စရာမရွိေတာ့ေပ။

"ရာသီဥတုကေအးတယ္။  ခဏ ကစားၿပီးရင္ အိမ္ထဲဝင္ႀကရေအာင္။ အဆင္ေျပလား"

သူမသည္ေလသံေပ်ာ့နွင့္တိုက္တြန္းခဲ့သည္။

က်ိဳးယြင္ရွန္႕သည္ ကား၏လုပ္ေဆာင္မႈအားလုံးကိုေလ့လာလို႕ မျပီးေသးသျဖင့္ ကားထဲမွ မထြက္ခ်င္သလို ရႊယ္ဇီရြမ္လည္း ဒီကားေလးထဲ ေရွာင္ရီနွင့္ ပူးပူးကပ္ကပ္ ေျပာဆုိဆက္ဆံရသျဖင့္ ကားထဲက မထြက္ခ်င္ႀကေပ။  သူကကားထဲကထြက္ဖို႔ေတာင္ တြန႔္ဆုတ္ေန ခဲ့သည္။

ရႊယ္ဇီရြမ္က က်င္းရီ ကိုလ်စ္လ်ဴရႈၿပီး ေျပာလိုက္သည္။

" မင္းဖာသာ သြား ကစားပါ"

ထို႔ေနာက္သူသည္ျပတင္းေပါက္ကိုခ်လိုက္ၿပီးစီးကရက္ကိုထုတ္ကာ မီးညႇိလိုက္သည္။ မီးခိုးေငြ႕ေတြကို က်င္းရီထံသို႕ မႈတ္ထုတ္လိုက္ေတာ့ က်င္းရီက ေနာက္ကို တလွမ္းဆုတ္လုိက္ကာ ေခ်ာင္းဆိုးေနေတာ့သည္။

ညစာျပင္ျပီး လာေခၚသည့္ ဖူဘိုက ဒီျမင္ကြင္းကို ေတြ႕ေတာ့ အလ်င္ျမန္ ေျပာလိုက္သည္။


 " သခင္ေလး...  ေဆးလိပ္ေသာက္တတ္လာတာကို  ကြ်န္ေတာ္ မေျပာေတာ့ပါဘူး၊ ဒါေပမယ့္ မမေလးက က်န္းမာေရးမေကာင္းတာကို သိလ်က္နဲ႕ ဘာေႀကာင့္ စီးကရက္မီးခိုးကို ရႈမိေအာင္ လုပ္ရတာလဲ။ သခင္ႀကီးေတာင္ ေဆးလိပ္ေသာက္ခ်င္ရင္ စာဖတ္ခန္းထဲဝင္ေသာက္ျပီး အျပင္ကို မီးခိုးေငြ႕ တစ္စ ေတာင္ မထြက္ေစဘူး။   ."

" ခင္ဗ်ားက ဘယ္သူမို႕ ဒီစကားကိုလာေျပာေနတာလဲ"

ရႊယ္ဇီရြမ္၏ ေလသံနွင့္ မ်က္နွာထားေႀကာင့္ ဖူဘုိ ဘာျပန္ေျပာရမွန္းမသိျဖစ္သြားစဥ္ က်င္းရီက လက္ယမ္းကာ ေျပာလိုက္သည္။

"  ဘာမွမျဖစ္ဘူး။ အကိုႀကီး ႀကိဳက္ရင္ ေသာက္ပါ"

ရႊယ္ဇီရြမ္က ေဆးလိပ္ကို လက္ႀကားညွပ္ကာ ကားကို ဂိုေဒါင္ဘက္ကို ခပ္ႀကမ္းႀကမ္း ေမာင္းထြက္သြားခဲ့သည္။

ထိုအခါမွ ဖူဘိုက အထိ္တ္တလန္႕ေျပာလိုက္မိသည္။
" ဘယ္လိုမေကာင္းဆိုးဝါးမ်ိဳးက သခင္ေလးကို ခုလုိျဖစ္ေအာင္ ျပဳစားလိုက္တာလဲ "

က်ိဳးယြင္ရွန္႕က ကားထဲမွာ ျငိမ္သက္စြာထုိင္ျပီး စဥ္းစားေနသည္။ ရႊယ္ဇီရြမ္က ဖူဘိုနဲ႕ က်င္းရီကို မုန္းတီးေနတာေသခ်ာသည္။ သူက ဘာေႀကာင့္ မုန္းရတာလဲ။ ဒါက လံုးဝ မျဖစ္နုိ္င္စရာပဲ။

============================

    Chapter (8-1) - မင်းကို အသေမခံနိုင်ဘူး

ရွှယ်ကျင်းရီက ဝရံတာမှာ တစ်နေကုန်ရပ်ပြီး ရွှယ်ဇီရွှမ်ပြန်လာမည့်လမ်းကို စောင့်မျှော်နေသည်။ ဒါပေမယ့် ညနေစောင်းထိ ရွှယ်ဇီရွှမ်၏အရိပ်ကိုပင် မမြင်ရပေ။

"အစ်ကိုကြီး ဘယ်အချိန်ပြန်လာမယ်လို့ ပြောသွားလဲ ဖူဘို.."

"သူ မပြောသွားပါဘူး မမလေး.. မမလေးအခန်းကို ပြန်နားပါတော့လား.. ဒီမှာ တစ်နေကုန်မစောင့်ပါနဲ့ မမလေး ပင်ပန်းပါတယ်... ကျွန်တော် သခင်လေးကို ဖုန်းဆက်ပေးရမလား.."

"ဟင့်အင်း နေပါစေ.. ကျွန်မဘာသာ ဆက်လိုက်ပါ့မယ်.."

ရွှယ်ကျင်းရီက ပြောပြီး ဖုန်းထုတ်ကာခေါ်လိုက်သည်။ ဖုန်းဝင်သွားပေမယ့် တစ်ဖက်က အဝင်ဖုန်းကောကို ဖြတ်ချလိုက်လို့ သူမထပ်ခေါ်သည်။ ၂ကြိမ်မြောက်လုပ်ပြီးနောက် ထိုဖုန်းကို လုံးဝခေါ်မရတော့ပေ။ ရွှယ်ကျင်းရီက မယုံနိုင်အောင်ဖြစ်ကာ ထိုဖုန်းကို ဆက်ခါဆက်ခါခေါ်ပြီး နောက်ဆုံး မရတော့ စိတ်ထိခိုက်ကာ လဲပြိုကျလာသည်။

ဖူဘိုက ရှေ့တစ်လှမ်းတိုးကာ ရွှယ်ကျင်းရီကိုဖေးမလိုက်ရစဉ် ရင်ထဲမှာ ရှုပ်ထွေးနေသည်။ သခင်လေးက သခင်မလေးကို ဘာကြောင့်ခုလိုဆက်ဆံရတာလဲ။ ဒါက ထူးဆန်းနေသည်။ သခင်လေးကိုယ်ထဲ မကောင်းဆိုးဝါး ဝင်ပူးနေတာလား။ သခင်ကြီးနဲ့သခင်မကြီးကို ပြောပြပြီး ပယောဂဆရာဖြင့် နှင်ရင်ကောင်းမလားဟု တွေးနေသည်။

ဖူဘိုအတွေးများနေစဉ် ကားအင်ဂျင်သံကျယ်ကျယ်ကို ကြားလိုက်ရပြီး အနီရောင်ပြိုင်ကားလေးတစ်စီးက ရွှယ်အိမ်တော်ခြံဝင်းထဲ အရှိန်ပြင်းပြင်းနှင့် ဝင်လာခဲ့သည်။ ဒါပေမယ့်ကားက ဂိတ်ပေါက်ဝမှာ တည်ငြိမ်စွာနဲ့ လှပစွာ ရပ်တန့်သွားခဲ့သည်။

ရွှယ်အိမ်တော်က အမှုထမ်းတွေက ဒီကားကို လုံးဝမသိကြပေ။ ဒီရွှယ်အိမ်တော်ကလူတွေက ခုလိုတောက်ပဝံ့ကြွားသော အနီရောင်ပြိုင်ကားကို မစီးကြပေ။ ဒီကားကို အရှေ့ပိုင်းနယ်မှာ မတွေ့ဖူးကြပေ။ ကြည့်ရတာ လူချမ်းသာမိဘတွေရဲ့ လူပေါ်ကြော့သားတစ်ဦးက ပိုင်ဆိုင်ပုံရသည်။

ရွှယ်အိမ်ကတံခါးစောင့်က ဘယ်သူလဲလှမ်းကြည့်စဉ် ကားမောင်းသူနေရာမှာ ရွှယ်သခင်လေးကို တွေ့လိုက်ရသည်။ တံခါးစောင့်က မျက်လုံးပြူးကာ တံခါးကို ချက်ချင်းပြေးဖွင့်လိုက်သည်။

"အစ်ကိုကြီး.. ကားက အစ်ကိုကြီးရဲ့စတိုင်လ်မဟုတ်ဘူး.. သူတို့က သရဲကိုတွေ့သလို ဝိုင်းကြည့်နေကြတယ်ဗျ.."

ယွမ် 8 သန်းတန်ကားကို ဝယ်လိုက်ကတည်းက ရွှယ်ဇီရွှမ်အပေါ်ထားသည့် ကျိုးယွင်ရှန့်ရဲ့သဘောထားက ပြောင်းလဲလာခဲ့သည်။ ဒါကြောင့် သူက ရွှယ်ဇီရွှမ်ကို ခုလိုစနောက်လိုက်တာဖြစ်သည်။

ရှောင်ရီ၏ ခုလိုစနောက်သည့်စကားကြောင့် ရွှယ်ဇီရွှမ်က အရမ်းသဘောကျကာ ခေါင်းလေးကိုလှမ်းပွတ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဝရံတာမှာထွက်ရပ်နေသော ရွှယ်ကျင်းရီက ထိုကားကိုမြင်တော့ ဖူဘိုကိုတွန်းကာ ပြောလိုက်သည်။

"ဘယ်သူတွေလဲ သွားကြည့်ပါဦး.."

ဖူဘိုက ဂိတ်ဝဘက်ကို သေချာလှမ်းကြည့်တော့ သခင်လေးဖြစ်နေတာ တွေ့ရလို့ အမူအယာပြောင်းသွားသည်။ သခင်လေးက အပြင်သွားလိုက်စဉ် ကားပြောင်းလိုက်ပြီး ခပ်ကြမ်းကြမ်းကို မောင်းလာခဲ့သည်။

"သခင်မလေး.. အဲ့တာက သခင်လေးပါ.."

ရွှယ်ကျင်းရီက ဒီစကားကိုကြားတော့ ဝရံတာမှ အောက်ကို သွက်လက်စွာပြေးဆင်းသွားပုံက မွေးရာပါနှလုံးရောဂါသည်ဟု ထင်ရက်စရာပင်မရှိပေ။

ရွှယ်ကျင်းရီက သူမအိပ်ခန်းထဲဝင်ကာ အပေါ်ဝတ်ထူထူ၊ ရေစိုခံဖိနပ်၊ ဦးထုပ်ကိုဆောင်းကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။

ကားနီနီရဲရဲလေးက ရေခဲနေသောရေပန်းနား ရပ်ထားကာ ကားထဲက၂ယောက်က ထွက်လာမည့်ပုံမပေါ်ပေ။ တစ်ယောက်က ကားထဲကခလုတ်တွေကို ဟိုဟိုသည်သည်ကိုင်ကြည့်နေပြီး ကျန်တစ်ဦးက စိတ်ရှည်စွာ ပြသပေးကာ ကျေနပ်စွာကြည့်နေသည်။

"မင်း ပျော်ရဲ့လား ရှောင်ရီလေး.. ဒါပေမယ့် ဒီကားကိုတော့ မောင်းလို့မရသေးဘူးနော်.. ဒီလို စွမ်းရည်မြင့်ပြိုင်ကားတွေရဲ့ လုပ်ဆောင်ချက်က အရမ်းမြန်တယ်.. ဘရိတ်က အရမ်းဆတ်ပြီး တစ်ချက်တို့တာနဲ့ ချက်ချင်းသိသာတယ်.. လီဗာဖိနင်းလိုက်တာနဲ့ အရှိန်အရမ်းမြန်ပြီး ရှေ့ကိုပြေးလို့ ကားမောင်းသူအတွက် အန္တရာယ်ကြီးတယ်.. ဒါ့အပြင် အခုက ကားလမ်းမပေါ်မှာ ရေခဲနေလို့ လမ်းချော်မှုဖြစ်နိုင်တယ်.. မင်းမောင်းချင်ရင် ဂိုဒေါင်ထဲက Audi ကားနဲ့ မင်းကို ကားမောင်အရင်သင်ပေးမယ်.."

ကျိုးယွင်ရှန့်က ခေါင်းငုံ့ကာ ကားထဲက IT ဖြင့်ထိန်းချုပ်ထားတာကို စိတ်ဝင်တစားလေ့လာရင်း ရွှယ်ဇီရွှမ်ပြောသမျှ 'အင်း.. အင်း..' ဟုသာ ထူးနေသည်။ ဒီပုံစံလေးက အူယားစရာကောင်းလွန်းလို့ ရွှယ်ဇီရွှမ်က ပါးလေးကိုဖျစ်ညစ်ကာ မေးလိုက်သည်။

"အစ်ကိုကြီးပြောတာကို နားထောင်နေရဲ့လား.. ဟမ်.."

"ကျွန်တော် နားထောင်နေပါတယ်.."

ကျိုးယွင်ရှန့်က မတတ်သာဘဲ မော့ကြည့်ကာ ခပ်စူစူဖြေလိုက်ရသည်။

"ဒါဆို ကိုယ်ဘာပြောလိုက်လဲ.. တစ်ခေါက်ပြန်ပြောပြ.."

ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်၏ပုခုံးလေးကို သိုင်းဖက်ကာ ဘေးကိုဆွဲယူရင်း နားရွက်ဘေးမှာ ဖွဖွကပ်ပြောလိုက်သည်။ ရွှယ်ဇီရွှမ်၏နှုတ်ခမ်းများက ကျိုးယွင်ရှန့်၏နားရွက်ကို ဖွဖွထိတွေ့ကာ နမ်းလိုက်သည်။

========================
Chapter (8-2) - အကိုကြီးက ဖူဘိုနဲ့ကျင်းရီကို ဘာကြောင့် မုန်းတီးနေတာလဲ

ကျိုးယွင်ရှန့်က လည်ပင်းကိုကျုံ့ကာ ပြန်ပြောပြလိုက်ရတော့သည်။  

" ကျွန်တော် အခု ကားမောင်းလို့ မရသေးဘူး။ ကားမောင်း လိုင်စင်ရမှ မောင်းလို့ရမယ်လို့ အကိုကြီးက ပြောတယ်လေ။."

ကြည့်ရတာ သူ အစကတည်းက နားမထောင်ခဲ့ဘူး၊  ကံကောင်းတာက၊ အခြေခံ အဓိပ္ပာယ်တူအတူတူပဲ။ ရွယ်ဇီရွမ် ကရယ်မောရျွလား ငိုရမလား မသိတော့ပေ။ သူက ဒီကောင်လေးရဲ့ပုခုံးကို ဖက်ရင်း နဖူးကို အသာလေးပုတ်ကာ အသည်းအသန်ငေးကြည့်နေမိသည်။

"အကိုကြီး၊ ဒုတိယ အစ်ကို ဘာလို့ အထဲ မဝင်ကြသေးတာလဲ"

ရွှယ်ကျင်းရီသည် ကား ပြတင်းပေါက်မှန်ကို ခေါက်ကာ တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။ သူမ အလေးနက်ထားတာ ရွှယ်ဇီရွမ်ဖြစ်ပေမယ့် ဟွမ်ရီကို အကိုကြီးက အလေးထားသဖြင့် အကိုကြီးဆီက အကောင်းမြင် စေဖို့အတွက် မချစ်သော်လည်း အောင့်ကာနမ်းကာ ဟွမ်ရီကို ခုလို နူတ်ဆက်လိုက်တာဖြစ်သည်။ သူမက ပါးနပ်သူဖြစ်လို့ ဟွမ်ရီကိုပါ ဒုတိယ အကိုဟု ခေါ်လိုက်သည်။

ကျိုးယွင်ရှန့်ပင် သူမ၏ အပြောင်းလဲမြန်ဆန်မှုကြောင့် လန့်သွားပေမယ့် ရွှယ်ဇီရွမ်က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ရွှယ်ကျင်းရီ ဘယ်လောက် ဇွဲကောင်းပြီး သည်းခံတတ်သည်ကို သူ အသိဆုံးဖြစ်သည်။ သူမက ပြုံးရယ်နေရင်း အကိုရင်းဖြစ်သူ ရှောင်ရီကို ဓါးနှင့်ပင် ထိုးရက်နိုင်အောင် ရက်စက်သော မိန်းကလေးဖြစ်သည်။

သူမ၏ ပင်ကိုစရိုက်သည် မည်မျှရက်စက်ကြောင်း သူသာ အသိဆုံးဖြစ်သည်။  သူက တစ်ကမ္ဘာလုံးမှာ သူမ၏တစ် ဦး တည်းသောသွေးသားရင်းချာ ဆွေမျိုးဖြစ်ပေမယ့် သူမက ထည့်မတွက်ပေ။

"ထပ်ကစားကြရအောင်။ကျင်းရီ  ဒါ အကိုကြီး ငါ့ကို ဝယ်ပေးခဲ့တဲ့ကားပဲ။  မကောင်းဘူးလားဟင်?"

ကျိုးယွင်ရှန့်သည်လည်း လူကောင်းတော့ မဟုတ်ပေ။ သူ့ကို အမြဲ သတ်ဖို့ကြံနေသည့် ကျင်းရီကို အခွင့်ကြုံခိုက် တမင် ဆွပေးလိုက်ခြင်းဖြစ်သည်။


ရွှယ်ကျင်းရီက ဒီစကားကိုကြားတော့ မျက်နှာ ဖြူယော်သွားပေမယ့် အတင်းပြုံးကာ ပြောလိုက်သည်။
 
" ကြည့်ကောင်းပါတယ်။ အကိုကြီး ဝယ်ပေးတဲ့ဟာဆို အကုန် ကောင်းပြီးသားပဲ  "

"ဒါကကောင်းပေမဲ့ အရမ်းဈေးကြီးတယ်။ ယွမ်သန်း ၈ သန်းကျော်တောင်ကျတာ။ ငါတောင် မမောင်းရဲဘူး။ "

ကျိုးယွင်ရှန့်၏ အမူယာသည် အကြီးတစ် ဦး ဆီက အလိုလိုက်မှုကို ခံရသဖြင့် တကယ့်ကို ဂုဏ်ယူနေသလို ဈေးကြီးလွန်းလို့ နှမျောစွာ မစီးရက်သလို လုပ်ပြလိုက်သည်။ သူ့မျက်လုံးလေးများက အရိုးခံအတိုင်းပြောနေသလိုပင် ။


ရွှယ်ဇီရွမ်က အရူးမဟုတ်ပါ။ ရှောင်ရီက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ပြောပြခဲ့သည်ကို သိပေမယ့် လုံးဝ မပြစ်မမြင်ပဲ နူတ်ခမ်းတစုံက ကော့ညွတ်ကာ ကောင်လေးရဲ့ပြောပုံကို ပြုံးကာ ကြည့်နေမိသည်။ ဒါက သူ ရှောင်ရီအပေါ်ကို ဘယ်လောက်ချစ်တယ်ဆိုတာကို ဖော်ပြနေလို့ ကြားရတာ သူလည်း အရမ်းဝမ်းသားသည်။

ကျိုးယွင်ရှန့်က ဒီဇာတ်လမ်းမှာ ဇာတ်လိုက်၏ အချစ်နှင့် အလိုလိုက်မှုကို သိမ်းပိုက်ရရှိထားသည့် ကျင်းရီနေရာမှာ သူ အစားထိုးကာ အချစ်တွေ ဂရုစိုက်မှုတွေကို ရလိုက်တယ်ဆိုတာ တမင် ပြောပြနေသည်။ ကျင်းရီ၏ မနာလိုဖြစ်လွန်းပြီးသူ့ စိတ်ရင်းနှင့်သူ ပြန်အကျိုးပေးကာ နှလုံးရောဂါ ပိုဖောက်လာစေဖို့ရည်ရွယ်သည်။


နောက်ဆုံးတွင်ရွှယ်ဇီရွယ်က မအောင့်နိုင်တော့ပဲ ကလေးဆန်ဆန် ကြွားနေသော ရှောင်ရီ၏ ပါးပြင်ကို တရှုပ်ရှုပ်နမ်းလိုက်တော့သည်။ ဒီကောင်လေးက အရမ်းချစ်ပြီး အရမ်းအူယားဖို့ကောင်းလှသည်။

ဒီလူက လုပ်ပြန်ပြီ။ သူ့ကို ဖက်ပြီး နမ်းပြန်ပြီ။ ကျိုးယွင်ရှန့် က စိတ်ထဲမှာ အပြစ်တင်လိုက်ပေမယ့် မငြင်းပဲ ငြိမ်နေလိုက်ပြီး ရှက်သလို မျက်နှာလေးဖြင့် လုပ်နေလုက်သည်။

ရွှယ်ကျင်းရီက အတင်းဖျစ်ညစ်ပြုံးကာ ပြောလိုက်သည်။


 "  အစ်ကိုကြီးက ဒုတိယ အကိုအတွက် ဝယ်ပေးတယ်ဆိုရင် လက်ခံလိုက်ပေါ့။ ဘာဖြစ်ဖြစ် ညီမလေးတို့က မိသားစုတွေ မဟုတ်လား။ အကိုလေး လက်ခံလို့ရပါတယ်။ "

သူမသည်ကား၏အတွင်းပိုင်းကိုကြည့်လိုက်သော် ထိုင်ခုံနှစ်နေရာ သာ ရှိသည် ကိုတွေ့လိုက်ရသည်။ ထို့ကြောင့်သူမသည်ကားထဲ ၀ င်လိုသည့် ရည်ရွယ်ချက်ကိုစွန့်လွှတ်ရန် မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

"ရာသီဥတုကအေးတယ်။  ခဏ ကစားပြီးရင် အိမ်ထဲဝင်ကြရအောင်။ အဆင်ပြေလား"

သူမသည်လေသံပျော့နှင့်တိုက်တွန်းခဲ့သည်။

ကျိုးယွင်ရှန့်သည် ကား၏လုပ်ဆောင်မှုအားလုံးကိုလေ့လာလို့ မပြီးသေးသဖြင့် ကားထဲမှ မထွက်ချင်သလို ရွှယ်ဇီရွမ်လည်း ဒီကားလေးထဲ ရှောင်ရီနှင့် ပူးပူးကပ်ကပ် ပြောဆိုဆက်ဆံရသဖြင့် ကားထဲက မထွက်ချင်ကြပေ။  သူကကားထဲကထွက်ဖို့တောင် တွန့်ဆုတ်နေ ခဲ့သည်။

ရွှယ်ဇီရွမ်က ကျင်းရီ ကိုလျစ်လျူရှုပြီး ပြောလိုက်သည်။

" မင်းဖာသာ သွား ကစားပါ"

ထို့နောက်သူသည်ပြတင်းပေါက်ကိုချလိုက်ပြီးစီးကရက်ကိုထုတ်ကာ မီးညှိလိုက်သည်။ မီးခိုးငွေ့တွေကို ကျင်းရီထံသို့ မှုတ်ထုတ်လိုက်တော့ ကျင်းရီက နောက်ကို တလှမ်းဆုတ်လိုက်ကာ ချောင်းဆိုးနေတော့သည်။

ညစာပြင်ပြီး လာခေါ်သည့် ဖူဘိုက ဒီမြင်ကွင်းကို တွေ့တော့ အလျင်မြန် ပြောလိုက်သည်။


 " သခင်လေး...  ဆေးလိပ်သောက်တတ်လာတာကို  ကျွန်တော် မပြောတော့ပါဘူး၊ ဒါပေမယ့် မမလေးက ကျန်းမာရေးမကောင်းတာကို သိလျက်နဲ့ ဘာကြောင့် စီးကရက်မီးခိုးကို ရှုမိအောင် လုပ်ရတာလဲ။ သခင်ကြီးတောင် ဆေးလိပ်သောက်ချင်ရင် စာဖတ်ခန်းထဲဝင်သောက်ပြီး အပြင်ကို မီးခိုးငွေ့ တစ်စ တောင် မထွက်စေဘူး။   ."

" ခင်ဗျားက ဘယ်သူမို့ ဒီစကားကိုလာပြောနေတာလဲ"

ရွှယ်ဇီရွမ်၏ လေသံနှင့် မျက်နှာထားကြောင့် ဖူဘို ဘာပြန်ပြောရမှန်းမသိဖြစ်သွားစဉ် ကျင်းရီက လက်ယမ်းကာ ပြောလိုက်သည်။

"  ဘာမှမဖြစ်ဘူး။ အကိုကြီး ကြိုက်ရင် သောက်ပါ"

ရွှယ်ဇီရွမ်က ဆေးလိပ်ကို လက်ကြားညှပ်ကာ ကားကို ဂိုဒေါင်ဘက်ကို ခပ်ကြမ်းကြမ်း မောင်းထွက်သွားခဲ့သည်။

ထိုအခါမှ ဖူဘိုက အထိတ်တလန့်ပြောလိုက်မိသည်။
" ဘယ်လိုမကောင်းဆိုးဝါးမျိုးက သခင်လေးကို ခုလိုဖြစ်အောင် ပြုစားလိုက်တာလဲ "

ကျိုးယွင်ရှန့်က ကားထဲမှာ ငြိမ်သက်စွာထိုင်ပြီး စဉ်းစားနေသည်။ ရွှယ်ဇီရွမ်က ဖူဘိုနဲ့ ကျင်းရီကို မုန်းတီးနေတာသေချာသည်။ သူက ဘာကြောင့် မုန်းရတာလဲ။ ဒါက လုံးဝ မဖြစ်နိုင်စရာပဲ။

============================

   

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now