Chapter (5-3) - "ရႊယ္ရန္ကိုေရွာင္ဖို႔ ၿမိဳ႕ထဲကို ေျပာင္းေနၾကမယ္.."

5.9K 995 17
                                    

Chapter (5-3) – "ရႊယ္ရန္ကိုေရွာင္ဖို႔ ၿမိဳ႕ထဲကို ေျပာင္းေနၾကမယ္.."

မုသားတစ္ဝက္၊ အမွန္တရားတစ္ဝက္ စကားေတြက ေျပာသူကိုယ္တိုင္ေတာင္ ယံုၾကည္လာေစၿပီး တစ္ဖက္သားကို လြယ္ကူစြာ လက္ခံလာေစသည္။ ရႊယ္ဇီရႊမ္ အမွန္ေတြေျပာေနတာကို က်ိဳးယြင္ရွန္႔သိသည္။ ဒီမိသားစုဝင္ေတြက လူေကာင္းေတြမဟုတ္ဘူးဆိုတာ မွန္ေပမယ့္ သူ႔ကို ရႊယ္ဇီရႊမ္က ကာကြယ္ေပးမည္ဆိုသည့္စကားက လိမ္ညာစကားဟုထင္သည္။ ဒါေၾကာင့္ သူက နားေထာင္ေပမယ့္ သိပ္အေလးအနက္မထားေပ။ ႏွလံုးခြဲစိတ္မႈမလုပ္ခင္ ၿမိဳ႕ထဲေျပာင္းေနတာ ပိုေကာင္းသည္။ ၿမိဳ႕ထဲကေန သူ အလြယ္တကူ ထြက္ေျပးလြတ္ေျမာက္ၿပီး သူ႔ဇာတိေတာင္တန္းေတြဘက္ကို ေရာက္ေအာင္ သြားႏိုင္ေသးသည္မဟုတ္လား။

ဒီလိုေတြးလိုက္မိတာနဲ႔ သူ႔စိတ္ထဲမွာ system ၏သတိေပးခ်က္ကို ၾကားလိုက္ရသည္။

"Host က ဒီမစ္ရွင္ကေန ထြက္ေျပးဖို႔ႀကိဳးစားတာ သိရွိရတယ္.. ဒီမွာဆက္ေနၿပီး မစ္ရွင္ၿပီးေအာင္လုပ္မလား.. Level 2 အျပစ္ေပးျခင္းကို စတင္ရမလား.. ေရြးပါ.."

အရင္ကဆိုရင္ system က ဒီလိုသိရွိသြားတာနဲ႔ သတိေပးစကားမဆိုဘဲ Level 10 အဆင့္ အျပစ္ေပးမႈကို လုပ္ေဆာင္ၿပီးသားျဖစ္သည္။ အခုေတာ့ system က 'ဖ်က္ဆီးပစ္မည္' ဆိုသည့္စကားလံုးကိုမသံုးဘဲ သတိေပးၿပီး Level 2 အဆင့္အျပစ္ေပးမႈဆိုေတာ့ ဒီဟာက အရမ္းကို ၾကင္နာရာေရာက္ေပသည္။ system က အားေပ်ာ့သြားတာလား၊ ၾကင္နာတတ္သည့္ system ျဖစ္သြားတာလား လို႔ေတြးၿပီး က်ိဳးယြင္ရွန္႔ စိတ္ဝင္စားကာ သိခ်င္သြားသည္။

လူတစ္ေယာက္၏စိတ္ဝိညာဥ္ကို နာက်င္ေအာင္ ႏွိပ္စက္ခဲ့တာျဖစ္လို႔ 1 နာရီ၊ 2 နာရီေလာက္ နာက်င္မႈကေတာ့ က်ိဳးယြင္ရွန္႔ မ်က္ႏွာမပ်က္ ခံယူႏိုင္စြမ္းရွိေနေလၿပီ။ ဒါေၾကာင့္ ဒီသတိေပးစကားက က်ိဳးယြင္ရွန္႔အတြက္ ဟာသေလာက္သာျဖစ္ေနသည္။

"ကၽြန္ေတာ္ ဒီမွာပဲေနတာ ပိုေကာင္းမယ္ထင္တယ္.. က်င္းရီရဲ့ေဘးမွာ ကၽြန္ေတာ္ ရွိႏိုင္တယ္.."

သူ႔ရင္ေတြက ခုန္ေပါက္ေနေပမယ့္ က်ိဳးယြင္ရွန္႔ ဟန္ေဆာင္ေျပာလိုက္သည္။

System က အျပစ္မေပးေသးဘဲ သူ႔လုပ္ေဆာင္ခ်က္ကို ေစာင့္ၾကည့္ေနသည္။

ရႊယ္က်င္းရီေၾကာင့္ ဒီေကာင္ေလးက ၿမိဳ႕ေတာ္ကိုလိုက္ခဲ့တာသိလို႔ ဟြမ္ရီက က်င္းရီေဘးကမခြာခ်င္တာကို ရႊယ္ဇီရႊမ္ ေသခ်ာသိသည္။ ဒါေၾကာင့္ သူ႔ကို ႏွစ္သိမ့္လိုက္သည္။

"က်င္းရီက ေဆး႐ံုတက္ရဦးမယ္ေလ.. ဒီအိမ္ေတာ္က ေဆး႐ံုနဲ႔ေဝးလို႔ ခဏတိုင္း ေဆး႐ံုကိုသြားၾကည့္လို႔မရဘူး.. တကယ္လို႔ ၿမိဳ႕ထဲမွာေနရင္ ပိုနီးသြားလို႔ ဟြမ္ရီက ေဆး႐ံုကို ေန႔တိုင္းသြားၾကည့္လို႔ရၿပီ.. အစ္ကိုႀကီးက ေဆး႐ံုနဲ႔ မိနစ္ 20 ေလာက္ပဲေဝးတဲ့ေနရာမွာ တိုက္ခန္းတစ္ခန္းရွိတယ္.."

တကယ္ေတာ့ က်င္းရီက ေဆး႐ံုမွာ ေရရွည္မတက္ေပ။ ရႊယ္အိမ္ေတာ္မွာ ေဆးဝါးပစၥည္းအျပည့္အစံုႏွင့္ 24 နာရီ ဆရာဝန္၊ သူနာျပဳတို႔ႏွင့္ ၾကပ္မတ္ကုသႏိုင္ေသာေၾကာင့္ ေဆး႐ံုထက္ ပိုအဆင္ေျပသည္။ ဒီအေၾကာင္းကို ရႊယ္ဇီရႊမ္က ေကာင္ေလးကို မေျပာျပလိုက္ေတာ့ေပ။ ဒီအိမ္ေတာ္မွာၾကာၾကာေနရင္ ရႊယ္ရန္ႏွင့္ တစ္ေန႔မဟုတ္တစ္ေန႔ ေတြ႕သြားႏိုင္လို႔ ဒီကေန အျမန္ဆံုး ထြက္ေျပးခ်င္ေနမိသည္။

က်ိဳးယြင္ရွန္႔က ခဏစဥ္းစားၿပီးမွ ေခါင္းညိတ္ကာ ေမးလိုက္သည္။

"ကၽြန္ေတာ္ တစ္ခုခု ကူေပးရမလား.."

ရႊယ္ဇီရႊမ္က သူ႔ပစၥည္းကို သူမ်ားကိုင္တာမႀကိဳက္လို႔ ႀကိဳတင္ခြင့္ေတာင္းလိုက္သည္။ ေျပာေနရင္း ရႊယ္ဇီရႊမ္က ေလွကားေပၚ ဖင္ခ်ထိုင္တာ၊ ေဆးလိပ္ေသာက္တာ၊ သူ႔လက္ကို မလႊတ္တမ္းဆုပ္ကိုင္ထားတာ၊ သူ႔ကိုဖိနပ္စီးေပးတာေတြ.. ဒါေတြက ပံုမွန္မဟုတ္တာ သတိထားလိုက္မိသည္။ ရႊယ္ဇီရႊမ္၏ အသန္႔ႀကိဳက္လြန္ေရာဂါက တစ္ညတည္းနဲ႔ ေပ်ာက္သြားတာလား..။ ဒီလုိအလြယ္တကူ ေက်ာ္လႊားလို႔ေကာရရဲ့လား..။

ဒီစကားေၾကာင့္ ရႊယ္ဇီရႊမ္၏ႏွလံုးသားက အေပ်ာ္ေတြနဲ႔ျပည့္သြားသည္။ ဒီလိုတည္ၿငိမ္ၿပီး အက်င့္ေကာင္းသည့္ေကာင္ေလးကို မျမင္ရတာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲ။ မေန႔ကလည္း ခုလိုလိမၼာၿပီး ဒီေကာင္ေလးနဲ႔ ျပန္ဆံုေတြ႕ခြင့္ရတာ သူ႔အတြက္ တကယ့္ကို ေကာင္းလွသည္။

"အစ္ကိုႀကီးကို အက်ႌကူေခါက္ေပး.."

ရႊယ္ဇီရႊမ္၏ႏႈတ္ခမ္းေထာင့္က ေကာ့ညြတ္စြာၿပံဳးၿပီး ညင္သာစြာေျပာလိုက္သည္။

"ကၽြန္ေတာ္ လက္အရင္သြားေဆးဦးမယ္.."

က်ိဳးယြင္ရွန္႔က ေရခ်ိဳးခန္းထဲဝင္ကာ ဆပ္ျပာႏွင့္ လက္ကို ေသခ်ာေဆးေၾကာလိုက္သည္။ လက္ကဒဏ္ရာက ဆရာဝန္ေပးသည့္ေဆး လိမ္းထားလို႔ အညိုမည္းေတြသက္သာကာ သာမန္လက္နီးနီး ျဖစ္ေနေလၿပီ။

ထိုစကားကိုၾကားၿပီး ရႊယ္ဇီရႊမ္၏အၿပံဳးက ေတာင့္ခဲသြားသည္။ ဒီေကာင္ေလး၏ သတိထားေသာစကားေတြအရ အရင္က သူ ဒီေကာင္ေလးကို ဘယ္ေလာက္ နာက်င္ေအာင္လုပ္မိသည္ကို ျပန္သတိရလာသည္။ သူ႔ေၾကာင့္ ေကာင္ေလး၏လက္ အညိဳအမည္းစြဲ႐ံုသာမက အစ္ကိုႀကီးလို႔လည္ မေခၚရဲ၊ တစ္စားပြဲတည္းလည္း မစားဝံ့ေအာင္ ဒီေကာင္ေလးရဲ့ရင္ထဲ နာက်င္ေအာင္ လုပ္ခဲ့မိသည္။ လိမၼာၿပီး အက်င့္ေကာင္းသည့္ေကာင္ေလးကို သူႏွင့္ေဝးကြာေအာင္ သူကိုယ္တိုင္ပဲ လုပ္ခဲ့မိသည္။ ဒီလိုေတြးမိေတာ့ ျပန္ရွင္လာၿပီးေနာက္ပိုင္း ရႊယ္ဇီရႊမ္၏ရင္ထဲ ခါးသီးမႈေတြျပည့္လာသည္။ ျဖဴဆြတ္ေသာရွပ္အက်ႌေတြ ခ်ိတ္ထားသည့္ဗီ႐ိုကို ေၾကာင္ေငးၾကည့္ကာ သူ႔ကိုယ္သူ ရြံရွာစိတ္ပ်က္ေနမိသည္။ သူ႔စိတ္ကို ၿငိမ္ေအာင္ထိန္းလိုက္ၿပီး ေရခ်ိဳးခန္းထဲလိုက္ဝင္ခဲ့သည္။ ဆပ္ျပာျမႇဳပ္ေတြနဲ႔ ေကာင္ေလးရဲ့လက္ကို ညင္သာစြာပြတ္ေဆးေပးၿပီး တဘက္ႏွင့္သုတ္ကာ ေျခာက္ေအာင္လုပ္ေပးလိုက္သည္။

"အစာမစားခင္နဲ႔ စားၿပီးခ်ိန္ လက္ေဆးတာ အက်င့္ေကာင္းပါပဲ.. ဒါေပမယ့္ အစ္ကိုႀကီးရဲ့အဝတ္အစားကို ေခါက္ေပးဖို႔က လက္ေဆးဖို႔မလိုပါဘူး.. အစ္ကိုႀကီးက အသန္႔ႀကိဳက္လြန္ေရာဂါရွိလို႔ သူမ်ားထိတာ မခံႏိုင္ေပမယ့္ ေရွာင္ရီေလးမပါပါဘူး.. ေရွာင္ရီေလးက အစ္ကိုႀကီးအတြက္ အထူးစပယ္ရွယ္လူသားျဖစ္လို႔ ဘယ္လိုျဖစ္ျဖစ္ အစ္ကိုႀကီးလက္ခံတယ္.. ဘယ္လိုမွမေနဘူး.."

ရႊယ္ဇီရႊမ္က ဒီစကားေတြကို ႏူးညံ့စြာေျပာၿပီး ေရွာင္ရီ၏လက္ကို သူ႔ပါးျပင္ႏွစ္ဖက္မွာဖိကပ္ကာ ညင္သာစြာ ပြတ္သပ္ေပးေနသည္။ သူ႔စကားေတြကို ေကာင္ေလး လက္ခံယံုၾကည္လာေအာင္ ႐ူးသြပ္ေတာင့္တစြာ ေျပာေနမိသည္။

ဒီလိုလွပၿပီး တန္ဖိုးရွိသည့္လက္ကို ဘယ္သူက ဘယ္လိုဖန္ဆင္းခဲ့သလဲဆိုတာ မသိေပ။ ဒါေပမယ့္ ဒီလက္တစ္စံုကို သူ႔အိပ္မက္ထဲမွာ ဘယ္ေလာက္ေတာင့္တမိသလဲ၊ ဘယ္ေလာက္႐ူးသြပ္စြာ ေတာင့္တမိသလဲ..။ ဒီလက္ေလးကို တင္းတင္းဆုပ္ၿပီး ေကာင္ေလးကို ခြင့္လႊတ္ေပးဖို႔ ဘယ္ေလာက္ေတာင္ ေတာင္းပန္ခဲ့ရသလဲ..။

လက္ဖဝါးေလးကရလာတဲ့ အေႏြးဓာတ္ေၾကာင့္ ဒါက အိပ္မက္မဟုတ္ဘဲ တကယ္ဆိုတာ သိလိုက္ရသည္။ သူ အမွားအမ်ားႀကီးလုပ္ခဲ့ေပမယ့္ ျပန္ျပင္ဖို႔အခြင့္အေရးရွိေသးသည္။ ဒီအေတြးေၾကာင့္ သူ ေက်းဇူးတင္စိတ္တို႔ ေပၚလာၿပီး ဆပ္ျပာနံ႔တို႔ေမႊးေနသည့္ လက္ေလးတစ္စံုကို ျမတ္ႏိုးစြာ ထပ္ခါထပ္ခါ နမ္း႐ိႈက္လိုက္မိေတာ့သည္။

=======================

Chapter (5-3) – "ရွှယ်ရန်ကိုရှောင်ဖို့ မြို့ထဲကို ပြောင်းနေကြမယ်.."

မုသားတစ်ဝက်၊ အမှန်တရားတစ်ဝက် စကားတွေက ပြောသူကိုယ်တိုင်တောင် ယုံကြည်လာစေပြီး တစ်ဖက်သားကို လွယ်ကူစွာ လက်ခံလာစေသည်။ ရွှယ်ဇီရွှမ် အမှန်တွေပြောနေတာကို ကျိုးယွင်ရှန့်သိသည်။ ဒီမိသားစုဝင်တွေက လူကောင်းတွေမဟုတ်ဘူးဆိုတာ မှန်ပေမယ့် သူ့ကို ရွှယ်ဇီရွှမ်က ကာကွယ်ပေးမည်ဆိုသည့်စကားက လိမ်ညာစကားဟုထင်သည်။ ဒါကြောင့် သူက နားထောင်ပေမယ့် သိပ်အလေးအနက်မထားပေ။ နှလုံးခွဲစိတ်မှုမလုပ်ခင် မြို့ထဲပြောင်းနေတာ ပိုကောင်းသည်။ မြို့ထဲကနေ သူ အလွယ်တကူ ထွက်ပြေးလွတ်မြောက်ပြီး သူ့ဇာတိတောင်တန်းတွေဘက်ကို ရောက်အောင် သွားနိုင်သေးသည်မဟုတ်လား။

ဒီလိုတွေးလိုက်မိတာနဲ့ သူ့စိတ်ထဲမှာ system ၏သတိပေးချက်ကို ကြားလိုက်ရသည်။

"Host က ဒီမစ်ရှင်ကနေ ထွက်ပြေးဖို့ကြိုးစားတာ သိရှိရတယ်.. ဒီမှာဆက်နေပြီး မစ်ရှင်ပြီးအောင်လုပ်မလား.. Level 2 အပြစ်ပေးခြင်းကို စတင်ရမလား.. ရွေးပါ.."

အရင်ကဆိုရင် system က ဒီလိုသိရှိသွားတာနဲ့ သတိပေးစကားမဆိုဘဲ Level 10 အဆင့် အပြစ်ပေးမှုကို လုပ်ဆောင်ပြီးသားဖြစ်သည်။ အခုတော့ system က 'ဖျက်ဆီးပစ်မည်' ဆိုသည့်စကားလုံးကိုမသုံးဘဲ သတိပေးပြီး Level 2 အဆင့်အပြစ်ပေးမှုဆိုတော့ ဒီဟာက အရမ်းကို ကြင်နာရာရောက်ပေသည်။ system က အားပျော့သွားတာလား၊ ကြင်နာတတ်သည့် system ဖြစ်သွားတာလား လို့တွေးပြီး ကျိုးယွင်ရှန့် စိတ်ဝင်စားကာ သိချင်သွားသည်။

လူတစ်ယောက်၏စိတ်ဝိညာဉ်ကို နာကျင်အောင် နှိပ်စက်ခဲ့တာဖြစ်လို့ 1 နာရီ၊ 2 နာရီလောက် နာကျင်မှုကတော့ ကျိုးယွင်ရှန့် မျက်နှာမပျက် ခံယူနိုင်စွမ်းရှိနေလေပြီ။ ဒါကြောင့် ဒီသတိပေးစကားက ကျိုးယွင်ရှန့်အတွက် ဟာသလောက်သာဖြစ်နေသည်။

"ကျွန်တော် ဒီမှာပဲနေတာ ပိုကောင်းမယ်ထင်တယ်.. ကျင်းရီရဲ့ဘေးမှာ ကျွန်တော် ရှိနိုင်တယ်.."

သူ့ရင်တွေက ခုန်ပေါက်နေပေမယ့် ကျိုးယွင်ရှန့် ဟန်ဆောင်ပြောလိုက်သည်။

System က အပြစ်မပေးသေးဘဲ သူ့လုပ်ဆောင်ချက်ကို စောင့်ကြည့်နေသည်။

ရွှယ်ကျင်းရီကြောင့် ဒီကောင်လေးက မြို့တော်ကိုလိုက်ခဲ့တာသိလို့ ဟွမ်ရီက ကျင်းရီဘေးကမခွာချင်တာကို ရွှယ်ဇီရွှမ် သေချာသိသည်။ ဒါကြောင့် သူ့ကို နှစ်သိမ့်လိုက်သည်။

"ကျင်းရီက ဆေးရုံတက်ရဦးမယ်လေ.. ဒီအိမ်တော်က ဆေးရုံနဲ့ဝေးလို့ ခဏတိုင်း ဆေးရုံကိုသွားကြည့်လို့မရဘူး.. တကယ်လို့ မြို့ထဲမှာနေရင် ပိုနီးသွားလို့ ဟွမ်ရီက ဆေးရုံကို နေ့တိုင်းသွားကြည့်လို့ရပြီ.. အစ်ကိုကြီးက ဆေးရုံနဲ့ မိနစ် 20 လောက်ပဲဝေးတဲ့နေရာမှာ တိုက်ခန်းတစ်ခန်းရှိတယ်.."

တကယ်တော့ ကျင်းရီက ဆေးရုံမှာ ရေရှည်မတက်ပေ။ ရွှယ်အိမ်တော်မှာ ဆေးဝါးပစ္စည်းအပြည့်အစုံနှင့် 24 နာရီ ဆရာဝန်၊ သူနာပြုတို့နှင့် ကြပ်မတ်ကုသနိုင်သောကြောင့် ဆေးရုံထက် ပိုအဆင်ပြေသည်။ ဒီအကြောင်းကို ရွှယ်ဇီရွှမ်က ကောင်လေးကို မပြောပြလိုက်တော့ပေ။ ဒီအိမ်တော်မှာကြာကြာနေရင် ရွှယ်ရန်နှင့် တစ်နေ့မဟုတ်တစ်နေ့ တွေ့သွားနိုင်လို့ ဒီကနေ အမြန်ဆုံး ထွက်ပြေးချင်နေမိသည်။

ကျိုးယွင်ရှန့်က ခဏစဉ်းစားပြီးမှ ခေါင်းညိတ်ကာ မေးလိုက်သည်။

"ကျွန်တော် တစ်ခုခု ကူပေးရမလား.."

ရွှယ်ဇီရွှမ်က သူ့ပစ္စည်းကို သူများကိုင်တာမကြိုက်လို့ ကြိုတင်ခွင့်တောင်းလိုက်သည်။ ပြောနေရင်း ရွှယ်ဇီရွှမ်က လှေကားပေါ် ဖင်ချထိုင်တာ၊ ဆေးလိပ်သောက်တာ၊ သူ့လက်ကို မလွှတ်တမ်းဆုပ်ကိုင်ထားတာ၊ သူ့ကိုဖိနပ်စီးပေးတာတွေ.. ဒါတွေက ပုံမှန်မဟုတ်တာ သတိထားလိုက်မိသည်။ ရွှယ်ဇီရွှမ်၏ အသန့်ကြိုက်လွန်ရောဂါက တစ်ညတည်းနဲ့ ပျောက်သွားတာလား..။ ဒီလိုအလွယ်တကူ ကျော်လွှားလို့ကောရရဲ့လား..။

ဒီစကားကြောင့် ရွှယ်ဇီရွှမ်၏နှလုံးသားက အပျော်တွေနဲ့ပြည့်သွားသည်။ ဒီလိုတည်ငြိမ်ပြီး အကျင့်ကောင်းသည့်ကောင်လေးကို မမြင်ရတာ ဘယ်လောက်တောင်ကြာပြီလဲ။ မနေ့ကလည်း ခုလိုလိမ္မာပြီး ဒီကောင်လေးနဲ့ ပြန်ဆုံတွေ့ခွင့်ရတာ သူ့အတွက် တကယ့်ကို ကောင်းလှသည်။

"အစ်ကိုကြီးကို အင်္ကျီကူခေါက်ပေး.."

ရွှယ်ဇီရွှမ်၏နှုတ်ခမ်းထောင့်က ကော့ညွတ်စွာပြုံးပြီး ညင်သာစွာပြောလိုက်သည်။

"ကျွန်တော် လက်အရင်သွားဆေးဦးမယ်.."

ကျိုးယွင်ရှန့်က ရေချိုးခန်းထဲဝင်ကာ ဆပ်ပြာနှင့် လက်ကို သေချာဆေးကြောလိုက်သည်။ လက်ကဒဏ်ရာက ဆရာဝန်ပေးသည့်ဆေး လိမ်းထားလို့ အညိုမည်းတွေသက်သာကာ သာမန်လက်နီးနီး ဖြစ်နေလေပြီ။

ထိုစကားကိုကြားပြီး ရွှယ်ဇီရွှမ်၏အပြုံးက တောင့်ခဲသွားသည်။ ဒီကောင်လေး၏ သတိထားသောစကားတွေအရ အရင်က သူ ဒီကောင်လေးကို ဘယ်လောက် နာကျင်အောင်လုပ်မိသည်ကို ပြန်သတိရလာသည်။ သူ့ကြောင့် ကောင်လေး၏လက် အညိုအမည်းစွဲရုံသာမက အစ်ကိုကြီးလို့လည် မခေါ်ရဲ၊ တစ်စားပွဲတည်းလည်း မစားဝံ့အောင် ဒီကောင်လေးရဲ့ရင်ထဲ နာကျင်အောင် လုပ်ခဲ့မိသည်။ လိမ္မာပြီး အကျင့်ကောင်းသည့်ကောင်လေးကို သူနှင့်ဝေးကွာအောင် သူကိုယ်တိုင်ပဲ လုပ်ခဲ့မိသည်။ ဒီလိုတွေးမိတော့ ပြန်ရှင်လာပြီးနောက်ပိုင်း ရွှယ်ဇီရွှမ်၏ရင်ထဲ ခါးသီးမှုတွေပြည့်လာသည်။ ဖြူဆွတ်သောရှပ်အင်္ကျီတွေ ချိတ်ထားသည့်ဗီရိုကို ကြောင်ငေးကြည့်ကာ သူ့ကိုယ်သူ ရွံရှာစိတ်ပျက်နေမိသည်။ သူ့စိတ်ကို ငြိမ်အောင်ထိန်းလိုက်ပြီး ရေချိုးခန်းထဲလိုက်ဝင်ခဲ့သည်။ ဆပ်ပြာမြှုပ်တွေနဲ့ ကောင်လေးရဲ့လက်ကို ညင်သာစွာပွတ်ဆေးပေးပြီး တဘက်နှင့်သုတ်ကာ ခြောက်အောင်လုပ်ပေးလိုက်သည်။

"အစာမစားခင်နဲ့ စားပြီးချိန် လက်ဆေးတာ အကျင့်ကောင်းပါပဲ.. ဒါပေမယ့် အစ်ကိုကြီးရဲ့အဝတ်အစားကို ခေါက်ပေးဖို့က လက်ဆေးဖို့မလိုပါဘူး.. အစ်ကိုကြီးက အသန့်ကြိုက်လွန်ရောဂါရှိလို့ သူများထိတာ မခံနိုင်ပေမယ့် ရှောင်ရီလေးမပါပါဘူး.. ရှောင်ရီလေးက အစ်ကိုကြီးအတွက် အထူးစပယ်ရှယ်လူသားဖြစ်လို့ ဘယ်လိုဖြစ်ဖြစ် အစ်ကိုကြီးလက်ခံတယ်.. ဘယ်လိုမှမနေဘူး.."

ရွှယ်ဇီရွှမ်က ဒီစကားတွေကို နူးညံ့စွာပြောပြီး ရှောင်ရီ၏လက်ကို သူ့ပါးပြင်နှစ်ဖက်မှာဖိကပ်ကာ ညင်သာစွာ ပွတ်သပ်ပေးနေသည်။ သူ့စကားတွေကို ကောင်လေး လက်ခံယုံကြည်လာအောင် ရူးသွပ်တောင့်တစွာ ပြောနေမိသည်။

ဒီလိုလှပပြီး တန်ဖိုးရှိသည့်လက်ကို ဘယ်သူက ဘယ်လိုဖန်ဆင်းခဲ့သလဲဆိုတာ မသိပေ။ ဒါပေမယ့် ဒီလက်တစ်စုံကို သူ့အိပ်မက်ထဲမှာ ဘယ်လောက်တောင့်တမိသလဲ၊ ဘယ်လောက်ရူးသွပ်စွာ တောင့်တမိသလဲ..။ ဒီလက်လေးကို တင်းတင်းဆုပ်ပြီး ကောင်လေးကို ခွင့်လွှတ်ပေးဖို့ ဘယ်လောက်တောင် တောင်းပန်ခဲ့ရသလဲ..။

လက်ဖဝါးလေးကရလာတဲ့ အနွေးဓာတ်ကြောင့် ဒါက အိပ်မက်မဟုတ်ဘဲ တကယ်ဆိုတာ သိလိုက်ရသည်။ သူ အမှားအများကြီးလုပ်ခဲ့ပေမယ့် ပြန်ပြင်ဖို့အခွင့်အရေးရှိသေးသည်။ ဒီအတွေးကြောင့် သူ ကျေးဇူးတင်စိတ်တို့ ပေါ်လာပြီး ဆပ်ပြာနံ့တို့မွှေးနေသည့် လက်လေးတစ်စုံကို မြတ်နိုးစွာ ထပ်ခါထပ်ခါ နမ်းရှိုက်လိုက်မိတော့သည်။

=======================


ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now