FOD Extra_1_Chapter(2-1) (Zawgyi+Unicode)

6K 816 0
                                    

FOD Extra_1_Chapter(2-1) (Zawgyi+Unicode)


ထမင္းစားခန္းထဲက အေျခအေနက ေဖာ္ေ႐ြမႈင္းၿပီးအးစက္စက္ျဖစ္ေနသည္။ လူ ၃ေယာက္က တိတ္ဆိတ္စြာ ထမင္းစားေနၿပီး   ႐ႊယ္ေလြ႕တစ္ေယာက္ပဲ က်ိဳးယြင္ရွန႔္ကို အဖက္လုပ္စကားေျပာ ေနသည္။  သူတို႔ ညစာစားတဲ့ပုံက အထက္တန္းက်ၿပီး သာမန္လူႏွင့္ မတူေပ။  က်ိဳးယြင္ရွန႔္တေယာက္ သူတို႔ေဘးမွာ ထိုင္ၿပီး စားေသာက္ေနသျဖင့္ သူ၏စားေသာက္ပုံက ဘယ္ကိုမွ မေရာက္ဖူးတဲ့ ေတာသားေလး ဆိုတဲ့အခ်က္ကို ပိုထင္ရွားလာေစသည္။ စကားေျပာေနစဥ္

 ႐ႊယ္ေလြ႕က က်ိဳးယြင္ရွန႔္ရဲ႕မိသားစုအေၾကာင္းကို ရည္႐ြယ္ခ်က္ရွိစြာ ေမးျမန္းခဲ့သည္။ က်ိဳးယြင္ရွန႔္တြင္  အေဒၚ၂ေယာက္သာရွိၿပီး သူတို႔နဲ႔လည္း အဆင္မေျပဘူးဆိုတာ သိလိုက္ရတဲ့အခါ ႐ႊယ္ေလြ႕ရဲ႕ မ်က္လုံးထဲ စိတ္သက္သာရာရသြားသည့္ ပုံေပၚလာသည္။

ေရွာင္လွ်ိဳ ႐ြာက အေနာက္ေျမာက္ကုန္းျပင္ျမင့္မွာ တည္ရွိၿပီး ေဝးလံေခါင္သီလြန္းသည့္အျပင္ လမ္းခရီးက ေတာင္မ်ားစြာ ျဖတ္သန္းသြားရသျဖင့္  သြားဖို႔မလြယ္ေပ။ ထို႐ြာမွ ၿမိဳ႕ႀကီးကိုသြားမယ္ ဆိုရင္ တျခားကမာၻတစ္ခုကို သြားရသလိုကို ခက္ခဲလွသည္။  ဒီေကာင္ေလးသာ ဒုကၡေရာက္ေနခဲ့မယ္ဆိုရင္ အေနာက္ေျမာက္ေဒသက ေဆြမ်ိဳးေတြက မသိႏိုင္သလို တကယ္လို႔ သိသြားခဲ့မယ္ဆိုရင္လည္း သူတို႔ ဘာမွ မကူညီႏိုင္ေပ။ ဒါက အာဏာ၊ စည္းစိမ္နဲ႔ အဆင့္အတန္း ျမင့္မားျခင္း ေၾကာင့္ လူ႔အဖြဲ႕အစည္းေအာက္ေျခက ဆင္းရဲသားေတြက အထက္တန္းလႊာ လူခ်မ္းသာေတြဖိႏွိပ္တာကို ဘယ္ေတာ့မွ မတြန္းလွန္ ႏိုင္ေပ။

႐ႊယ္ေလြ႕က ေကာင္ေလးကို အကဲခတ္ေနတဲ့အခ်ိန္မွာ ေကာင္ေလးကလည္း သူ႔ကို ျပန္အကဲခတ္ေနတယ္ဆိုတာ သူ လုံးဝ မသိခဲ့ေပ။ သူ႔ သေဘာထားနဲ႔ အျပဳအမူေၾကာင့္ ေကာင္ေလး က အသုံးဝင္တဲ့သတင္းေတြ အမ်ားႀကီးကို သူ႔ဆီကေန သိလိုက္ရသည္ က်ိဳးယြင္ရွန႔္က အနာဂတ္မွာ  ခါးသီးတဲ့အျဖစ္အပ်က္ေတြ ဘယ္ေလာက္ ေတြ႕ရမလဲဆိုတာ မွန္းဆၾကည့္ေနသည္။

လူတိုင္း ကိုယ့္အေတြးနဲ႔ကိုယ္ ညစာကို လက္စသတ္လိုက္ၿပီး ႐ႊယ္လီဒန္နီက ႐ႊယ္က်င္းရီ piano တီး ေလ့က်င့္ေစရန္ အေပၚထပ္ကိုေခၚသြားသည္။ ႐ႊယ္ေလြ႕က သားျဖစ္သူ  ႐ႊယ္ဇီ႐ႊမ္ကိုေခၚၿပီး ေမြးစားတဲ့ကိစၥေမးျမန္းေတာ့  ႐ႊယ္ဇီ႐ႊမ္က သေရာ္သလိုျဖင့္ စိုက္ၾကည့္လိုက္ၿပီး ဘာမွ မေျပာပဲ  လွည့္ထြက္သြားသည္။ သားျဖစ္သူ၏ အျပဳမႈေၾကာင့္ ႐ႊယ္ေလြ႕  အရမ္း အရွက္ရသြားသည္။ သူ႔သားက ေကာင္ေလးကိုေခၚလာခ်ိန္မွာ ဒီေကာင္ေလးကို က်ဳံးသြင္းဖို႔  ေႏြးေထြးတဲ့အကိုႀကီးလိုမ်ိဳး  ဟန္ေဆာင္ေပးလိမ့္မည္ဟု ထင္ခဲ့ေပမယ့္ သူ႔သားက ဟန္ေဆာင္ဖို႔ရာ အလြန္ပ်င္းရိေနလိမ့္မည္ဟု သူ မထင္ထားမိေပ။ ႐ႊယ္ေလြ႕ ဟန္ေဆာင္ေခ်ာင္းဆိုးလိုက္ၿပီး  ခါးသီးစြာ ေျပာလိုက္သည္။

"မင္းရဲ႕ အကိုႀကီးက အႏုပညာရွင္ျဖစ္လို႔ သူ႔စိတ္က နည္းနည္း ထူးျခား တယ္။ အခ်ိန္အေတာ္မ်ားမ်ားေတာ့ ခုလို မဟုတ္ပါဘူးကြယ္။  မင္းကို ေမြးစားဖို႔ကိစၥ ဦးေလး စီစဥ္ေပးမယ္။ ဒါေပမယ့္  ေက်ာင္းကို ေနာက္ႏွစ္မွ တက္ရမယ္ေနာ္။ မင္းအခုခ်ိန္ အတန္းတက္ရင္  ၿမိဳ႕ေက်ာင္းသားေတြကို မလိုက္ႏိုင္မွာစိုးလို႔ ဒီႏွစ္ေတာ့ အိမ္မွာပဲသင္ဖို႔ စီစဥ္ထားတယ္။ ဘယ္လို သေဘာရလဲ"

က်ိဳးယြင္ရွန႔္က ဘာမွမေျပာပဲ ယုတၱိရွိရွိ ေခါင္းၿငိမ့္ၿပီး  ခ်ိဳသာတဲ့ စကားေတြ ေျပာလိုက္ကာ လူလည္ႀကီး႐ႊယ္ေလြ႕ကို ႏႈတ္ဆက္ၿပီး ကိုယ္ကို ၫြတ္ကိုင္းလို႔ အေပၚထပ္ကို တက္သြားလိုက္သည္။ သူလာတဲ့ လမ္းမွာ ႐ႊယ္ဇီ႐ႊမ္ လွမ္းတာၿပီး အညိဳေရာင္ စကၠဴအိတ္ႀကီး ကို သူ႔လက္ထဲ ထည့္လိုက္သည္။

"မင္းနဲ႔ ပတ္သတ္တဲ့အခ်က္အလက္ေတြ"

႐ႊယ္ဇီ႐ႊမ္ စိတ္မပါစြာေျပာသျဖင့္ က်ိဳးယြင္ရွန႔္က  ေၾကာက္လန႔္ေနတဲ့ အမူအရာ လုပ္ျပၿပီး လက္ႏွစ္ဖက္နဲ႔ ယူလိုက္သည္။

လမ္းတစ္ဝက္မွာ  ေကာင္ေလးထြက္ေျပးမွာစိုးလို႔  မွတ္ပုံတင္၊ပတ္စ္ပို႔ ေတြကို လက္ေထာက္ဆီမွာ ထားခဲ့ၿပီး အခုေကာင္ေလးက သူတို႔ ပိုင္နက္ထဲဝင္လာၿပီျဖစ္လို႔  ဆက္သိမ္းထားဖို႔မလိုေတာ့ေပ။ ႐ႊယ္ဇီ႐ႊမ္ ရဲ႕အမူအရာက ႐ြံရွာတဲ့ပုံေပၚေနသည္။ေမြးစားတယ္ဆိုတာ တကယ္ေတာ့  လိမ္ျခင္းျဖစ္သည္။ သူတို႔အားလုံး က်ိဳးယြင္ရွန႔္ကို  သူ႔ကိုေမြးစားဖို႔  အစီအစဥ္ မရွိပဲ တမင္လိမ္လည္ေနၾကျခင္းျဖစ္သည္။ ႐ႊယ္ေလြ႕က အက်ိဳးရွိမယ္ဆိုရင္ ဘာမဆိုလုပ္မယ့္ စီးပြားေရး သမားျဖစ္လို႔  ဒီကိစၥကို ေသခ်ာကိုင္တြယ္ႏိုင္မယ္ဆိုရင္  က်ိဳးယြင္ရွန႔္  အေပၚကို လွည့္ကြက္ အမ်ားႀကီးသုံး စရာမလိုေလာက္ေပ။ ေက်ာက္ကပ္၊ အသည္း ဒါမွမဟုတ္ ႐ိုးတြင္းျခင္ဆီ ဆုံးရႉံးတာက အသက္အႏၲရာယ္ မရွိေလာက္ေပ။  သူတို႔က ဒီေကာင္ေလး သူ႔ညီမအရင္းကို မ်က္ႏွာ မလြဲဖို႔ ေျဖာင္းျဖႏိုင္သည္ မဟုတ္လား။ 

က်ိဳးယြင္ရွန႔္ သာ  ႐ႊယ္ေလြ႕ေနရာမွာဆိုရင္
ပထမဆုံး သူ႔ကိုယုံၾကည္လာေအာင္လုပ္မည္။ ၿပီးရင္ ေျဖာင္းျဖၿပီး အဆုံးမွာ ကိုယ့္အက်ိဳးအတြက္ပဲ လုပ္လိုက္မည္။ သူ သေဘာမတူ ရင္ေတာင္ ႐ြာေသးေသးေလးကလြဲၿပီး ဘယ္မွ မေရာက္ဖူးတဲ့ ေတာသားေလး ကို သိမ္းသြင္းဖို႔ဆိုတာ အရမ္းလြယ္ပါသည္။ ဒါေပမယ့္ သူတို႔က ဘာမွ မေျပာပဲ သူ႔ကို ဟန္ေဆာင္ေမြးစားထားတဲ့ အခ်ိန္မွာ ႐ႊယ္က်င္းရီရဲ႕ က်န္းမာေရး အေျခအေနကို ဖုံးကြယ္ထားသျဖင့္ သူ႔ အသက္ကိုပါ ေဖ်ာက္ဖ်က္ဖို႔ႀကိဳးစားေနတဲ့ လကၡဏာပဲ။ ေသခ်ာေပါက္ သူတို႔လိုခ်င္ေနတဲ့ ကိုယ္တြင္းအစိတ္အပိုင္းက သူ႔အသက္ကို ႏူတ္ယူ သြားႏိုင္တဲ့အရာပဲ ျဖစ္ရမည္။

အညိဳေရာင္စကၠဴအိတ္ကို က်ိဳးယြင္ရွန႔္ ယူလိုက္ၿပီး  ၿပဳံးျပကာ ခ်ိဳသာစြာေျပာလိုက္ေပမယ့္ သူ႔စိတ္ထဲမွာေတာ့ ႐ႊယ္မိသားစုကို မုန္းတီးစြာနဲ႔ က်ိန္ဆဲ ေနသည္။ ဗီလိန္ system သာမရွိဘူးဆိုရင္  သူ႔ကို မသမာတဲ့လုပ္ရပ္ လုပ္တဲ့ လူအားလုံးကို ငရဲျပည္ကို ပို႔ပစ္လိုက္မွာျဖစ္သည္။

"ေက်းဇူးတင္ပါတယ္ အကိုႀကီး"

ေကာင္ေလးရဲ႕မ်က္ဝန္းေတြက ေတာက္ပၿပီး ၿပဳံးေနေပမယ့္ ႐ႊယ္ဇီ႐ႊမ္ ကို သူ႔အေပၚ အေကာင္းျမင္ေအာင္ မလုပ္ႏိုင္ေပ။ ႐ႊယ္ဇီ႐ႊမ္ အေပၚထပ္ တက္ေနရင္းနဲ႔ ေအးစက္စြာလွမ္း ေျပာလိုက္သည္။

" မင္းလိုက္နာရမယ့္ ဒုတိယစည္းကမ္းက  ငါ့ကို အကိုႀကီးလို႔ မေခၚရဘူး"

သူ႔ရဲ႕တည္ရွိမႈကို အသိအမွတ္မျပဳခ်င္တဲ့သေဘာလား။ သူက ေသလူျဖစ္လို႔ စာနာစိတ္ေလးေတာင္မထားခ်င္ေတာ့တာလား။ ဒါမွမဟုတ္ ႐ႊယ္ဇီ႐ႊမ္ က ခံစားခ်က္မရွိတဲ့ မေကာင္းဆိုးဝါးႀကီးလား။ ေျဖာင့္မတ္ေနတဲ့ လူငယ္ေလးရဲ႕ေနာက္ေက်ာကို က်ိဳးယြင္ရွန႔္ စိုက္ၾကည့္ၿပီး ေအးစက္စြာ ရယ္ေမာလိုက္သည္။ တစ္ရက္နဲ႔ တစ္ည အခ်ိန္ ကုန္ၿပီးေနာက္ ႐ႊယ္ဇီ႐ႊမ္က ဘယ္လိုလူမ်ိဳးလဲဆိုတာ သူသိေနၿပီး ျဖစ္သည္။ ဒီလူက  ကိုယ္ခ်င္းစာစိတ္မရွိတဲ့၊ အမွန္အမွားမသိ ကိုယ္က်င့္တရားမရွိတဲ့ မေကာင္းဆိုးဝါးႀကီးပဲ။ သူ႔မ်က္လုံးထဲမွာ လူတိုင္းက တန္ဖိုးမရွိတဲ့အရာေတြျဖစ္ၿပီး  သူ႔ကိုယ္သူ လူေတြနဲ႔ မတူ ကြဲျပားတယ္လို႔ ထင္ေနတယ္။ သူ႔မိသားစုအပါအဝင္ ဘယ္သူမွ သူ႔ႏွလုံးသားထဲ မရွိဘူး။

ႏွစ္ေယာက္  စကားေျပာၿပီး  တစ္ေယာက္က ဒုတိယထပ္ ေကာ္ရစ္ဒါမွာ ရပ္ေနၿပီး အျခားတစ္ေယာက္ ထြက္သြားတာကိုၾကည့္ၿပီးေနာက္ ျဖည္းညင္းစြာ  အေပၚထပ္တက္သြားေတာ့သည္။ ႐ႊယ္က်င္းရီ အခန္းတံခါးကိုတိတ္တိတ္ဖြင့္ၿပီး ေခါင္းျပဴၾကည့္ လိုက္တဲ့အခါမွာ ဒီျမင္ကြင္းကိုျမင္လိုက္ရလို႔  ေခ်ာင္းၾကည့္ရင္းနဲ႔  မ်က္ႏွာ  ျဖဴေဖ်ာ့လာ ခဲ့သည္။  လူႏွစ္ေယာက္အတူရပ္ေနတဲ့အခ်ိန္မွာ အရမ္းေတာက္ပေနၿပီး ဘာေၾကာင့္မွန္း မသိ ဒီလိုအၾကည့္တစ္ခ်က္က သူမကိုေၾကာက္႐ြံ႕သြား ေစသျဖင့္ သူတို႔ႏွစ္ေယာက္ၾကား ေျပးသြားၿပီး လူခ်င္းဆြဲခြာပစ္ခ်င္စိတ္  မနည္းထိန္းထားရသည္။

 သူမ ဘာလို႔ အဲ့လိုခံစားေနရသည္ကို နားမလည္ႏိုင္စြာျဖင့္ တုန္ယင္လာ သည့္ ရင္ဘတ္ကို လက္ႏွင့္ အသာဖိၿပီး စိတ္ၿငိမ္ေအာင္ အသက္ျပင္းျပင္း ရႉလိုက္မိသည္။ အခု သူမ အရမ္းကို ေနာင္တရေနမိေလၿပီ။ ဘာေၾကာင့္ သူမ အေဖနဲ႔ ဖူဘိုစကားေျပာတာကို နားေထာင္မိၿပီး အမႊာအကိုရွိသည္ကို သိကာ စိတ္လႈပ္ရွားစြာငိုယိုၿပီး ျပန္ေခၚေပးဖို႔ ဘာေၾကာင့္ ေတာင္းဆိုမိ သည္ကို ကိုယ့္ဖာသာသာ နားမလည္ေတာ့ေပ။

ဟြမ္ရီကို အိမ္က ႏွင္ထုတ္ဖို႔  မိဘေတြကို ေျပာခ်င္ေပမယ့္  ကိုယ္တိုင္ေျပာ မထြက္ႏိုင္ေပ။  မိဘေတြရဲ႕ အထင္ေသးမႈနဲ႔ အကိုႀကီးရဲ႕   ႐ိုင္းတယ္လို႔ အထင္မခံႏိုင္ေပ။ ဒီအေၾကာင္းေနာက္မွပဲစဥ္းစားမည္ဟု ေတြးကာ သူမ ႏႈတ္ခမ္းကိုက္ၿပီး တံခါးပိတ္မလို႔လုပ္စဥ္ ဟြမ္ရီ သူမဆီ လာေနတာကို ေတြ႕လိုက္သည္။ တံခါးအျပင္နားမွ ရပ္ကာ ဟြမ္ရီက သူမကို ေမးခဲ့သည္။

"ညီမေလး...အကို ဝင္လာၿပီး စကားေျပာလို႔ရမလား"

"ေနာက္က်ေနၿပီ။ ကြၽန္မ အိပ္ေတာ့မွာ"

႐ႊယ္က်င္းရီ ယဥ္ေက်းဖို႔ စိတ္မဝင္စားပဲ တံခါးကိုအသံျမည္ေအာင္ ေဆာင့္ပိတ္ခ်လိုက္ တာက ေကာင္ေလးရဲ႕ႏွာေခါင္း ထိလုနီးပါးျဖစ္သည္။

က်ိဳးယြင္ရွန႔္  ရင္နာစြာျဖင့္ ထိုေနရာတြင္ အခ်ိန္အၾကာႀကီးရပ္ေနၿပီးမွ  သူ႔အခန္းဆီျပန္လာခဲ့သည္။ သူက တံခါးကို အသာပိတ္လိုက္ၿပီးတဲ့ေနာက္ သူ႔အမူအရာက ဂ႐ုမစိုက္တတ္တဲ့ပုံ ျပန္ ေျပာင္းသြားၿပီး သူ႔မ်က္ဝန္း ေတြ က ေအးစက္  နက္ေမွာင္ကာ ေတာက္ပေနသည္။  သူ systemကို ဆက္သြယ္ကာ ၾကည့္လိုက္ေတာ့ သူအလုပ္ၿပီးေျမာက္မႈႏႈန္းက 0% ျဖစ္ေနဆဲပင္။

 နည္းနည္းစဥ္းစားၾကည့္ၿပီး   system ေပးတဲ့တာဝန္ ေအာင္ျမင္ဖို႔  လုံး၀ မျဖစ္ႏိုင္တာ သိလိုက္သည္။ ဇာတ္လိုက္ဆိုတာက ဘာ အတြက္ရွိ ေနတာလဲ။ ဗီလိန္ရဲ႕  အဓိပၸါယ္က က်ဆုံးျခင္းပဲ။  တာဝန္ေတြ မေအာင္ျမင္တာ  ဗီလိန္ရဲ႕ ထုံးစံျဖစ္ၿပီး  system ကေျပာတဲ့  တာဝန္ေတြဆိုတာ တကယ္ေတာ့ ေထာင္ေခ်ာက္ေတြျဖစ္ၿပီး သူ ေထာင္ေခ်ာက္ထဲ က်တာကို ၾကည့္ၿပီးေနာက္  ဇာတ္လိုက္မက အေပၚကေန တြင္းကို ဖို႔လိမ့္မည္။ ေနာက္ဆုံးရလဒ္ကေတာ့ သူ အရွင္လတ္လတ္ ေျမျမႇဳပ္ခံရဖို႔ပဲျဖစ္သည္။

=====================
FOD Extra_1_Chapter(2-1) (Zawgyi+Unicode)


ထမင်းစားခန်းထဲက အခြေအနေက ဖော်ရွေမှုင်းပြီးအးစက်စက်ဖြစ်နေသည်။ လူ ၃ယောက်က တိတ်ဆိတ်စွာ ထမင်းစားနေပြီး   ရွှယ်လွေ့တစ်ယောက်ပဲ ကျိုးယွင်ရှန့်ကို အဖက်လုပ်စကားပြော နေသည်။  သူတို့ ညစာစားတဲ့ပုံက အထက်တန်းကျပြီး သာမန်လူနှင့် မတူပေ။  ကျိုးယွင်ရှန့်တယောက် သူတို့ဘေးမှာ ထိုင်ပြီး စားသောက်နေသဖြင့် သူ၏စားသောက်ပုံက ဘယ်ကိုမှ မရောက်ဖူးတဲ့ တောသားလေး ဆိုတဲ့အချက်ကို ပိုထင်ရှားလာစေသည်။ စကားပြောနေစဉ်

 ရွှယ်လွေ့က ကျိုးယွင်ရှန့်ရဲ့မိသားစုအကြောင်းကို ရည်ရွယ်ချက်ရှိစွာ မေးမြန်းခဲ့သည်။ ကျိုးယွင်ရှန့်တွင်  အဒေါ်၂ယောက်သာရှိပြီး သူတို့နဲ့လည်း အဆင်မပြေဘူးဆိုတာ သိလိုက်ရတဲ့အခါ ရွှယ်လွေ့ရဲ့ မျက်လုံးထဲ စိတ်သက်သာရာရသွားသည့် ပုံပေါ်လာသည်။

ရှောင်လျှို ရွာက အနောက်မြောက်ကုန်းပြင်မြင့်မှာ တည်ရှိပြီး ဝေးလံခေါင်သီလွန်းသည့်အပြင် လမ်းခရီးက တောင်များစွာ ဖြတ်သန်းသွားရသဖြင့်  သွားဖို့မလွယ်ပေ။ ထိုရွာမှ မြို့ကြီးကိုသွားမယ် ဆိုရင် တခြားကမ္ဘာတစ်ခုကို သွားရသလိုကို ခက်ခဲလှသည်။  ဒီကောင်လေးသာ ဒုက္ခရောက်နေခဲ့မယ်ဆိုရင် အနောက်မြောက်ဒေသက ဆွေမျိုးတွေက မသိနိုင်သလို တကယ်လို့ သိသွားခဲ့မယ်ဆိုရင်လည်း သူတို့ ဘာမှ မကူညီနိုင်ပေ။ ဒါက အာဏာ၊ စည်းစိမ်နဲ့ အဆင့်အတန်း မြင့်မားခြင်း ကြောင့် လူ့အဖွဲ့အစည်းအောက်ခြေက ဆင်းရဲသားတွေက အထက်တန်းလွှာ လူချမ်းသာတွေဖိနှိပ်တာကို ဘယ်တော့မှ မတွန်းလှန် နိုင်ပေ။

ရွှယ်လွေ့က ကောင်လေးကို အကဲခတ်နေတဲ့အချိန်မှာ ကောင်လေးကလည်း သူ့ကို ပြန်အကဲခတ်နေတယ်ဆိုတာ သူ လုံးဝ မသိခဲ့ပေ။ သူ့ သဘောထားနဲ့ အပြုအမူကြောင့် ကောင်လေး က အသုံးဝင်တဲ့သတင်းတွေ အများကြီးကို သူ့ဆီကနေ သိလိုက်ရသည် ကျိုးယွင်ရှန့်က အနာဂတ်မှာ  ခါးသီးတဲ့အဖြစ်အပျက်တွေ ဘယ်လောက် တွေ့ရမလဲဆိုတာ မှန်းဆကြည့်နေသည်။

လူတိုင်း ကိုယ့်အတွေးနဲ့ကိုယ် ညစာကို လက်စသတ်လိုက်ပြီး ရွှယ်လီဒန်နီက ရွှယ်ကျင်းရီ piano တီး လေ့ကျင့်စေရန် အပေါ်ထပ်ကိုခေါ်သွားသည်။ ရွှယ်လွေ့က သားဖြစ်သူ  ရွှယ်ဇီရွှမ်ကိုခေါ်ပြီး မွေးစားတဲ့ကိစ္စမေးမြန်းတော့  ရွှယ်ဇီရွှမ်က သရော်သလိုဖြင့် စိုက်ကြည့်လိုက်ပြီး ဘာမှ မပြောပဲ  လှည့်ထွက်သွားသည်။ သားဖြစ်သူ၏ အပြုမှုကြောင့် ရွှယ်လွေ့  အရမ်း အရှက်ရသွားသည်။ သူ့သားက ကောင်လေးကိုခေါ်လာချိန်မှာ ဒီကောင်လေးကို ကျုံးသွင်းဖို့  နွေးထွေးတဲ့အကိုကြီးလိုမျိုး  ဟန်ဆောင်ပေးလိမ့်မည်ဟု ထင်ခဲ့ပေမယ့် သူ့သားက ဟန်ဆောင်ဖို့ရာ အလွန်ပျင်းရိနေလိမ့်မည်ဟု သူ မထင်ထားမိပေ။ ရွှယ်လွေ့ ဟန်ဆောင်ချောင်းဆိုးလိုက်ပြီး  ခါးသီးစွာ ပြောလိုက်သည်။

"မင်းရဲ့ အကိုကြီးက အနုပညာရှင်ဖြစ်လို့ သူ့စိတ်က နည်းနည်း ထူးခြား တယ်။ အချိန်အတော်များများတော့ ခုလို မဟုတ်ပါဘူးကွယ်။  မင်းကို မွေးစားဖို့ကိစ္စ ဦးလေး စီစဉ်ပေးမယ်။ ဒါပေမယ့်  ကျောင်းကို နောက်နှစ်မှ တက်ရမယ်နော်။ မင်းအခုချိန် အတန်းတက်ရင်  မြို့ကျောင်းသားတွေကို မလိုက်နိုင်မှာစိုးလို့ ဒီနှစ်တော့ အိမ်မှာပဲသင်ဖို့ စီစဉ်ထားတယ်။ ဘယ်လို သဘောရလဲ"

ကျိုးယွင်ရှန့်က ဘာမှမပြောပဲ ယုတ္တိရှိရှိ ခေါင်းငြိမ့်ပြီး  ချိုသာတဲ့ စကားတွေ ပြောလိုက်ကာ လူလည်ကြီးရွှယ်လွေ့ကို နှုတ်ဆက်ပြီး ကိုယ်ကို ညွတ်ကိုင်းလို့ အပေါ်ထပ်ကို တက်သွားလိုက်သည်။ သူလာတဲ့ လမ်းမှာ ရွှယ်ဇီရွှမ် လှမ်းတာပြီး အညိုရောင် စက္ကူအိတ်ကြီး ကို သူ့လက်ထဲ ထည့်လိုက်သည်။

"မင်းနဲ့ ပတ်သတ်တဲ့အချက်အလက်တွေ"

ရွှယ်ဇီရွှမ် စိတ်မပါစွာပြောသဖြင့် ကျိုးယွင်ရှန့်က  ကြောက်လန့်နေတဲ့ အမူအရာ လုပ်ပြပြီး လက်နှစ်ဖက်နဲ့ ယူလိုက်သည်။

လမ်းတစ်ဝက်မှာ  ကောင်လေးထွက်ပြေးမှာစိုးလို့  မှတ်ပုံတင်၊ပတ်စ်ပို့ တွေကို လက်ထောက်ဆီမှာ ထားခဲ့ပြီး အခုကောင်လေးက သူတို့ ပိုင်နက်ထဲဝင်လာပြီဖြစ်လို့  ဆက်သိမ်းထားဖို့မလိုတော့ပေ။ ရွှယ်ဇီရွှမ် ရဲ့အမူအရာက ရွံရှာတဲ့ပုံပေါ်နေသည်။မွေးစားတယ်ဆိုတာ တကယ်တော့  လိမ်ခြင်းဖြစ်သည်။ သူတို့အားလုံး ကျိုးယွင်ရှန့်ကို  သူ့ကိုမွေးစားဖို့  အစီအစဉ် မရှိပဲ တမင်လိမ်လည်နေကြခြင်းဖြစ်သည်။ ရွှယ်လွေ့က အကျိုးရှိမယ်ဆိုရင် ဘာမဆိုလုပ်မယ့် စီးပွားရေး သမားဖြစ်လို့  ဒီကိစ္စကို သေချာကိုင်တွယ်နိုင်မယ်ဆိုရင်  ကျိုးယွင်ရှန့်  အပေါ်ကို လှည့်ကွက် အများကြီးသုံး စရာမလိုလောက်ပေ။ ကျောက်ကပ်၊ အသည်း ဒါမှမဟုတ် ရိုးတွင်းခြင်ဆီ ဆုံးရှူံးတာက အသက်အန္တရာယ် မရှိလောက်ပေ။  သူတို့က ဒီကောင်လေး သူ့ညီမအရင်းကို မျက်နှာ မလွဲဖို့ ဖြောင်းဖြနိုင်သည် မဟုတ်လား။ 

ကျိုးယွင်ရှန့် သာ  ရွှယ်လွေ့နေရာမှာဆိုရင်
ပထမဆုံး သူ့ကိုယုံကြည်လာအောင်လုပ်မည်။ ပြီးရင် ဖြောင်းဖြပြီး အဆုံးမှာ ကိုယ့်အကျိုးအတွက်ပဲ လုပ်လိုက်မည်။ သူ သဘောမတူ ရင်တောင် ရွာသေးသေးလေးကလွဲပြီး ဘယ်မှ မရောက်ဖူးတဲ့ တောသားလေး ကို သိမ်းသွင်းဖို့ဆိုတာ အရမ်းလွယ်ပါသည်။ ဒါပေမယ့် သူတို့က ဘာမှ မပြောပဲ သူ့ကို ဟန်ဆောင်မွေးစားထားတဲ့ အချိန်မှာ ရွှယ်ကျင်းရီရဲ့ ကျန်းမာရေး အခြေအနေကို ဖုံးကွယ်ထားသဖြင့် သူ့ အသက်ကိုပါ ဖျောက်ဖျက်ဖို့ကြိုးစားနေတဲ့ လက္ခဏာပဲ။ သေချာပေါက် သူတို့လိုချင်နေတဲ့ ကိုယ်တွင်းအစိတ်အပိုင်းက သူ့အသက်ကို နူတ်ယူ သွားနိုင်တဲ့အရာပဲ ဖြစ်ရမည်။

အညိုရောင်စက္ကူအိတ်ကို ကျိုးယွင်ရှန့် ယူလိုက်ပြီး  ပြုံးပြကာ ချိုသာစွာပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ ရွှယ်မိသားစုကို မုန်းတီးစွာနဲ့ ကျိန်ဆဲ နေသည်။ ဗီလိန် system သာမရှိဘူးဆိုရင်  သူ့ကို မသမာတဲ့လုပ်ရပ် လုပ်တဲ့ လူအားလုံးကို ငရဲပြည်ကို ပို့ပစ်လိုက်မှာဖြစ်သည်။

"ကျေးဇူးတင်ပါတယ် အကိုကြီး"

ကောင်လေးရဲ့မျက်ဝန်းတွေက တောက်ပပြီး ပြုံးနေပေမယ့် ရွှယ်ဇီရွှမ် ကို သူ့အပေါ် အကောင်းမြင်အောင် မလုပ်နိုင်ပေ။ ရွှယ်ဇီရွှမ် အပေါ်ထပ် တက်နေရင်းနဲ့ အေးစက်စွာလှမ်း ပြောလိုက်သည်။

" မင်းလိုက်နာရမယ့် ဒုတိယစည်းကမ်းက  ငါ့ကို အကိုကြီးလို့ မခေါ်ရဘူး"

သူ့ရဲ့တည်ရှိမှုကို အသိအမှတ်မပြုချင်တဲ့သဘောလား။ သူက သေလူဖြစ်လို့ စာနာစိတ်လေးတောင်မထားချင်တော့တာလား။ ဒါမှမဟုတ် ရွှယ်ဇီရွှမ် က ခံစားချက်မရှိတဲ့ မကောင်းဆိုးဝါးကြီးလား။ ဖြောင့်မတ်နေတဲ့ လူငယ်လေးရဲ့နောက်ကျောကို ကျိုးယွင်ရှန့် စိုက်ကြည့်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။ တစ်ရက်နဲ့ တစ်ည အချိန် ကုန်ပြီးနောက် ရွှယ်ဇီရွှမ်က ဘယ်လိုလူမျိုးလဲဆိုတာ သူသိနေပြီး ဖြစ်သည်။ ဒီလူက  ကိုယ်ချင်းစာစိတ်မရှိတဲ့၊ အမှန်အမှားမသိ ကိုယ်ကျင့်တရားမရှိတဲ့ မကောင်းဆိုးဝါးကြီးပဲ။ သူ့မျက်လုံးထဲမှာ လူတိုင်းက တန်ဖိုးမရှိတဲ့အရာတွေဖြစ်ပြီး  သူ့ကိုယ်သူ လူတွေနဲ့ မတူ ကွဲပြားတယ်လို့ ထင်နေတယ်။ သူ့မိသားစုအပါအဝင် ဘယ်သူမှ သူ့နှလုံးသားထဲ မရှိဘူး။

နှစ်ယောက်  စကားပြောပြီး  တစ်ယောက်က ဒုတိယထပ် ကော်ရစ်ဒါမှာ ရပ်နေပြီး အခြားတစ်ယောက် ထွက်သွားတာကိုကြည့်ပြီးနောက် ဖြည်းညင်းစွာ  အပေါ်ထပ်တက်သွားတော့သည်။ ရွှယ်ကျင်းရီ အခန်းတံခါးကိုတိတ်တိတ်ဖွင့်ပြီး ခေါင်းပြူကြည့် လိုက်တဲ့အခါမှာ ဒီမြင်ကွင်းကိုမြင်လိုက်ရလို့  ချောင်းကြည့်ရင်းနဲ့  မျက်နှာ  ဖြူဖျော့လာ ခဲ့သည်။  လူနှစ်ယောက်အတူရပ်နေတဲ့အချိန်မှာ အရမ်းတောက်ပနေပြီး ဘာကြောင့်မှန်း မသိ ဒီလိုအကြည့်တစ်ချက်က သူမကိုကြောက်ရွံ့သွား စေသဖြင့် သူတို့နှစ်ယောက်ကြား ပြေးသွားပြီး လူချင်းဆွဲခွာပစ်ချင်စိတ်  မနည်းထိန်းထားရသည်။

 သူမ ဘာလို့ အဲ့လိုခံစားနေရသည်ကို နားမလည်နိုင်စွာဖြင့် တုန်ယင်လာ သည့် ရင်ဘတ်ကို လက်နှင့် အသာဖိပြီး စိတ်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်မိသည်။ အခု သူမ အရမ်းကို နောင်တရနေမိလေပြီ။ ဘာကြောင့် သူမ အဖေနဲ့ ဖူဘိုစကားပြောတာကို နားထောင်မိပြီး အမွှာအကိုရှိသည်ကို သိကာ စိတ်လှုပ်ရှားစွာငိုယိုပြီး ပြန်ခေါ်ပေးဖို့ ဘာကြောင့် တောင်းဆိုမိ သည်ကို ကိုယ့်ဖာသာသာ နားမလည်တော့ပေ။

ဟွမ်ရီကို အိမ်က နှင်ထုတ်ဖို့  မိဘတွေကို ပြောချင်ပေမယ့်  ကိုယ်တိုင်ပြော မထွက်နိုင်ပေ။  မိဘတွေရဲ့ အထင်သေးမှုနဲ့ အကိုကြီးရဲ့   ရိုင်းတယ်လို့ အထင်မခံနိုင်ပေ။ ဒီအကြောင်းနောက်မှပဲစဉ်းစားမည်ဟု တွေးကာ သူမ နှုတ်ခမ်းကိုက်ပြီး တံခါးပိတ်မလို့လုပ်စဉ် ဟွမ်ရီ သူမဆီ လာနေတာကို တွေ့လိုက်သည်။ တံခါးအပြင်နားမှ ရပ်ကာ ဟွမ်ရီက သူမကို မေးခဲ့သည်။

"ညီမလေး...အကို ဝင်လာပြီး စကားပြောလို့ရမလား"

"နောက်ကျနေပြီ။ ကျွန်မ အိပ်တော့မှာ"

ရွှယ်ကျင်းရီ ယဉ်ကျေးဖို့ စိတ်မဝင်စားပဲ တံခါးကိုအသံမြည်အောင် ဆောင့်ပိတ်ချလိုက် တာက ကောင်လေးရဲ့နှာခေါင်း ထိလုနီးပါးဖြစ်သည်။

ကျိုးယွင်ရှန့်  ရင်နာစွာဖြင့် ထိုနေရာတွင် အချိန်အကြာကြီးရပ်နေပြီးမှ  သူ့အခန်းဆီပြန်လာခဲ့သည်။ သူက တံခါးကို အသာပိတ်လိုက်ပြီးတဲ့နောက် သူ့အမူအရာက ဂရုမစိုက်တတ်တဲ့ပုံ ပြန် ပြောင်းသွားပြီး သူ့မျက်ဝန်း တွေ က အေးစက်  နက်မှောင်ကာ တောက်ပနေသည်။  သူ systemကို ဆက်သွယ်ကာ ကြည့်လိုက်တော့ သူအလုပ်ပြီးမြောက်မှုနှုန်းက 0% ဖြစ်နေဆဲပင်။

 နည်းနည်းစဉ်းစားကြည့်ပြီး   system ပေးတဲ့တာဝန် အောင်မြင်ဖို့  လုံး၀ မဖြစ်နိုင်တာ သိလိုက်သည်။ ဇာတ်လိုက်ဆိုတာက ဘာ အတွက်ရှိ နေတာလဲ။ ဗီလိန်ရဲ့  အဓိပ္ပါယ်က ကျဆုံးခြင်းပဲ။  တာဝန်တွေ မအောင်မြင်တာ  ဗီလိန်ရဲ့ ထုံးစံဖြစ်ပြီး  system ကပြောတဲ့  တာဝန်တွေဆိုတာ တကယ်တော့ ထောင်ချောက်တွေဖြစ်ပြီး သူ ထောင်ချောက်ထဲ ကျတာကို ကြည့်ပြီးနောက်  ဇာတ်လိုက်မက အပေါ်ကနေ တွင်းကို ဖို့လိမ့်မည်။ နောက်ဆုံးရလဒ်ကတော့ သူ အရှင်လတ်လတ် မြေမြှုပ်ခံရဖို့ပဲဖြစ်သည်။

=====================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now