FOD Extra 1 - Chapter (3-1) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း

7.4K 942 1
                                    

FOD Extra 1 - Chapter (3-1) - လူသားကမာၻသို႔ ျပန္လည္ေရာက္ရွိျခင္း

ျပည့္စံုလြန္းလွသည့္ အိပ္မက္နယ္ေျမတြင္ ရႊယ္ဇီရႊမ္က မ်က္လံုးကို ျဖည္းညွင္းစြာဖြင့္လိုက္သည္။ ပထမ သူက လူ႔ေလာကကေန ထြက္ခြာခဲ့ရၿပီလို႔ထင္ေပမယ့္ ဘာေၾကာင့္ နယ္နိမိတ္ကင္းမဲ့သည့္ အာကာသထဲေရာက္ေနသည္ကို မသိေတာ့ေပ။ ေတာက္ပသည့္ၾကယ္မ်ားက ေအာက္မွာ ေငြေရာင္ျမစ္ႀကီးတစ္စင္းလို ျဖစ္ေပၚေနၿပီး ဒီေနရာမွာ ပိုက်ယ္တဲ့ေနရာတစ္ခုကိုရွာဖို႔ သူ မတ္တပ္ရပ္လိုက္သည္။

ပထမေတာ့ သူက ဒီေနရာကို ေသဆံုးသူေတြျဖတ္သန္းသြားရတဲ့ ႏိုက္ေဟာ္တံတား ဒါမွမဟုတ္ တမလြန္ဘံုဘဝလို႔ထင္ၿပီး သူ႔ကိုထားရစ္ၿပီး ထြက္ခြာသြားခဲ့ေသာ တစ္ေယာက္ေသာသူကို ေတြ႕ဆံုရဖို႔ သူက ဒီေနရာမွာ စိတ္ရွည္လက္ရွည္ ေစာင့္ခဲ့သည္။ ဒါေပမယ့္ ဘယ္ေလာက္ၾကာေအာင္ ေစာင့္ေစာင့္ သူ႔ကိုထားရစ္ခဲ့တဲ့ တစ္ဦးတည္းေသာသူက ျပန္မလာသျဖင့္ ရႊယ္ဇီရႊမ္၏ ရင္ထဲကေမွ်ာ္လင့္ခ်က္တို႔ တစ္စစီ ပ်က္သုဥ္းခဲ့ရသည္။ သူ ဒီေနရာမွာ ႏွစ္ေပါင္းမ်ားစြာ၊ ႏွစ္ရာခ်ီ၊ ေထာင္ခ်ီၾကာေအာင္ ေစာင့္ခဲ့ေပမယ့္ အခ်ိန္ေတြက သဲမႈန္ေလးေတြေၾကြလြင့္သလို ကုန္သြားေပမယ့္ တစ္ေယာက္ေသာသူက သူ႔ကိုေတြ႕ဖို႔ ဒီကိုမလာႏိုင္ခဲ့ေပ။ ေစာင့္ရလြန္းလို႔ ေနာက္ဆံုး သူ႔ႏွလံုးသားက ဖုန္မႈန္႔ေတြလို တစ္စစီေၾကြခဲ့ရေလၿပီ။ ေလာကမွာ အရက္စက္ဆံုးက်ိန္စာက ကိုယ္ခ်စ္ရတဲ့သူဆီက အမုန္းမဟုတ္ဘဲ သူနဲ႔ဘယ္ေတာ့မွ ထပ္ေတြ႕ခြင့္မရတာပဲျဖစ္သည္။

ရႊယ္ဇီရႊမ္က သူ႔ရဲ့ခြင့္လႊတ္မႈကိုမရတာက ထာဝရခြဲခြာရတာထက္ေတာ့ ေတာ္ပါေသးသည္။ ရႊယ္ဇီရႊမ္က တျဖည္းျဖည္း ႐ူးသြပ္ခ်င္သလိုျဖစ္လာၿပီး ေႏွာင္ႀကိဳးေတြက ႐ုန္းကန္ၿပီး ခ်စ္ရသူဆီကိုသြားႏိုင္ဖို႔ အ႐ူးအမူးႀကိဳးစားေတာ့သည္။ ဒီေနရာက သူထင္ထားသလို တမလြန္ဘဝမဟုတ္ဘဲ သီးျခားေနရာတစ္ခု ျဖစ္ေနတာေၾကာင့္ သူ႐ုန္းကန္တိုက္ခိုက္စဥ္မွာ သိရွိလာခဲ့သည္။ သူ႔ေခါင္းထဲေရာက္လာသည့္ ခံစားခ်က္အရ ဒီကမာၻက Lord God ျဖစ္တယ္ဆိုတာ သိရၿပီး က်ိဳးပဲ့သြားတဲ့ ၾကယ္စင္အစုအေဝး ဂလက္စီေတြဆီက စြမ္းအားကိုစုပ္ယူႏိုင္ခဲ့ၿပီး ေနာက္ဆံုးမွာ အာကာသဟင္းလင္းျပင္က စတင္လႈပ္ခါၿပီး ပ်က္စီးသြားခဲ့သည္။

ရႊယ္ဇီရႊမ္က ခြန္အားအကုန္လံုး သူ႔ခႏၶာကိုယ္မွာ ရစ္ပတ္ထားၿပီး အာကာသၿပိဳပ်က္ျခင္းေၾကာင့္ျဖစ္လာတဲ့ ဆြဲအားေတြကေန ေတာင့္ခံႏိုင္ဖို႔ ႀကိဳးစားခဲ့သည္။ သူ႔ပတ္လည္က ၾကယ္ေတြတစ္လံုးၿပီးတစ္လံုး ေပါက္ကြဲသြားၿပီး အာကာသအက္ေၾကာင္းႀကီးထဲ စိမ့္ဝင္သြားၿပီး ေနာက္ဆံုး ဂလက္စီတစ္ခုလံုး ပ်က္စီးလို႔ ေနာက္ထပ္ပိုက်ယ္ျပန္႔တဲ့ စၾကၤဝ႒ာႀကီးထဲကို ေရာက္သြားေတာ့သည္။ ဒီလိုထူးျခားေျပာင္ေျမာက္သည့္အရာကို တီထြင္ဖန္တီးသူက Main God ျဖစ္သည္။

ပ်က္စီးသြားသည့္ဂလက္စီႏွင့္ ၾကယ္မ်ားမွစြမ္းအင္မ်ားက 0 ႏွင့္ 1 ဂဏာန္းေပါင္းမ်ားစြာအျဖစ္ ေျပာင္းလဲသြားၿပီး Main God ဆီကို ေရာက္ရွိသြားေတာ့သည္။ ရႊယ္ဇီရႊမ္က Lord God ကို သူ႔ကိုေခၚယူေစာင့္ေရွာက္ေပးႏိုင္သည့္ တန္ခိုးရွင္ဟုထင္ခဲ့ေပမယ့္ မဟုတ္ခဲ့ေပ။ သူေရာက္ေနသည့္ေနရာက သီးျခားစၾကၤဝ႒ာမဟုတ္ဘဲ Virtual World ဟုေခၚသည့္ Lord God ဖန္တီးထားသည့္ ပံုရိပ္ေယာင္ေလာကတစ္ခုျဖစ္ၿပီး သူက data အစုအေဝးေလး တစ္ခုသာျဖစ္သည္ကို သိလိုက္ရသည္။

ရႊယ္ဇီရႊမ္က ဥာဏ္ေကာင္းသူျဖစ္ေသာေၾကာင့္ ဒီပံုရိပ္ေယာင္ေလာက,က data အစုအေဝးေလးေတြအျဖစ္ ေျပာင္းသြားတာကို ေတြ႕လိုက္ကတည္းက Lord God က တစ္စံုတစ္ေယာက္၏တိုက္ခိုက္မႈေၾကာင့္ အႀကီးအက်ယ္ထိခုိက္သြားၿပီး သူ႔ရဲ့စြမ္းေဆာင္ရည္ေတြ က်သြားတယ္။ ဒါ့အျပင္ သူ ဆက္လက္ရပ္တည္ဖို႔ မ်ားျပားလွတဲ့စြမ္းအင္ေတြကို စုပ္ယူေနတယ္ဆိုတာ သိသြားခဲ့သည္။ တကယ္လို႔ Lord God ပ်က္စီးသြားရင္ သူလြတ္လပ္သြားၿပီး တျခားကမာၻကို ထြက္သြားႏိုင္မလား။

သူ႔ရဲ့အနာဂတ္က ဘယ္လိုမ်ားျဖစ္မလဲဆိုတာ ရႊယ္ဇီရႊမ္ စိတ္မဝင္စားဘူး။ သူေသခ်ာသိတဲ့အခ်က္က သူ ဒီေနရာက ထြက္သြားခ်င္သည္။ သူ႔ခ်စ္သူကို လိုက္ရွာခ်င္သည္။ သူ႔ခ်စ္သူနဲ႔ ကမာၻတစ္ခုတည္းမွာေနထိုင္ၿပီး အတူေသဆံုးခ်င္သည္။ သူ႔ခ်စ္သူက လူျဖစ္ေစ၊ ဝိညာဥ္ျဖစ္ေစ ကိစၥမရွိေပ။ သူခ်စ္ရတဲ့သူက တကယ္တည္ရွိေနမယ္ဆိုရင္၊ အသက္ရွင္ေနမယ္ဆိုရင္ သူလည္း အသက္ဆက္ရွင္သန္သြားမည္။

သူ႔ခ်စ္သူေၾကာင့္ မယံုႏိုင္ေလာက္တဲ့ ယံုၾကည္မႈကို ရရွိခဲ့ၿပီး သူ ဆက္လက္ရပ္တည္ႏိုင္ခဲ့သည္။ ဒီအေတြးေၾကာင့္ ရႊယ္ဇီရႊမ္ကိုယ္ထဲက စြမ္းအားေတြ ပိုမိုအင္အားႀကီးလာၿပီး ေနာက္ဆံုး Lord God ၏ခ်ဳပ္ကိုင္မႈေအာက္မွ လြတ္ထြက္လာခဲ့သည္။ ဒီတခဏ Lord God က ေပ်ာက္ကြယ္သြားၿပီး က်ိဳးပဲ့ေပ်ာက္ကြယ္သြားသည့္ ၾကယ္စင္အစုအေဝးက ျပန္လည္ဖြဲ႕တည္လာခဲ့သည္။

ဘာေၾကာင့္ ခုလိုျဖစ္တယ္ဆိုတာ ရႊယ္ဇီရႊမ္မသိေပမယ့္ စြမ္းအားတစ္ခုက သူ႔ကိုယ္ခႏၶာကို လာေရာက္ထိေတြ႕မိစဥ္မွာ သူ႔မ်က္လံုးထဲ မ်က္ရည္တို႔ ဝဲတက္လာခဲ့သည္။ သူခ်စ္ရေသာ တစ္ေယာက္ေသာသူ၏ ေပြ႕ဖက္မႈကို ခံစားလိုက္ရသည့္ လွပသည့္အခ်ိန္တခဏေလးကဲ့သို႔ ထင္မိလာေစသည္။

ရႊယ္ေလြ႕က လုပ္စရာရွိေသာေၾကာင့္ ေဆး႐ံုမွအရင္ျပန္လာၿပီး ဖူဘိုႏွင့္ ရႊယ္က်င္းရီက ရႊယ္ဇီရႊမ္ကို ေစာင့္က်န္ေနရစ္သည္။ ရႊယ္ဇီရႊမ္၏ ေဆး႐ံုခန္းက Delux suit အခန္းျဖစ္ၿပီး အိပ္ခန္း၊ ဧည့္ခန္း၊ မီးဖိုေခ်ာင္၊ ေရခ်ိဳးခန္းႏွင့္ ဝရံတာတစ္ခုပင္ ပါရွိသည္။ ဖူဘိုက မီးဖိုထဲမွာ ဆန္ျပဳတ္ျပဳတ္ေနစဥ္ ရႊယ္က်င္းရီက တစ္ေန႔ႏွင့္တစ္ည သတိလစ္ေနသည့္ သူမအစ္ကိုႀကီးကို စိုက္ၾကည့္ရင္း ကုတင္ေဘးမွာ ထိုင္ေစာင့္ေနသည္။

႐ုတ္တရက္ ႏွလံုးခုန္စက္မွ 'ဘီ.. ဘီ..' ဆိုသည့္အသံ ထြက္ေပၚလာၿပီး တိတ္ဆိတ္မႈကို ၿဖိဳခြဲလိုက္သည္။

"ဖူဘို.. ဆရာဝန္အျမန္ေခၚ.. မေကာင္းေတာ့ဘူး.."

ရႊယ္က်င္းရီက သူမရဲ့ဝိညာဥ္လြင့္သြားမလို ခံစားရၿပီး ေအာ္ေျပာလိုက္သည္။


========================
FOD Extra 1 - Chapter (3-1) - လူသားကမ္ဘာသို့ ပြန်လည်ရောက်ရှိခြင်း

ပြည့်စုံလွန်းလှသည့် အိပ်မက်နယ်မြေတွင် ရွှယ်ဇီရွှမ်က မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ပထမ သူက လူ့လောကကနေ ထွက်ခွာခဲ့ရပြီလို့ထင်ပေမယ့် ဘာကြောင့် နယ်နိမိတ်ကင်းမဲ့သည့် အာကာသထဲရောက်နေသည်ကို မသိတော့ပေ။ တောက်ပသည့်ကြယ်များက အောက်မှာ ငွေရောင်မြစ်ကြီးတစ်စင်းလို ဖြစ်ပေါ်နေပြီး ဒီနေရာမှာ ပိုကျယ်တဲ့နေရာတစ်ခုကိုရှာဖို့ သူ မတ်တပ်ရပ်လိုက်သည်။

ပထမတော့ သူက ဒီနေရာကို သေဆုံးသူတွေဖြတ်သန်းသွားရတဲ့ နိုက်ဟော်တံတား ဒါမှမဟုတ် တမလွန်ဘုံဘဝလို့ထင်ပြီး သူ့ကိုထားရစ်ပြီး ထွက်ခွာသွားခဲ့သော တစ်ယောက်သောသူကို တွေ့ဆုံရဖို့ သူက ဒီနေရာမှာ စိတ်ရှည်လက်ရှည် စောင့်ခဲ့သည်။ ဒါပေမယ့် ဘယ်လောက်ကြာအောင် စောင့်စောင့် သူ့ကိုထားရစ်ခဲ့တဲ့ တစ်ဦးတည်းသောသူက ပြန်မလာသဖြင့် ရွှယ်ဇီရွှမ်၏ ရင်ထဲကမျှော်လင့်ချက်တို့ တစ်စစီ ပျက်သုဉ်းခဲ့ရသည်။ သူ ဒီနေရာမှာ နှစ်ပေါင်းများစွာ၊ နှစ်ရာချီ၊ ထောင်ချီကြာအောင် စောင့်ခဲ့ပေမယ့် အချိန်တွေက သဲမှုန်လေးတွေကြွေလွင့်သလို ကုန်သွားပေမယ့် တစ်ယောက်သောသူက သူ့ကိုတွေ့ဖို့ ဒီကိုမလာနိုင်ခဲ့ပေ။ စောင့်ရလွန်းလို့ နောက်ဆုံး သူ့နှလုံးသားက ဖုန်မှုန့်တွေလို တစ်စစီကြွေခဲ့ရလေပြီ။ လောကမှာ အရက်စက်ဆုံးကျိန်စာက ကိုယ်ချစ်ရတဲ့သူဆီက အမုန်းမဟုတ်ဘဲ သူနဲ့ဘယ်တော့မှ ထပ်တွေ့ခွင့်မရတာပဲဖြစ်သည်။

ရွှယ်ဇီရွှမ်က သူ့ရဲ့ခွင့်လွှတ်မှုကိုမရတာက ထာဝရခွဲခွာရတာထက်တော့ တော်ပါသေးသည်။ ရွှယ်ဇီရွှမ်က တဖြည်းဖြည်း ရူးသွပ်ချင်သလိုဖြစ်လာပြီး နှောင်ကြိုးတွေက ရုန်းကန်ပြီး ချစ်ရသူဆီကိုသွားနိုင်ဖို့ အရူးအမူးကြိုးစားတော့သည်။ ဒီနေရာက သူထင်ထားသလို တမလွန်ဘဝမဟုတ်ဘဲ သီးခြားနေရာတစ်ခု ဖြစ်နေတာကြောင့် သူရုန်းကန်တိုက်ခိုက်စဉ်မှာ သိရှိလာခဲ့သည်။ သူ့ခေါင်းထဲရောက်လာသည့် ခံစားချက်အရ ဒီကမ္ဘာက Lord God ဖြစ်တယ်ဆိုတာ သိရပြီး ကျိုးပဲ့သွားတဲ့ ကြယ်စင်အစုအဝေး ဂလက်စီတွေဆီက စွမ်းအားကိုစုပ်ယူနိုင်ခဲ့ပြီး နောက်ဆုံးမှာ အာကာသဟင်းလင်းပြင်က စတင်လှုပ်ခါပြီး ပျက်စီးသွားခဲ့သည်။

ရွှယ်ဇီရွှမ်က ခွန်အားအကုန်လုံး သူ့ခန္ဓာကိုယ်မှာ ရစ်ပတ်ထားပြီး အာကာသပြိုပျက်ခြင်းကြောင့်ဖြစ်လာတဲ့ ဆွဲအားတွေကနေ တောင့်ခံနိုင်ဖို့ ကြိုးစားခဲ့သည်။ သူ့ပတ်လည်က ကြယ်တွေတစ်လုံးပြီးတစ်လုံး ပေါက်ကွဲသွားပြီး အာကာသအက်ကြောင်းကြီးထဲ စိမ့်ဝင်သွားပြီး နောက်ဆုံး ဂလက်စီတစ်ခုလုံး ပျက်စီးလို့ နောက်ထပ်ပိုကျယ်ပြန့်တဲ့ စင်္ကဝြဋ္ဌာကြီးထဲကို ရောက်သွားတော့သည်။ ဒီလိုထူးခြားပြောင်မြောက်သည့်အရာကို တီထွင်ဖန်တီးသူက Main God ဖြစ်သည်။

ပျက်စီးသွားသည့်ဂလက်စီနှင့် ကြယ်များမှစွမ်းအင်များက 0 နှင့် 1 ဂဏာန်းပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး Main God ဆီကို ရောက်ရှိသွားတော့သည်။ ရွှယ်ဇီရွှမ်က Lord God ကို သူ့ကိုခေါ်ယူစောင့်ရှောက်ပေးနိုင်သည့် တန်ခိုးရှင်ဟုထင်ခဲ့ပေမယ့် မဟုတ်ခဲ့ပေ။ သူရောက်နေသည့်နေရာက သီးခြားစင်္ကဝြဋ္ဌာမဟုတ်ဘဲ Virtual World ဟုခေါ်သည့် Lord God ဖန်တီးထားသည့် ပုံရိပ်ယောင်လောကတစ်ခုဖြစ်ပြီး သူက data အစုအဝေးလေး တစ်ခုသာဖြစ်သည်ကို သိလိုက်ရသည်။

ရွှယ်ဇီရွှမ်က ဉာဏ်ကောင်းသူဖြစ်သောကြောင့် ဒီပုံရိပ်ယောင်လောက,က data အစုအဝေးလေးတွေအဖြစ် ပြောင်းသွားတာကို တွေ့လိုက်ကတည်းက Lord God က တစ်စုံတစ်ယောက်၏တိုက်ခိုက်မှုကြောင့် အကြီးအကျယ်ထိခိုက်သွားပြီး သူ့ရဲ့စွမ်းဆောင်ရည်တွေ ကျသွားတယ်။ ဒါ့အပြင် သူ ဆက်လက်ရပ်တည်ဖို့ များပြားလှတဲ့စွမ်းအင်တွေကို စုပ်ယူနေတယ်ဆိုတာ သိသွားခဲ့သည်။ တကယ်လို့ Lord God ပျက်စီးသွားရင် သူလွတ်လပ်သွားပြီး တခြားကမ္ဘာကို ထွက်သွားနိုင်မလား။

သူ့ရဲ့အနာဂတ်က ဘယ်လိုများဖြစ်မလဲဆိုတာ ရွှယ်ဇီရွှမ် စိတ်မဝင်စားဘူး။ သူသေချာသိတဲ့အချက်က သူ ဒီနေရာက ထွက်သွားချင်သည်။ သူ့ချစ်သူကို လိုက်ရှာချင်သည်။ သူ့ချစ်သူနဲ့ ကမ္ဘာတစ်ခုတည်းမှာနေထိုင်ပြီး အတူသေဆုံးချင်သည်။ သူ့ချစ်သူက လူဖြစ်စေ၊ ဝိညာဉ်ဖြစ်စေ ကိစ္စမရှိပေ။ သူချစ်ရတဲ့သူက တကယ်တည်ရှိနေမယ်ဆိုရင်၊ အသက်ရှင်နေမယ်ဆိုရင် သူလည်း အသက်ဆက်ရှင်သန်သွားမည်။

သူ့ချစ်သူကြောင့် မယုံနိုင်လောက်တဲ့ ယုံကြည်မှုကို ရရှိခဲ့ပြီး သူ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ ဒီအတွေးကြောင့် ရွှယ်ဇီရွှမ်ကိုယ်ထဲက စွမ်းအားတွေ ပိုမိုအင်အားကြီးလာပြီး နောက်ဆုံး Lord God ၏ချုပ်ကိုင်မှုအောက်မှ လွတ်ထွက်လာခဲ့သည်။ ဒီတခဏ Lord God က ပျောက်ကွယ်သွားပြီး ကျိုးပဲ့ပျောက်ကွယ်သွားသည့် ကြယ်စင်အစုအဝေးက ပြန်လည်ဖွဲ့တည်လာခဲ့သည်။

ဘာကြောင့် ခုလိုဖြစ်တယ်ဆိုတာ ရွှယ်ဇီရွှမ်မသိပေမယ့် စွမ်းအားတစ်ခုက သူ့ကိုယ်ခန္ဓာကို လာရောက်ထိတွေ့မိစဉ်မှာ သူ့မျက်လုံးထဲ မျက်ရည်တို့ ဝဲတက်လာခဲ့သည်။ သူချစ်ရသော တစ်ယောက်သောသူ၏ ပွေ့ဖက်မှုကို ခံစားလိုက်ရသည့် လှပသည့်အချိန်တခဏလေးကဲ့သို့ ထင်မိလာစေသည်။

ရွှယ်လွေ့က လုပ်စရာရှိသောကြောင့် ဆေးရုံမှအရင်ပြန်လာပြီး ဖူဘိုနှင့် ရွှယ်ကျင်းရီက ရွှယ်ဇီရွှမ်ကို စောင့်ကျန်နေရစ်သည်။ ရွှယ်ဇီရွှမ်၏ ဆေးရုံခန်းက Delux suit အခန်းဖြစ်ပြီး အိပ်ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်းနှင့် ဝရံတာတစ်ခုပင် ပါရှိသည်။ ဖူဘိုက မီးဖိုထဲမှာ ဆန်ပြုတ်ပြုတ်နေစဉ် ရွှယ်ကျင်းရီက တစ်နေ့နှင့်တစ်ည သတိလစ်နေသည့် သူမအစ်ကိုကြီးကို စိုက်ကြည့်ရင်း ကုတင်ဘေးမှာ ထိုင်စောင့်နေသည်။

ရုတ်တရက် နှလုံးခုန်စက်မှ 'ဘီ.. ဘီ..' ဆိုသည့်အသံ ထွက်ပေါ်လာပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

"ဖူဘို.. ဆရာဝန်အမြန်ခေါ်.. မကောင်းတော့ဘူး.."

ရွှယ်ကျင်းရီက သူမရဲ့ဝိညာဉ်လွင့်သွားမလို ခံစားရပြီး အော်ပြောလိုက်သည်။


========================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now