Extra 1_ Chapter (14-1) _ ရှောင်ရီကို ကာကွယ်ဖို့ ဘာမဆိုလုပ်မယ်
ယာဉ်ထိန်းရဲများထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါတွင် ရွှယ်လွေ့ သည် အချိန်အတော်ကြာအောင် စိတ်နှင့်ကိုယ် ပြန်မကပ်နိုင်ဖြစ်သွားရသည်။
"မင်းဆိုလိုတာက ကျိုးရင် က ငါ့မွေးစားသားရဲ့ကားကို မောင်းလာပြီး တစ်စုံတစ်ယောက်ကို ဝင်တိုက်တယ်၊ အခု သူတို့တွေရဲ့အသက်ကို ကယ်တင်ဖို့ ဆေးရုံမှာ အရေးပေါ် ကုသနေရတယ်လို့ ဆိုလိုတာလား။ ငါ့မွေးစားသားကော ဘယ်လိုလဲ။"
"လောလောဆယ် ကျွန်တော်တို့ သူ့ကို ရှာနေတယ်၊ ဒါပေမယ့် ဖုန်းက အမြဲပိတ်ထားတယ်။"
ယာဉ်ထိန်းရဲလူငယ်က လေသံခပ်မာမာဖြင့် ဆက်ပြောခဲ့သည်။
"သူ့ကို အမြန်ဆုံးစုံစမ်းစစ်ဆေးရာမှာ ကူညီပေးဖို့ ဗျူရိုကိုခေါ်သွားပါ၊ သူ့ကားက တစ်စုံတစ်ယောက်ကို ဝင်တိုက်မိမှန်းသိရပေမယ့် ယာဉ်မောင်းမဟုတ်ပေမယ့် သူနဲ့တွဲပြီး တာဝန်ယူရတာတွေလည်း ရှိတယ်။"
စကားများမကြာမီပင် အခြားယာဉ်ထိန်းရဲ အရာရှိတစ်ဦးက အမြန်ပြေးလာပြီး ပြောခဲ့သည်။
"သေသေချာချာ ထပ်စစ်ကြည့်ပါဦး၊ ဒီကားက ဟွမ်ရီက ကျိုးရင်ကို ငှားထားတာ မဟုတ်ဘူး၊ ကျိုးရင်က ဟွမ်းရီ ပစ္စည်းတွေဝယ်ဖို့ စတိုးဆိုင်ကို သွားနေတုန်း ခိုးသွားခဲ့တာကွ။ 110 က ဟွမ်ရီ ရဲ့ ဖုန်းနဲ့ တိုင်ကြားခဲ့တာကို လက်ခံရရှိခဲ့တယ်၊ အဲ့ဒါက လွန်ခဲ့တဲ့ လေးနာရီကပဲ၊ အဲဒီဆိုင်က စီစီတီဗွီ ကင်မရာက ဟွမ်ရီရဲ့ ကားခိုးမှုဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်စောင့်ကြည့်ပေးခဲ့တယ်"
ဒါကိုကြားတော့ ယာဉ်ထိန်းရဲအရာရှိငယ်က အနည်းငယ်ရှက်သွားပြီး ဖုန်းထဲကို ပြောလိုက်သည်။
"မစ္စတာရွှယ်၊ အခုလေးတင်မှ ဒီအကြောင်းကို သိလိုက်ရပါတယ်။ ကျွန်တော် စိတ်မကောင်းပါဘူး၊ မင်းရဲ့မွေးစားသား ဟွမ်ရီက ဒီကိစ္စနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒါပေမယ့် အခုပဲ ဆေးရုံကိုလာပေးဖို့ တောင်းပန်ပါတယ်၊ သူ့ကိုခေါ်လာပေးပါလားခင်ဗျာ၊ သူက ကားပိုင်ရှင်ဖြစ်လို့ပါ။"
"ကောင်းပြီ ငါ သူ့ကို ဆက်သွယ်လိုက်မယ်။"
ရွှယ်လွေ့က ဖုန်းကို ချလိုက်ပြီး ဆယ်ကျော်သက်လေးရဲ့ ဆဲလ်ဖုန်းနံပါတ်ကို ချက်ချင်း ခေါ်လိုက်သည်။ စာရွက်စာတမ်းထဲတွင် ကိုယ်တွင်းအင်္ဂါများလှူဒါန်းပြီးကြောင်း လက်မှတ် ရေးထိုးထားပြီးနောက် သူတို့ စီစဉ်ထားတဲ့ ကား မတော်တဆ ဖြစ်မှုက သတ်မှတ်ထားတဲ့အတိုင်း ဆက်လက်ဖြစ်ပွားခဲ့သည်။ ဒါပေမယ့် ကြိုတင် လာဘ်ထိုးထား တဲ့ သူက ကားမတော်တဆဖြစ်တဲ့ထဲ ပါသွားခဲ့တယ်။ သူတို့ ဖြစ်စေချင်တဲ့ ကောင်လေးက လွတ်သွားခဲ့တယ်။ ဒါက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ ကြည့်မကောင်းရှုမကောင်း ကမောက်ကမ ဖြစ်ကုန်ပြီ။
ကိုယ်တွင်းအင်္ဂါအလှူခံသည့် ပရဟိတ ကုမ္ပဏီ၏ အဓိကလုပ်ငန်းမှာ အများသူငှာကို အသက်ကယ်တင်ပေးနိုင်ရန် ကျယ်ပြန့်စွာ လုပ်ဆောင်နေသော လုပ်ငန်းဖြစ်သည်။ ဒီဖြစ်ရပ်ကြောင့် ရွှယ်လွေ့ရဲ့ ရင်ထဲမှာ မကောင်းတဲ့ ခံစားချက်တစ်ခု ပေါ်လာတယ်။
တစ်ချိန်တည်းမှာပင်၊ ရွှယ်ဇီရွမ် က ဆယ်ကျော်သက်ကလေးအား ဆက်တိုက်ဖုန်းခေါ်ပေမယ့် တဖက်မှ "လူကြီးမင်းခေါ်ထားတဲ့ ဖုန်းက ပိတ်ထားပါတယ်" ဟူသောအသံကြောင့် သူ ပို၍ထိတ်လန့်သွားကာ စားပွဲပေါ်ရှိ ကားသော့ ကို ကောက်ကိုင်ကာ အိမ်ပြန်ရန် ရည်ရွယ်ထားစဉ် လက်ထောက်က တံခါးကိုတွန်းပြီး စာအိတ်တစ်အိတ်ကို လွှဲပေးရင်း အရေးတကြီးပြောလိုက်သည်။
"မစ္စတာ ရွှယ်၊ ခင်ဗျားလက်ထဲ အပ်ရမယ့် ဒီစာရွက်စာတမ်းကို ခင်ဗျား ကြည့်မှာလား။"
"ငါ မအားဘူး။"
ရွှယ်ဇီရွမ်က သူ့လက်ကို ဝှေ့ယမ်းပြီး လက်ထောက်ကို တွန်းထုတ်လိုက်သည်။ သူ့တို့ ပခုံးချင်းယှဉ်ပြီး ဖြတ်သန်းလာခိုက် စာအိတ်ပေါ်ရှိ စာလုံးများကို တစ်ချက်ကြည့်လိုက်မိပြီး ချက်ခြင်းရပ်သွားသည်။
"ဒီစာကိုလာပို့တဲ့သူ ဘယ်မှာလဲ"
သူသည် စာအိတ်ပေါ်ရှိ ပျံသန်းနေသော နဂါးတစ်ကောင်နှင့် ငွေရောင်စာလုံးလေးတွေကို တွေ့လိုက်သည်နှင့် ဒီစာက ရှောင်ရီဆီက စာဆိုတာ ရွှယ်ဇီရွမ် သေချာသိသွားသည်။ သူက လက်ထောက် ရှောင်ဖုန်းကို ရှောင်လိုက်ပြီး ရှောင်ရီရဲ့စာကို လှမ်းယူလိုက်သည်။
"ထွက်သွားခဲ့တာ ကြပါပြီ၊ သူက China Express ပို့ဆောင်ရေးလုပ်ငန်းက လူပါ၊ ဂိတ်စောင့်ဆီမှာ လာပို့တဲ့လူရဲ့ မှတ်ပုံတင်နံပါတ်ရှိတယ်၊ မစ်စတာရွှယ် ကိုယ်စား ကျွန်တော် စစ်ဆေးပေးပါ့မယ်။"
လက်ထောက်က သူ့ တင်ပြချက်မပြီးသေးခင် ရွှယ်ဇီရွမ်က သူ့ကို ရုံးခန်းထဲက နှင်ထုတ်လိုက်ပါတယ်။
ရွှယ်ဇီရွမ် ဟာ ဒီအချိန်မှာ ရှောင်ရီကို လိုက်မဖမ်းနိုင်ဘူးဆိုတာ သေချာသွားခဲ့တယ်၊ သူ့စိတ်တွေ ရှုပ်နေပြီး တစ်ချိန်တည်းမှာပဲ ရှောင်ရီ က သူ့ကို ဘာပြောခဲ့သလဲဆိုတာ မသိပေမယ့် သူ့ကို စာတစ်စောင်ပို့ခိုင်းပြီး ဖုန်းကို စက်ပိတ်ထားခဲ့တယ်။ ရှောင်ရီက ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။
ဓာတ်လှေကားကိုစောင့်နေစဉ် စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ မန်မိုရီကတ်တစ်ခုနှင့် စာရွက်ပေါ်တွင် စကားလုံးများစွာ မပါသည့် စာရွက်တစ်ရွက်ကို တွေ့ရှိပြီး ရိုးရှင်းသော စာကြောင်းက အထဲမှာပါသည့် မန်မိုရီကဒ်ထဲက အချက်အလက်များကို ကြည့်ရှုရန် ရွှယ်မိသားစုဝင်အားလုံးကို ရင်းရင်းနှီးနှီးဖိတ်ခေါ်ပါတယ် ဆိုသည့် စာကိုသာ ရေးထားသည်။ ဒါတွေအားလုံးကို ဟွမ်ရီက လေးစားကြောင်းလည်း ဖော်ပြထားတယ်။
ဘာအချက်အလက်တွေလဲ။
ဒါကို ကြည့်ရှုဖို့ မိသားစုအားလုံးကို အဘယ်ကြောင့် ဖိတ်ခေါ်ရသလဲ။
ကျဉ်းမြောင်းသော ဓာတ်လှေကားထဲတွင် ပိတ်မိနေသော သားရဲတစ်ကောင်ကဲ့သို့ ချောမောသော ရွှယ်ဇီရွမ်၏မျက်နှာသည် စိုးရိမ်စိတ်နှင့် လုံးဝ ပုံပျက်နေကာ ကြောက်လန့်တကြား စိုးရိမ်နေပုံရသည်။
ပထမထပ်သို့ ဓာတ်လှေကားဖြင့် ဆင်းလာစဉ် ဖုန်းအနည်းငယ်ခေါ်ပြီး ရွှယ်လွေ့ ကို ဆက်သွယ်ရန်သာ ဆက်သွယ်လိုက်သည်။
"ရှောင်ရီက်ု ဘယ်ကိုပို့လိုက်သလဲ။"
ရန်ငြိုးတွေ အပြည့်နဲ့ တင်းမာသော အသံကြောင့် ရွှယ်လွေ့က ဆွံ့အသွားကာ ပြန်ဖြေလိုက်သည်။
"မင်း ဘာတွေပြောနေတာလဲ၊ သူ ဘယ်ကိုသွားတယ်ဆိုတာ ငါ ဘယ်လိုသိလဲ။ "
ရွှယ်လွေ့က အခုထိ ဘာမှန်းမသိပဲ ယာဉ်ထိန်းရဲဌာန ဗျူရိုက အခြေအနေကိုကြည့်ဖို့ သူ့လက်ထောက်ကို လွှတ်လိုက်တယ်၊ သူ့လက်ထောက်စောင့်နေသည့် နေရာကို သွားဖို့ပြင်နေခိုက် သူ့သားဆီက ရန်လိုသည့် ဖုန်းဝင်လာသဖြင့် အခုတော့ ဒီခွေးကောင် ဟွမ်ရီ ဘယ်ရောက်သွားလဲ သိဖို့ အရမ်း စိတ်ဝင်စားနေပြီ။
ရွှယ်ဇီရွမ်က ရွယ်လွေ့ကို အတင်းမေးနေသော်လည်း ဧည့်ခန်းမကျယ်ကြီးတွင် ထားရှိသည့် LED ဖန်သားပြင်ကို မတော်တဆကြည့်လိုက်မိသည်။ ထိုဖန်သားပြင်တွင် သူနှင့်ရင်းနှီးလွန်းသော အနီရောင်စူပါပြိုင်ကား မတော်တဆမှုအဖြစ် သတင်းထုတ်လွှင့်နေသည်ကို မြင်လိုက်ရသည် ။
တခဏချင်းမှာပဲ သူ့သွေးတွေ အေးခဲသွားပြီး မတည်မငြိမ်ဖြစ်သွားတယ်။ ဝန်ထမ်းတစ်ဦးမှ မူးလဲတော့မလိုဖြစ်နေသည့် ဥက္ကဌ ရွှယ်ဇီရွမ်ကို သတိပြုမိပြီး ကြင်နာစွာ ထိန်းမပေးခဲ့သည်။
"ဥက္ကဌရွှယ် .....အဆင်ပြေရဲ့လား ကျွန်တော် ိုဆေးရုံပို့ပေးရမလား"
"ဟုတ်တယ်...ငါ... ဆေးရုံသွားချင်တယ်၊ ဆေးရုံသွားမယ်"
သူသည် ထိုဝန်ထမ်းကို တွန်းဖယ်လိုက်ကာ ခြေလှမ်းအနည်းငယ်ဖြင့် ကားပါကင်ဆီသို့ အရူးအမူးပြေးသွားခဲ့သည်။
ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မေးမြန်းရန် ယာဉ်ထိန်းဌာနသို့ ဖုန်းဆက်စဉ် ထိုကားအင်ဂျင်က တခုခုဖြစ်တယ်လို့ ပြောခဲ့သည်။ အော်ပရေတာသည် အခြေအနေကို သေချာမသိသော်လည်း မတော်တဆမှုတွင် ပါဝင်သည့် ကားပိုင်ရှင်၏အစ်ကိုဖြစ်ကြောင်း ကြားသိရသောအခါတွင် တစ်စုံတစ်ဦးကို ရှာဖွေရန် ဆေးရုံသို့ အမြန်သွားရန် ပြောခဲ့သည်။
ရွှယ်ဇီရွမ်က ဆေးရုံကို တတ်နိုင်သမျှ အမြန်ပြေးပြီး ပင်မဝင်ပေါက်မှာ ရွယ်လွေ့ ရဲ့ လက်ထောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ လက်ထောက်က ကြွက်တစ်ကောင်လိုပဲ ရွှယ်ဇီရွမ်ကိုမြင်ပြီး ဓာတ်လှေကားကနေတောင် မတက်ဝံ့ဘဲ လှေကားပေါ် ပြေးတက်သွားတယ်။
ရွယ်လွေ့က ရွှယ်ဇီရွမ်ကို အေးစက်စွာ ကြည့်နေမိသည်။
ရွှယ်ဇီရွမ် က သူ့အဖေရဲ့ အကြည့်ကို စိတ်မဝင်စားဘဲ ခွဲစိတ်ခန်း၏ အပေါ်ဆုံးထပ်သို့ တိုက်ရိုက် သွားခဲ့သည်။
အဆိုပါ ယာဉ်မတော်တဆမှုအား ကိုင်တွယ်ရန် တာဝန်ရှိ ရဲအရာရှိက နာမည်ကြီး စန္ဒယားပညာရှင်ကို မျက်နှာချင်းဆိုင်တွေ့လိုက်ရသောအခါ သဘာဝကျကျပဲ ချက်ချင်းမှတ်မိလိုက်ပြီး မှင်တက်နေသော မျက်နှာဖြင့် လျှောက်လာသော အမျိုးသားကို မြင်လျှင် စကားပြောရန် တိတ်ဆိတ်ကာ လူမရှိသည့် နေရာသို့ အလျင်အမြန် ခေါ်သွားခဲ့သည်။
"ရှောင်ရီ.... ဘယ်မှာလဲ၊ သူ နေကောင်းရဲ့လား"
ရွှယ်ဇီရွမ်၏ အသံက တုန်ယင်နေခဲ့သည်။ လမ်းတလျှောက် ဘာကိုမှ မတွေးဝံ့တော့ဘဲ တွေးလေလေ ပိုကြောက်လေဖြစ်ပြီး နောက်ထပ် သူချစ်ရသည့်လူအား ဆုံးရှုံးလိုက်ရမည်ကို မခံနိုင်တော့သောကြောင့် ဖြစ်သည်။
"ဟမ်၊ မင်းအဖေက မင်းကို မပြောပြဘူးလား? ကားမောင်းတဲ့သူက ဟွမ်ရီ မဟုတ်ဘူး။ လွန်ခဲ့တဲ့ လေးနာရီက မင်းမိသားစုရဲ့ ဒရိုင်ဘာ ကျိုးရင် က သူ့ကားကို ခိုးပြီး မြို့ထဲမှာ နှစ်နာရီကြာအောင် လျှောက်မောင်းပြီး Maybach ကား နဲ့ အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားတယ်။ လောလောဆယ် သူတို့ အသက်ကို အသည်းအသန် ကယ်ဆယ်ထားပါတယ်။"
"ကားမောင်းတဲ့သူက ရှောင်ရီ မဟုတ်ဘူးလား?"
ရွှယ်ဇီရွမ်သည် ဆေးရုံကုတင်ပေါ်မှ ဖြည်းညှင်းစွာထိုင်ကာ အသံအက်အက်ဖြင့် မေးလိုက်သည်။
"ဒါဆို သူ ဘယ်ရောက်သွားတာလဲ"
ယာဉ်ထိန်းရဲက ကူကယ်ရာမဲ့ သူ့လက်ကို ဝှေ့ယမ်းပြီး ပြောခဲ့သည်။
" သူ ဘယ်ရောက်နေတယ်ဆိုတာ ငါတို့လည်း မသိဘူး။ မင်း ရဲစခန်းကို ဘာလို့ သွား မရှာကြည့်တာလဲ၊ သူက ရဲစခန်းကို သွားနေတာလည်း ဖြစ်နိုင်တယ်။"
"ကောင်းပြီ ကျွန်တော် ချက်ချင်းသွားလိုက်မယ် ကျေးဇူးပဲ"
ရွှယ်ဇီရွမ်က မတ်တပ်ရပ်ပြီး ထွက်သွားပေမယ့် ယာဉ်ထိန်းရဲက လှမ်းပြောလိုက်သည်။
"ဟေး...... မသွားသေးနဲ့ဦး။ အဲဒီကားပိုင်ရှင် ဟွမ်ရီရဲ့ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ စုံစမ်းရေးမှာ ကူညီဖို့ မင်း ဒီမှာ နေမှဖြစ်မယ်။ Maybach ကား ပိုင်ရှင်မိသားစုက မင်းနဲ့ ညှိနှိုင်းရလိမ့်မယ်။ ကျိုးရင်ရဲ့ မိသားစုက မြို့ပြင်မှာနေပြီး မနက်ဖြန်မှ ရောက်လာမှာ၊ မင်းဟာ ပိုင်ရှင်ရော အလုပ်ရှင်ရောဖြစ်နေလို့ ဒီမှာ ရှိဖို့ လိုတယ်။"
အဆိုပါအမျိုးသားအား ဒေါသထွက်နေသည့်ပုံပေါက်သည်ကိုမြင်တော့ ယာဉ်ထိန်းရဲက ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ခိုးယူထားတဲ့ကားက လူကို ဝင်တိုက်တယ်၊ မင်းမှာ တာဝန်မရှိဘူး၊ ခံရတဲ့ မိသားစုနဲ့ စကားပြောရုံပဲ၊ မဟုတ်ရင် သူတို့က မင်းကို ဖုန်းဆက်ဖို့ ပြောနေသေးတယ်။ မင်းက ဘာလို့အဲ့လိုလုပ်ရတာတုန်း"
စကားလုံးတွေ အပြီးဆုံးခင် အပြင်မှာ ဆူညံနေတော့ ရဲအရာရှိက လှမ်းပြောလိုက်သည်။
"လျူအဖွဲ့..... ကားတိုက်ခံရတဲ့ မိသားစုဝင်တွေ အဲ့မှာ ရှိနေသေးလား။ သူတို့ အပြင်မှာ ငိုနေတယ် ဟုတ်လား၊ အပြင်ထွက်ပြီး မင်း မြန်မြန်သွားကြည့် လိုက်ပါဦး"
ရဲအရာရှိက ရွှယ်ဇီရွမ်ကို တိုက်တွန်းလိုက်တယ်။
ယာဉ်ထိန်းရဲများ သဘောတူညီခြင်းမပြုမီတွင် ရွှယ်ဇီရွမ် သည် တံခါးကို တွန်းဖွင့်လိုက်ရာ ဇိမ်ခံဝတ်စုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသော်လည်း သူမ၏ဆံပင်များမှာ ကွဲသွားကာ အေးခဲနေသောနေရာတွင် ရပ်နေခဲ့သည်။
" Maybach ပိုင်ရှင်က ဘယ်သူလဲ။"
သူ့မျက်လုံးများသည် သွေးများဖြင့် တဖြည်းဖြည်း ရဲလာသည်။ ထိုအခိုက်အတန့်တွင်သာ သူသည် မတော်တဆမှု မဟုတ်ဘဲ လူကြောင့်ဖြစ်ရသည့် ကားမတော်တဆဖြစ်နိုင်ချေများကြောင်း သဘောပေါက်ခဲ့သည်။ ရှောင်ရီ ရဲ့ မိဘတွေကို သတ်ခဲ့တဲ့ တရားခံရဲ့ အမျိုးသမီးကို သူ မှတ်မိနေ တယ်။ သူတို့၏ အရင်ဘဝတွင်၊ သူတို့သည် ရွှယ်ရန် ဖျက်ဆီးပစ်တာကို ခံခဲ့ရပြီး ဤဘဝတွင် သူသည် ရှောင်ရီကိုယ်စား သူတို့ ကို လက်စားချေရန် ကြံစည်ထားသော်လည်း ဒါကို ပြေလည်အောင် မဆောင်ရွက်နိုင်ခဲ့ပေ။
ကျိုးရင် က ဘယ်သူ့ကိုမှ မတိုက်မိခဲ့ဘူး။ ဒါပေမယ့် ရှောင်ရီရဲ့ ရန်သူကို တိုက်ပစ်ခဲ့တယ်။ ဒီလို တိုက်ဆိုင်မှုမျိုး ကမ္ဘာပေါ်မှာ ရှိနိုင်လို့လား။ ဖန်းတောင်ခြေက အဝေးပြေး လမ်းမကြီးတစ်လျှောက် အရှိန်ထိန်းဖို့ရန် PSPCAO ကွန်ပြူတာစနစ် ကို အသုံးပြုပြီးနောက် ရှောင်ရီက ပြုပြင်မွမ်းမံထားသော ပြိုင်ကား၏ပုံသဏ္ဍာန်ကို တွေးတောမနေနိုင်ဘဲ သူ့စိတ်ထဲတွင် မရေရာသော အမှန်တရားတစ်ခုကို ကောက်ချက်ချ နိုင်ခဲ့သည်။ ရဲအရာရှိ၏အဖြေက ကားမတော်တဆမှု၏ 80% မှ 90% သည် ရှောင်ရီ၏လက်ချက်ုဖြစ်ကြောင်း ပိုသေချာစေ ခဲ့သည်။
ရဲစခန်းကို ချက်ခြင်းသွားဖို့ စီစဉ်ထားပြီး အေးစက်တဲ့ ခုံတန်းလျားမှာ ရွှယ်ဇီရွမ် ထိုင်စောင့်နေတယ်။ ရှောင်ရီ ရဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲဆိုးကျိုးကို သူ ဂရုစိုက် ဖြေရှင်းရမှာဖြစ်ပြီး မတော်တဆမှုမှာ ရှောင်ရီက စီစဉ်ထားသည်ဖြစ်စေ မတော်သည်ဖြစ်စေ၊ ဒီယာဉ်တိုက်မှုကို မတော်တဆမှုဖြစ်စေဖို့ သူ သေချာစီမံရမည်။
အပေါ်ဆုံးထပ်သို့ မောဟိုက်ကာ တက်နေသော လက်ထောက်သည် ရွှယ်ဇီရွမ် ထိုနေရာတွင် ရှိနေသည်ကို မြင်လိုက်ရပြီး ရှေ့သို့ တိုးလာဖို့ မဝံ့မရဲ ဖြစ်နေသည်။
"ဒီည ရှစ်နာရီမှာ အိမ်မှာ သူ့ကိုစောင့်နေမယ်။ ရွှယ်လွေ့ဆီကို ပြန်သွားပြီး ရွယ်မိသားစု ရဲ့ လုပ်ငန်းစုပြိုကွဲတာကို မြင်ချင်ရင် မလာနဲ့လို့ ပြောလိုက်.... "
ရွှယ်ဇီရွမ် က သူ့အိတ်ကပ်ထဲက Memory ကတ်ကို ထိလိုက်တာနဲ့ သူ့မျက်နှာက မုန်တိုင်းထန်တော့မည့် အသွင်ဖြင့် အေးစက်စက်၊ မှုန်ကုပ်ကုပ် အသွင်အပြင်ကို ဖော် ပြနေတယ်။
လက်ထောက်က မေးခွန်းတွေ ထပ်မမေးရဲတော့ဘဲ ခေါင်းညိတ်လိုက်တယ်။
ရွှယ်ဇီရွမ် သည် သူ့ဖုန်းကို ထပ်မံထုတ်လိုက်ပြီး ရွယ်လီဒန်နီနှင့် ရွယ်ကျင်းရီတို့ထံ စာတိုပေးပို့ခဲ့သည်။ သူသည် ရှောင်ရီ၏ဆန္ဒကို ဘယ်သောအခါမှ လွန်ဆန်မည်မဟုတ်ပေ၊ သူသည် ဓားတစ်လက်ကို သူ့ခေါင်းထက်တွင် ချိတ်ထားမယ်ဆိုရင်တောင် ဒီလမ်းကို ရှောင်တိမ်းမည်မဟုတ်ပေ။ သူက ရွယ်မိသားစုထဲက အားလုံးကို ဒီ Memory ကဒ်ထဲက ပါဝင်သည့်အကြောင်းရာကို မြင်စေချင်တာမို့ ကြည့်ရအောင် ခေါ်လိုက်သည်။။
ဤသို့တွေးကာ ရင်ဘတ်အတွင်းမှ ရုတ်တရတ် နာကျင်မှုကို ခံစားလိုက်ရပြီး ရွှယ်ဇီရွမ်က သူ့နှလုံးသားကို ဖိထားလိုက်သည်။
အနီရောင်စူပါပြိုင်ကားသည် ရွှယ်မိသားစု၏မွေးစားသား ပိုင်ဆိုင်တာ ဖြစ်ပြီး မစ္စစ်ဟူသည် မေးခွန်းများမေးရန် ပြင်းပြင်းထန်ထန် မျက်နှာထားဖြင့် ရောက်လာပြီး သူမစကားမပြောမီတွင် လူငယ်၏အနီရောင်နှင့် ရန်လိုသောမျက်လုံးများကြောင့် သူမ လန့်သွားသည်။
"သူတစ်ပါးကို မနှိပ်ခင်၊ မင်းခင်ပွန်းက အပြစ် မရှိဘူးလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးရင် ပိုကောင်းမလား၊ အခု သူ ခံစားနေရတာတွေအတွက် လက်စားချေဖို့ အခွင့်အရေး မရှိဘူး"
သူသည် ကြောက်မက်ဖွယ် အသံဖြင့် ပြောခဲ့ပြီး မတ်တပ်ရပ်ကာ ဆေးလိပ်သောက်ရန် လှေကားထစ်သို့ လျှောက်သွားခဲ့သည်။
စီးကရက်မီးညှိနေစဉ် သူ့ လက်များ တုန်တုန်ယင်ယင် ဖြစ်ကာ သူ မရှိသည့် လှေကားထစ်များပေါ်တွင် ဖင်ချထိုင်ကာ သူက ဆယ်ကျော်သက်ကလေးအား ဖုန်းခေါ်ဆိုရန် ဆဲလ်ဖုန်းကို ထုတ်လိုက်သည်။ ဖုန်းခေါ်ဆိုမှုက အဆုံးသတ်သွားချိန်မှာ သူက နောက်ထပ် ဖုန်းထပ်ခေါ်သည်။
ဖုန်းကျသွားသည့် မြည်သံက ထပ်ခါထပ်ခါ ပဲ့တင်ထပ်ကာ အကြောင်းပြချက်မရှိဘဲ ကြားရသူကို ထိတ်လန့်သွားကြသည်။ နောက်ပိုင်း ဆယ်ကျော်သက်လေးအတွက်သာ ယာဉ်တိုက်မှုကို ဖြေရှင်းရဦးမှာ မဟုတ်ရင် အရာရာတိုင်းကို ပစ်ချထားပြီး သူက ရှောင်ရီကို မတွေ့မချင်း လိုက်ရှာနေမိလိမ့်မည် ဖြစ်သည်။
သူ့အာရုံကြောတွေက ကန့်သတ်ချက်ကိုရောက်အောင် တင်းနေပြီး လဲပြိုကျသွားမတတ် ခံစားနေရသည်။
နှစ်နာရီအကြာတွင် ကျိုးရင် နှင့် ဟူတုန်းတို့ နှစ်ဦးစလုံး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမှ လွတ်မြောက်ခဲ့သော်လည်း သူ၏ဘယ်ခြေထောက်ကို ဖြတ်တောက်ခဲ့ပြီး နောက်ပိုင်းတွင် သူ၏ညာဘက်ခြေထောက်လည်း မကောင်းလို့ ထပ်ပြီး ဖြတ်တောက်ခဲ့ရာ ဟူတုန်းက အမြဲတမ်း မသန်စွမ်းဖြစ်သွားခဲ့ရသည်။
မစ္စစ်ဟူသည် ရှိုက်ကြီးတငင်ငိုကြွေးကာ ကျိုးရင် ကို ကျိန်ဆဲရင်း ရွှယ်ဇီရွမ်အား မုန်းတီးမှုဖြင့် ရံဖန်ရံခါ စိုက်ကြည့်နေသည်။ ဒဏ်ရာရနေသည့် ကျိုးရင်နှင့် ဟူတုန်းက မနက်ဖန်အထိ သတိမရနိုင်သေးတာ သိရလို့ ရွှယ်ဇီရွမ်က စကားတစ်ခွန်းမှ မပြောဘဲ ထွက်သွားကာ နှစ်သိမ့်စကားတစ်ခွန်းမှ မပြောဘဲ မစ္စဟူးနားက ဖြတ်သွားခဲ့သည်။
ရှောင်ရီ၏မိဘများသည် ဟူတုန်း၏ ကားဖြင့် မသေမချင်း ဖြတ်တိုက်ခံခဲ့ရပြီး သူလည်း ဒီလိုနေ့မျိုးကို အနှေးနှင့်အမြန်ဆိုသလို ကြုံရမည်ဆိုတာ သိထားသင့်သည်။ ဟူတုန်း ခံရသည့်အဖြစ်က အရင်ဘဝနှင့် နှိုင်းယှဉ်ပါက ကံကောင်းသည်ဟု ယူဆလို့ရသည်။ အရင်ဘဝက ရွှယ်ရန်က ကလဲ့စားချေပေးသဖြင့် ဟူတုန်းက ထာင်ကျကာ ထောင်ထဲမှာ အသတ်ခံလိုက်ရသည်။ ရွှယ်ရန် က ဟူတုန်းကို ထောင်ထဲမှာ အရှင်မထားခဲ့ပေ။
"အခိုးခံရတဲ့ကားကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကြည့်ချင်လို့...ရနိုင်မလား?"
ယာဉ်ထိန်းရဲကို တားရင်း ရွှယ်ဇီရွမ်က နွေးထွေးသော အသံဖြင့် မေးသည်။
"ကိစ္စမရှိပါဘူး၊ မင်းက ငါနဲ့အတူ ယာဉ်ထိန်းဌာန ဗျူရိုကို လိုက်ခဲ့ပါ။"
ယာဉ်ထိန်းရဲက ခေါင်းညိတ် သဘောတူသည်။
သူတို့သည် ယာဉ်ထိန်းရဲဌာနဗျူရိုသို့ရောက်ရှိလာပြီး စတိုးဆိုင်က ပေးအပ်ခဲ့သည့် စီစီတီဗွီမှတ်တမ်း ဗီဒီယိုနှင့် လမ်းဘေးရှိ အများပြည်သူများ ရိုက်ကူးပေးခဲ့သည့် ဗီဒီယိုကို ဆွဲထုတ်ခဲ့သည်။ ပုံက သိပ်မရှင်းပေမယ့် ဆယ်ကျော်သက်လေးရဲ့ လက်ရာမြောက်ပြီး ထူးကဲတဲ့ အသွင်အပြင်က ထင်ရှားလို့နေသည်။
ရှောင်ရီသည် သူနှင့် လိုက်ဖက်မှုမရှိသော ပေါ့ပေါ့ပါးပါး ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆိုင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လာရင်း အနက်ရောင် ကျောပိုးအိတ်ကို ကိုင်ဆောင်ထားသည်။
လက်ထဲတွင် PSP ဂိမ်းတစ်လုံးကို ကိုင်ထားပြီး စင်ပေါ်မှ ပေါ့ပေါ့ပါးပါး လျှောက် ကြည့်ငယ ဓာတ်သတ္တုပါသည့် ရေသန့် ဘူးတစ်ဘူးကို ယူလိုက်သည်။ ပြီးတော့ လှည့်ကာ ငွေရှင်းရန် ကောင်တာဆီသို့ လျှောက်သွားသည်။ ပိုက်ဆံထုတ်တဲ့အခါ အပြင်ကို လှမ်းကြည့်လိုက်တော့ ရေသန့်ပုလင်းကို ချလိုက်ပြီး အမြန်ထွက်သွားတယ်။
စတိုးဆိုင်၏ ဗီဒီယိုကို ဤနေရာတွင်သာ မှတ်တမ်းတင်ခဲ့ပြီး ယာဉ်ထိန်းရဲများသည် အဝေးပြေးလမ်းမပေါ်တွင် ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်းကို ထပ်ပြခဲ့သည်။
အနီရောင် စူပါပြိုင်ကားတစ်စီးက စက်သံကြမ်းကြမ်း ကျယ်ကျယ်လောင်လောင် မြည်ဟီးလျက် တဟုန်ထိုးမောင်းထွက်သွားခဲ့သည်။
ဆယ်ကျော်သက်သည် ဒေါသတကြီးခုန်ပေါက်ကာ အနီးနားရှိလူများက သတိပေးသည့်နောက် သူက ရဲထံဖုန်းဆက်ရန် လက်ကိုင်ဖုန်းကို ကောက်ကိုင်လိုက်သည်။
အချက်အလက်အရ 110 ဆီကို ဖုန်းခေါ်ပြီးတိုင်ချက်ဖွင့်ထားကြောင့် အားလုံးမှန်သည်၊ ဆယ်ကျော်သက်လေး၏ ဖြစ်ရပ်က လက်ရှိ ယာဉ်တိုက်မှုနှင့် လုံးဝ မသက်ဆိုင်ပေ။
ဒါဆို သူ အခု ဘယ်ကိုရောက်နေတာလဲ။ ကားပျောက်ဆုံးသွားလို့ ဒေါသနှင့်အိမ်မပြန်ချင်သဖြင့် တနေရာရာမှာ ရှိနေတာလား။
"ဗီဒီယိုတွေက အများကြီးပဲ။"
ယာဉ်ထိန်းရဲက ဗွီဒီယိုကို ပိတ်လိုက်ပြီး ပြောခဲ့သည်။
"ဟွမ်ရီရဲ့ အပြစ်ကင်းကြောင်း သက်သေပြဖို့ လုံလောက်ပါပြီ။ မင်း သူ့ကို အမြန်ဆုံး ရှာတွေ့နိုင်တာပဲ၊ သူနဲ့ စကားပြောလိုက်ပါ၊ ဒီကိစ္စအတွက် သူ တာဝန်မယူရပါဘူး၊ ကြောက်နေစရာမလိုဘူး။"
"ကောင်းပါပြီ။ ကျေးဇူးပဲ။"
ရွှယ်ဇီရွမ်က အရာရှိတွေကို နှုတ်ဆက်ပြီး သူ့ကားကို ပြန်လာချိန်မှာပဲ စိုးရိမ်တဲ့ အရိပ်အယောင်ကို ပြသခဲ့ပါတယ်။
တခြားသူတွေ မသိကြပေမယ့် CAO က ပြိုင်ကားရဲ့စက်ကို ထိန်းချုပ်ရာမှာ သုံးတဲ့ ရှောင်ရီရဲ့ လက်ထဲက psp ဂိမ်းစက်လေးထဲမှာ ပါတယ်ဆိုတာကို ရွှယ်ဇီရွမ် အတိအကျ သိလိုက်တယ်။ ကြမ်းတမ်းသော တောင်ခြေက အဝေးပြေး လမ်းမထက်တွင် တဟုန်ထိုးပြေးလွှားသွား လာနေစေရန် ရှောင်ရီက အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်နေခဲ့သည်။ ဒါကြောင့် ပြိုင်ကားတစ်စီးမှ ကီလိုမီတာရာနှင့်ချီ ဝေးကွာနိုင်ပြီး သဘာဝကျကျပဲ ဟူတုန်းစီးနင်းလာသည့် ကားကို တည့်မတ်စွာ တိုက်မိသွားနိုင်ခဲ့သည်။
အခုမေးစရာရှိတာက ရဲတွေက မော်တော်ယဉ်ကို ဖြုတ်လိုက်ရင် အထဲက ထိန်းချုပ်ထားတဲ့ ကွန်ပြူတာစနစ်ကို ရှာတွေ့နိုင်မလား။ ဟူတုန်း နဲ့ ရှောင်ရီတို့ရဲ့ အရင်ရန်ငြိုးဟောင်းကို ရှာမတွေ့တော့ရင် သူ့ကို သံသယဖြစ်မိမှာလား။
ရွှယ်ဇီရွမ်သည် စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိရင်း တစ်ဖက်က ဆေးလိပ်ကို ပြင်းပြင်းရှူကာ ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို တွေးနေသည်။
ရှောင်ရီ ကို ထောင်ထဲ မလွှတ်လိုက်နိုင်ဘူး ၊ ဒါကြောင့် သူက ကောင်းကင်ကို ဓားနဲ့ထိုးဖို့ လိုပါစေ ရှောင်ရီ လွတ်မယ့် နည်းလမ်းရှာရတော့သည်။ ဘာပဲပေးဆပ်ရပါစေ ရှောင်ရီ့ လုပ်ရပ်မပေါ်စေဖို့ အားလုံး သူ လိုက်လံဖြေရှင်းပေးမည်။
စီးကရက်တစ်လိပ်သောက်ပြီးသွားတော့ သူက စီးကရက်ဘူးကို ပစ်ထုတ်လိုက်ပြီး ယာဉ်ထိန်းရဲဌာန ဗျူရိုကနေ အမြန်မောင်းထွက်လာခဲ့သည်။ အဆက်အသွယ်အားလုံးကို မုန်းတီးနေပေမယ့် ရှောင်ရီကိုရှာဖို့ ကမ္ဘာတဝှမ်းက သက်တော်စောင့်တွေကို ဖုန်းခေါ်ဖို့ ရွှယ်ဇီရွမ် မမေ့ခဲ့ပေ။
*********-*******