FOD Extra 1 - Chapter (4-3) - ဝိဥာဥ္ကူးေျပာင္းလာသူလား?

6.2K 1K 29
                                    

FOD Extra 1 - Chapter (4-3) - ဝိဥာဥ္ကူးေျပာင္းလာသူလား?

အခု ရႊယ္က်င္းရီက သနားစရာေကာင္းတယ္ဆိုေပမယ့္ ဟြမ္ရီ႕ကို ဘယ္သူကမ်ား သနားေပးခဲ့သလဲ။ အားလံုးထဲမွာ ဒီေကာင္ေလးက သနားစရာအေကာင္းဆံုး၊ အျပစ္အကင္းဆံုးျဖစ္သည္။ ဒီအေတြးေၾကာင့္ ရႊယ္ဇီရႊမ္က ေကာင္ေလးကို ရင္ခြင္ထဲ ခပ္တင္းတင္းဖက္ကာ သူ႔အၾကည့္က ေဆးရံုတြန္းလွည္းကို အၾကည့္လႊဲလိုက္သည္။

ရႊယ္လီဒန္နီနဲ႔ ရႊယ္ေလြ႕တို႔က ရႊယ္က်င္းရီကို ဟြမ္ရီနဲ႔ ပိုၿပီး ရင္းႏွီးသံေယာဇဥ္တြယ္သြားမွာကို ေၾကာက္ေနၾကသည္။ သူလည္း အရင္ဘဝက ဒီလိုပဲျဖစ္ခဲ့သည္။ ခုဘဝေတာ့ ရႊယ္က်င္းရီက မၾကာခင္ေသေတာ့မည္။ ဟြမ္ရီ ဝမ္းနည္းပမ္းနည္း ငိုေႂကြးေနတာကို ၾကည့္ေနမယ့္အစား သူမကို ျမန္ျမန္ ေဝးရာကို ေခၚသြားေစခ်င္ေတာ့သည္။

ေဆးရံုတြန္းလွည္း ေဘးကျဖတ္သြားေတာ့ စိုက္ၾကည့္ေနသည့္ က်ိဳးယြင္ရွန္႔မ်က္လံုးကို ေႏြးေထြးေသာလက္ဝါးႀကီးက လာပိတ္ထားလိုက္သျဖင့္ သူက မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ လုပ္လိုက္မိသည္။ ဒီလူက ခုလိုအခ်ိန္ေတာင္ ဟာသလုပ္ေနေသးတာလား..။ မေကာင္းဆိုးဝါးေကာင္ႀကီး..။ ရႊယ္ဇီရႊမ္က ေအးစက္ၿပီး ႏွလံုးသားကင္းမဲ့သူပဲ။

ရႊယ္က်င္းရီက သူမအစ္ကိုႀကီးဆီက ေအးစက္ၿပီး ထူးမျခားနားအၾကည့္ကို ရလိုက္ေတာ့ သူမႏွလံုးက ေတာင့္မခံႏိုင္ေတာ့ဘဲ 'အစ္ကိုႀကီး' လို႔ေခၚၿပီး သတိလစ္သြားေတာ့သည္။ ရႊယ္လီဒန္နီက ျမန္ျမန္လုပ္ဖို႔ ဆရာဝန္ကို တိုက္တြန္းလိုက္သည္။ ဖူဘိုႏွင့္ Xiao Wang က တြန္းလွည္းကို အျမန္ဝိုင္းတြန္းကာ ဓာတ္ေလွကားထဲ အေျပးအလႊားဝင္လိုက္ၾကသည္။ ဖူဘိုက ဓာတ္ေလွကားမပိတ္ခင္ ေကာ္ရစ္ဒါဟိုးတစ္ဖက္မွာ ရပ္က်န္ရစ္ခဲ့ၿပီး သူတို႔ကို နက္နက္ရႈိင္းရႈိင္းနဲ႔ ခန္႔မွန္းလို႔မရတဲ့ မ်က္ဝန္းတစ္စံုနဲ႔ စိုက္ၾကည့္ေနသည့္ သခင္ေလးကို ေတြ႕လိုက္ရသည္။

ဓာတ္ေလွကားျပန္ပိတ္သြားတာေတာင္ မေစာင့္ဘဲ ရႊယ္ဇီရႊမ္က ေကာင္ေလးကို ၾကင္နာစြာ ေပြ႕ဖက္ႏွစ္သိမ့္လိုက္သည္။ ဒီျမင္ကြင္းကို ဓာတ္ေလွကားတံခါးမပိတ္ခင္ Xiao Wang နဲ႔ဖူဘိုတို႔ ေတြ႕သြားၿပီး တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္မိၾကသည္။ သူတို႔မ်က္ဝန္းထဲ စိတ္ပ်က္ျခင္းႏွင့္ မယံုႏိုင္ျခင္းတို႔ ထင္ဟပ္ေနသည္။ သခင္ေလး၏ ခံစားခ်က္ကင္းမဲ့ျခင္းက ပိုပိုဆိုးလာၿပီး သခင္မေလးေတာင္ သခင္ေလးကို စိတ္လႈပ္ရွားလာေအာင္ မလုပ္ႏိုင္ေတာ့ေပ။ သခင္ေလးကား တကယ္ကို ဆိုးဝါးလြန္းလွသည္။

က်ိဳးယြင္ရွန္႔က စိတ္ၿငိမ္သြားေပမယ့္ သူက အသံတိုးတိုးႏွင့္ ေျပာလိုက္သည္။

"သူတို႔ကို အစ္ကိုႀကီး သြားမေတြ႕ဘူးလား.."

"မလိုဘူး.. ရႊယ္က်င္းရီက မေသႏိုင္ဘူး.."

သူမက အရႈံးမေပးလိုက္ဘူးဆိုရင္ ရႊယ္က်င္းရီက ဘယ္သူထက္မဆို အသက္ရွည္ရွည္ ေနရမွာျဖစ္သည္။ အရင္ဘဝက ဘာပဲၾကံဳခဲ့ၾကံဳခဲ့ သူမက ေက်ာ္လႊားႏိုင္ခဲ့တာခ်ည္းျဖစ္သည္။ လူတိုင္းရဲ႕ေနာက္ကြယ္မွာ ပုန္းေနၿပီး စက္ဆုပ္စရာ လူသတ္သမားစိတ္ဓာတ္ကို သူမက တိတ္တဆိတ္ ေမြးျမဴေနခဲ့တာျဖစ္သည္။ ေအးစက္ေနသည့္အခန္းထဲဝင္ၿပီး ႏွလံုးခြဲစိတ္သည့္ ဗီဒီယိုမ်ားကို ေန႔ေရာညပါ သူမၾကည့္ခဲ့သည္။ သူမႏွလံုးခြဲစိတ္မႈ မလုပ္ခင္အထိ သူမဘာသာ က်န္းမာေအာင္ ေနထိုင္ႏိုင္ခဲ့သည္။ ဘယ္ႏွလံုးေရာဂါသည္ကမ်ား ဒီလိုေသြးသံတရဲရဲ ဗီဒီယိုကုိ ၾကာရွည္ၾကည့္ႏိုင္မွာတဲ့လဲ။ သူမက ဒါကိုလုပ္ခဲ့သည္။ သူမက သန္မာေအာင္ေနၿပီး အမႊာအစ္ကိုကို သတ္ဖို႔ႀကိဳးစားခဲ့သည္။

ဒီလိုလူမ်ိဳးကို ရႊယ္ဇီရႊမ္ မသနားႏိုင္ပါ။ 'အားနည္းျခင္း'ႏွင့္ 'သနားစရာေကာင္းျခင္း' ဆိုတဲ့စကားက သူမကိုေဖာ္ျပဖို႔ရာ ရယ္စရာေကာင္းလို႔ေနသည္။ တကယ္လို႔ အသက္ဆက္ရွင္ဖို႔ေမွ်ာ္လင့္ခ်က္ကို မစြန္႔လႊတ္မခ်င္း သူမက ကိုယ္တြင္းအဂၤါပ်က္စီးမႈျဖင့္ လြယ္ကူစြာေသမည္မဟုတ္ေပ။

"သူမ ဘာမွမျဖစ္ပါဘူး.."

အေသးစိတ္ရွင္းျပမရလို႔ ဒီေလာက္ပဲေျပာၿပီး ေကာင္ေလး၏ ႏူးညံ့ေသာ ဆံပင္မည္းမည္းမ်ားကို ပြတ္သပ္ေပးလိုက္သည္။

"ဒါေပမယ့္ ညီမေလးျဖစ္တာ အေတာ္ဆိုးဝါးပံုရတယ္.. ကြ်န္ေတာ္တို႔ တကယ္ သူမကို သြားမၾကည့္ေတာ့ဘူးလား.. သူမက ဘယ္လိုေရာဂါ ျဖစ္ေနတာလဲဟင္.."

က်ိဳးယြင္ရွန္႔က စိုးရိမ္ပူပန္သလို ဟန္ေဆာင္ကာ ေမးလိုက္ၿပီး သတင္းႏႈိက္ဖို႔ ႀကိဳးစားလိုက္သည္။

"ေမြးရာပါ ႏွလံုးေရာဂါပါ.."

ရႊယ္ဇီရႊမ္က ပြင့္လင္းစြာေျပာေပမယ့္ အေသးစိတ္ကိုေတာ့ ေျပာဖို႔မရည္ရြယ္ေပ။

"ဒါဆို ခဏသြားၾကည့္ရေအာင္.. ကြ်န္ေတာ္ တကယ္စိတ္မခ်ဘူး.."

က်ိဳးယြင္ရွန္႔က ရႊယ္ဇီရႊမ္၏ အက်ႌလက္ကိုဆုပ္ကိုင္ကာ စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။ စိတ္ခံစားခ်က္ႏွင့္ ယုတၱိက်က်ေတြးေတာျခင္းတို႔ လြန္ဆြဲေနသည္။ ဘာျဖစ္ျဖစ္ ဒီေကာင္ေလးက ဟြမ္ရီရဲ႕ တစ္ဦးတည္းေသာ ေဆြမ်ိဳးမဟုတ္လား။

ရႊယ္ဇီရႊမ္၏ ခံစားခ်က္ကင္းမဲ့ျခင္းက ေကာင္ေလးရဲ႕မ်က္ႏွာကို ျမင္ရရံုနဲ႔ ေပ်ာက္ကြယ္သြားသည္။ ဒီေကာင္ေလးရဲ႕ ဝမ္းနည္းတဲ့အၾကည့္ႏွင့္ ေတာင္းဆိုခ်က္ကို ျငင္းပယ္ႏိုင္သည့္ႏွလံုးသား သူ႔မွာမရွိေပ။ ေကာင္ေလးက သူ႔ဘဝရဲ႕အရာရာ၊ သူ႔ရဲ႕ေပ်ာ္ရႊင္မႈျဖစ္သည္။ ဒါေၾကာင့္ ေကာင္ေလးကိုေခၚၿပီး အေရးေပၚခန္းဘက္ကို ေလွ်ာက္လာခဲ့သည္။

က်ိဳးယြင္ရွန္႔က သူ႔အေနနဲ႔ ရႊယ္က်င္းရီေနရာေရာက္သြားသလို ခံစားလိုက္ရသည္။ ရႊယ္က်င္းရီ၏ ဒီကမာၻကဇာတ္လိုက္မ ဆိုသည့္အရွိန္အဝါက သူ႔ဆီကို ေရာက္လာသလိုပင္။ သူက ကူကယ္ရာမဲ့ မ်က္ႏွာကို လက္ႏွင့္အသာပြတ္လိုက္ကာ မ်က္လံုးကို ေပကလပ္ ေပကလပ္လုပ္လိုက္ၿပီး ဒီအေတြးက ေပ်ာက္သြားေတာ့သည္။

သူတို႔ေရာက္သြားေတာ့ အေရးေပၚခန္းက မီးလင္းေနၿပီး ကုသေနဆဲျဖစ္သည္။ ရႊယ္လီဒန္နီက ခြဲခန္းေရွ႕ကခံုမွာ အားေလ်ာ့စြာထိုင္ေနၿပီး ဖူဘိုက ေဘးမွ ဟိုသည္ေလွ်ာက္ေနသည္။ Xiao Wang က ေလွကားနားသြားကာ ေဆးလိပ္ေသာက္ေနသည္။

ေျခသံၾကားလို႔ ရႊယ္လီဒန္နီ လွည့္ၾကည့္ၿပီးေျပာလိုက္သည္။

"သား လာၿပီလား.."

ေနာက္ဆံုး သူမသားက သူ႔ညီမကို လ်စ္လွ်ဴမရႈပစ္ႏိုင္ေသးေပ။ သူမ စိတ္သက္သာရာ ရသြားေတာ့သည္။ တကယ္လို႔ သူမသမီးက တစ္ခုခုျဖစ္ၿပီး သားက စိတ္ပိုင္းဆိုင္ရာခံစားခ်က္ ကင္းမဲ့သြားရင္ သူမမိသားစုကို မိသားစုလို႔ ေခၚလို႔မရေတာ့ေပ။ ရႊယ္ဇီရႊမ္က တိတ္ေနၿပီး သူမႏွင့္ ခပ္ေဝးေဝးမွာထိုင္ကာ ခံစားခ်က္ကင္းမဲ့စြာျဖင့္ ေစာင့္ေနသည္။

က်ိဳးယြင္ရွန္႔က ခံစားခ်က္ကင္းမဲ့စြာ ထိုင္ေနသည့္ ရႊယ္ဇီရႊမ္လို လုပ္လို႔မရေပ။ သူက အခု မိသားစုေမတၱာကို ငတ္မြတ္ေနသည့္ မိဘမဲ့ကေလးအေနျဖင့္ စိုးရိမ္ပူပန္သည့္ မ်က္ႏွာထားျဖင့္ ဖူဘို႔ကိုေမးလိုက္သည္။

"က်င္းရီ ဘယ္လိုျဖစ္သြားတာလဲ.. သူမ ျပန္ေကာင္းလာမွာပါေနာ္.."

ဖူဘိုက ဒီေကာင္ေလးရွိေနတာကို မေက်နပ္စြာျဖင့္ စူးရွစြာၾကည့္ခ်င္ေပမယ့္ သခင္ေလးကိုယ္တိုင္ ဒီကိုေခၚလာလို႔ မေက်နပ္တာကို မေဖာ္ျပဝံ့ေပ။

ရႊယ္လီဒန္နီက စိတ္ရႈပ္ေထြးစြာျဖင့္ ဟြမ္ရီ႕ကိုၾကည့္ကာ ေမးလိုက္သည္။

"မင္း သူ႔ကို ဘာေၾကာင့္ ဒီကိုေခၚလာတာလဲ.. Xiao Wang ဘယ္မွာလဲ.. သူ႔ကို အိမ္ျပန္ပို႔ခိုင္းလိုက္ေတာ့.."

သူမက ဒီေကာင္ေလးရဲ႕ႏွလံုးကို ထုတ္ယူၿပီး သူမသမီးကိုယ္ထဲထည့္ဖို႔ ထားခ်င္ရံုျဖစ္ၿပီး ခုလို လူျမင္ကြင္းထဲ လူတိုင္း ဟြမ္ရီရွိေၾကာင္း သတိျပဳမိေအာင္ မရွိေစခ်င္ေပ။ လူေတြသတိထားမိသြားရင္ ျပႆနာျဖစ္လာႏုိင္သည္။

"အန္တီ.. ကြ်န္ေတာ္ ဒီမွာ ညီမေလးကို ေစာင့္ခ်င္လို႔ပါ.."

က်ိဳးယြင္ရွန္႔ရဲ႕မ်က္ႏွာက ျဖဴေရာ္ၿပီး မ်က္ဝန္းထဲမွာ မ်က္ရည္အျပည့္ႏွင့္ သနားစဖြယ္ပံုစံ လုပ္လိုက္သည္။

ရႊယ္ဇီရႊမ္က ဒီမ်က္ႏွာထားေလးေၾကာင့္ သည္းအူျပတ္မတတ္ ခံစားလိုက္ရသည္။ သူ႔ေၾကာင့္ ဒီေကာင္ေလး ဘယ္ေတာ့မွ ထပ္မနာက်င္ေစရလို႔ သူဆံုးျဖတ္ထားၿပီးျဖစ္သည္။

"ေရွာင္ရီက ရႊယ္က်င္းရီရဲ႕ အစ္ကိုရင္းပဲ.. သူက ကြ်န္ေတာ္တို႔ထက္ ဒီမွာေနသင့္တဲ့လူပဲ.."

ရႊယ္ဇီရႊမ္က ပြင့္လင္းစြာေျပာၿပီး ေကာင္ေလးကို ရင္ခြင္ထဲဖက္ထားကာ သူ႔ရင္ခြင္မွာေခါင္းမွီေစၿပီး ႏူးညံ့သည့္ဆံပင္ကို တစ္ခ်က္ငံု႔နမ္းလိုက္သည္။

"ဒါေပမယ့္ က်င္းရီေနမေကာင္းတာက.."

ဒီေကာင္ေလးက ေတာကလာၿပီး ဘာမွမသိဘူးဆိုေပမယ့္ ႏွလံုးေရာဂါဆိုတာ ႏွလံုးအစားထိုး ကုသရတယ္ဆိုတာ သိခ်င္သိေနႏိုင္တယ္လို႔ေတြးၿပီး ရႊယ္လီဒန္နီက ဆက္မေျပာဘဲရပ္လိုက္သည္။

ရႊယ္ဇီရႊမ္က သူ႔အေမကို နက္ရႈိင္းစြာၾကည့္ကာ ေကာင္ေလးကို ပိုတင္းေအာင္ဖက္ထားလိုက္သည္။

Xiao Wang က သူ႔သခင္က ဖုန္းဆက္ေခၚလို႔ ျပန္ေျပးလာၿပီး ေမးလိုက္သည္။

"ဘာျဖစ္လို႔လဲ ခင္ဗ်.."

"ဘာမွမျဖစ္ဘူး.."

ရႊယ္လီဒန္နီက လက္ယမ္းကာေျပာလိုက္သည္။

ရႊယ္ဇီရႊမ္က Xiao Wang ကုိယ္က စီးကရက္နံ႔ရေတာ့ ေကာင္ေလးကို ဖက္ထားရာကေန လႊတ္လိုက္ၿပီး ေျပာလိုက္သည္။

"ငါ့ကို စီးကရက္တစ္လိပ္ေပးပါ.."

"ဟုတ္ကဲ့.. ဘာ.. ဘာကိုေပးရမယ္.."

Xiao Wang က စီးကရက္ကိုထုတ္ယူၿပီးမွ ရုတ္တရက္ သူ႔သခင္ေလးက စီးကရက္၊ အရက္ မေသာက္ဘူးဆိုတာ သတိရသြားသည္။ သူ ရုတ္တရက္ ေအးခဲသြားသည္။

ရႊယ္ဇီရႊမ္က စီးကရက္တစ္လိပ္လွမ္းယူကာ ေကာင္ေလးရဲ႕ပုခံုးကို ခပ္တင္းတင္းညႇစ္ကာ ေဆးလိပ္ေသာက္လို႔ရသည့္ေနရာ ေခၚလာရင္း ေမးလိုက္သည္။

"အစ္ကိုႀကီးေဆးလိပ္ေသာက္ရင္ စိတ္မရွိဘူးမဟုတ္လား.."

သူက လက္ၾကားထဲ စီးကရက္ကိုညႇပ္ကာ ေမးလိုက္သည္။

"ဟုတ္ကဲ့.. ရပါတယ္.. ေသာက္ပါ.."

က်ိဳးယြင္ရွန္႔က ရႊယ္ဇီရႊမ္ကို ထူးဆန္းစြာ စိုက္ၾကည့္ေနမိသည္။ သူသိရသေလာက္ ရႊယ္ဇီရႊမ္က ေဆးလိပ္၊ အရက္၊ မိန္းမ၊ ေလာင္းကစားကင္းၿပီး တကယ့္စံျပလူသားျဖစ္သည္။ အခုေတာ့ သူက လံုးဝမတူသည့္သူလို ေျပာင္းလဲေနသည္။ တကယ္လို႔ system ကမစံုစမ္းႏိုင္ရင္ သူ႔ဘာသာ စံုစမ္းမွျဖစ္ေတာ့မည္။ မူလရႊယ္ဇီရႊမ္ မဟုတ္သည့္ တစ္စံုတစ္ေယာက္ ကူးေျပာင္းလာသည္ဟု သူ႔စိတ္ထဲ ထင္ေနမိေတာ့သည္။

======================

FOD Extra 1 - Chapter (4-3) - ဝိဉာဉ်ကူးပြောင်းလာသူလား?

အခု ရွှယ်ကျင်းရီက သနားစရာကောင်းတယ်ဆိုပေမယ့် ဟွမ်ရီ့ကို ဘယ်သူကများ သနားပေးခဲ့သလဲ။ အားလုံးထဲမှာ ဒီကောင်လေးက သနားစရာအကောင်းဆုံး၊ အပြစ်အကင်းဆုံးဖြစ်သည်။ ဒီအတွေးကြောင့် ရွှယ်ဇီရွှမ်က ကောင်လေးကို ရင်ခွင်ထဲ ခပ်တင်းတင်းဖက်ကာ သူ့အကြည့်က ဆေးရုံတွန်းလှည်းကို အကြည့်လွှဲလိုက်သည်။

ရွှယ်လီဒန်နီနဲ့ ရွှယ်လွေ့တို့က ရွှယ်ကျင်းရီကို ဟွမ်ရီနဲ့ ပိုပြီး ရင်းနှီးသံယောဇဉ်တွယ်သွားမှာကို ကြောက်နေကြသည်။ သူလည်း အရင်ဘဝက ဒီလိုပဲဖြစ်ခဲ့သည်။ ခုဘဝတော့ ရွှယ်ကျင်းရီက မကြာခင်သေတော့မည်။ ဟွမ်ရီ ဝမ်းနည်းပမ်းနည်း ငိုကြွေးနေတာကို ကြည့်နေမယ့်အစား သူမကို မြန်မြန် ဝေးရာကို ခေါ်သွားစေချင်တော့သည်။

ဆေးရုံတွန်းလှည်း ဘေးကဖြတ်သွားတော့ စိုက်ကြည့်နေသည့် ကျိုးယွင်ရှန့်မျက်လုံးကို နွေးထွေးသောလက်ဝါးကြီးက လာပိတ်ထားလိုက်သဖြင့် သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ ဒီလူက ခုလိုအချိန်တောင် ဟာသလုပ်နေသေးတာလား..။ မကောင်းဆိုးဝါးကောင်ကြီး..။ ရွှယ်ဇီရွှမ်က အေးစက်ပြီး နှလုံးသားကင်းမဲ့သူပဲ။

ရွှယ်ကျင်းရီက သူမအစ်ကိုကြီးဆီက အေးစက်ပြီး ထူးမခြားနားအကြည့်ကို ရလိုက်တော့ သူမနှလုံးက တောင့်မခံနိုင်တော့ဘဲ 'အစ်ကိုကြီး' လို့ခေါ်ပြီး သတိလစ်သွားတော့သည်။ ရွှယ်လီဒန်နီက မြန်မြန်လုပ်ဖို့ ဆရာဝန်ကို တိုက်တွန်းလိုက်သည်။ ဖူဘိုနှင့် Xiao Wang က တွန်းလှည်းကို အမြန်ဝိုင်းတွန်းကာ ဓာတ်လှေကားထဲ အပြေးအလွှားဝင်လိုက်ကြသည်။ ဖူဘိုက ဓာတ်လှေကားမပိတ်ခင် ကော်ရစ်ဒါဟိုးတစ်ဖက်မှာ ရပ်ကျန်ရစ်ခဲ့ပြီး သူတို့ကို နက်နက်ရှိုင်းရှိုင်းနဲ့ ခန့်မှန်းလို့မရတဲ့ မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်နေသည့် သခင်လေးကို တွေ့လိုက်ရသည်။

ဓာတ်လှေကားပြန်ပိတ်သွားတာတောင် မစောင့်ဘဲ ရွှယ်ဇီရွှမ်က ကောင်လေးကို ကြင်နာစွာ ပွေ့ဖက်နှစ်သိမ့်လိုက်သည်။ ဒီမြင်ကွင်းကို ဓာတ်လှေကားတံခါးမပိတ်ခင် Xiao Wang နဲ့ဖူဘိုတို့ တွေ့သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့မျက်ဝန်းထဲ စိတ်ပျက်ခြင်းနှင့် မယုံနိုင်ခြင်းတို့ ထင်ဟပ်နေသည်။ သခင်လေး၏ ခံစားချက်ကင်းမဲ့ခြင်းက ပိုပိုဆိုးလာပြီး သခင်မလေးတောင် သခင်လေးကို စိတ်လှုပ်ရှားလာအောင် မလုပ်နိုင်တော့ပေ။ သခင်လေးကား တကယ်ကို ဆိုးဝါးလွန်းလှသည်။

ကျိုးယွင်ရှန့်က စိတ်ငြိမ်သွားပေမယ့် သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"သူတို့ကို အစ်ကိုကြီး သွားမတွေ့ဘူးလား.."

"မလိုဘူး.. ရွှယ်ကျင်းရီက မသေနိုင်ဘူး.."

သူမက အရှုံးမပေးလိုက်ဘူးဆိုရင် ရွှယ်ကျင်းရီက ဘယ်သူထက်မဆို အသက်ရှည်ရှည် နေရမှာဖြစ်သည်။ အရင်ဘဝက ဘာပဲကြုံခဲ့ကြုံခဲ့ သူမက ကျော်လွှားနိုင်ခဲ့တာချည်းဖြစ်သည်။ လူတိုင်းရဲ့နောက်ကွယ်မှာ ပုန်းနေပြီး စက်ဆုပ်စရာ လူသတ်သမားစိတ်ဓာတ်ကို သူမက တိတ်တဆိတ် မွေးမြူနေခဲ့တာဖြစ်သည်။ အေးစက်နေသည့်အခန်းထဲဝင်ပြီး နှလုံးခွဲစိတ်သည့် ဗီဒီယိုများကို နေ့ရောညပါ သူမကြည့်ခဲ့သည်။ သူမနှလုံးခွဲစိတ်မှု မလုပ်ခင်အထိ သူမဘာသာ ကျန်းမာအောင် နေထိုင်နိုင်ခဲ့သည်။ ဘယ်နှလုံးရောဂါသည်ကများ ဒီလိုသွေးသံတရဲရဲ ဗီဒီယိုကို ကြာရှည်ကြည့်နိုင်မှာတဲ့လဲ။ သူမက ဒါကိုလုပ်ခဲ့သည်။ သူမက သန်မာအောင်နေပြီး အမွှာအစ်ကိုကို သတ်ဖို့ကြိုးစားခဲ့သည်။

ဒီလိုလူမျိုးကို ရွှယ်ဇီရွှမ် မသနားနိုင်ပါ။ 'အားနည်းခြင်း'နှင့် 'သနားစရာကောင်းခြင်း' ဆိုတဲ့စကားက သူမကိုဖော်ပြဖို့ရာ ရယ်စရာကောင်းလို့နေသည်။ တကယ်လို့ အသက်ဆက်ရှင်ဖို့မျှော်လင့်ချက်ကို မစွန့်လွှတ်မချင်း သူမက ကိုယ်တွင်းအင်္ဂါပျက်စီးမှုဖြင့် လွယ်ကူစွာသေမည်မဟုတ်ပေ။

"သူမ ဘာမှမဖြစ်ပါဘူး.."

အသေးစိတ်ရှင်းပြမရလို့ ဒီလောက်ပဲပြောပြီး ကောင်လေး၏ နူးညံ့သော ဆံပင်မည်းမည်းများကို ပွတ်သပ်ပေးလိုက်သည်။

"ဒါပေမယ့် ညီမလေးဖြစ်တာ အတော်ဆိုးဝါးပုံရတယ်.. ကျွန်တော်တို့ တကယ် သူမကို သွားမကြည့်တော့ဘူးလား.. သူမက ဘယ်လိုရောဂါ ဖြစ်နေတာလဲဟင်.."

ကျိုးယွင်ရှန့်က စိုးရိမ်ပူပန်သလို ဟန်ဆောင်ကာ မေးလိုက်ပြီး သတင်းနှိုက်ဖို့ ကြိုးစားလိုက်သည်။

"မွေးရာပါ နှလုံးရောဂါပါ.."

ရွှယ်ဇီရွှမ်က ပွင့်လင်းစွာပြောပေမယ့် အသေးစိတ်ကိုတော့ ပြောဖို့မရည်ရွယ်ပေ။

"ဒါဆို ခဏသွားကြည့်ရအောင်.. ကျွန်တော် တကယ်စိတ်မချဘူး.."

ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်၏ အင်္ကျီလက်ကိုဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ စိတ်ခံစားချက်နှင့် ယုတ္တိကျကျတွေးတောခြင်းတို့ လွန်ဆွဲနေသည်။ ဘာဖြစ်ဖြစ် ဒီကောင်လေးက ဟွမ်ရီရဲ့ တစ်ဦးတည်းသော ဆွေမျိုးမဟုတ်လား။

ရွှယ်ဇီရွှမ်၏ ခံစားချက်ကင်းမဲ့ခြင်းက ကောင်လေးရဲ့မျက်နှာကို မြင်ရရုံနဲ့ ပျောက်ကွယ်သွားသည်။ ဒီကောင်လေးရဲ့ ဝမ်းနည်းတဲ့အကြည့်နှင့် တောင်းဆိုချက်ကို ငြင်းပယ်နိုင်သည့်နှလုံးသား သူ့မှာမရှိပေ။ ကောင်လေးက သူ့ဘဝရဲ့အရာရာ၊ သူ့ရဲ့ပျော်ရွှင်မှုဖြစ်သည်။ ဒါကြောင့် ကောင်လေးကိုခေါ်ပြီး အရေးပေါ်ခန်းဘက်ကို လျှောက်လာခဲ့သည်။

ကျိုးယွင်ရှန့်က သူ့အနေနဲ့ ရွှယ်ကျင်းရီနေရာရောက်သွားသလို ခံစားလိုက်ရသည်။ ရွှယ်ကျင်းရီ၏ ဒီကမ္ဘာကဇာတ်လိုက်မ ဆိုသည့်အရှိန်အဝါက သူ့ဆီကို ရောက်လာသလိုပင်။ သူက ကူကယ်ရာမဲ့ မျက်နှာကို လက်နှင့်အသာပွတ်လိုက်ကာ မျက်လုံးကို ပေကလပ် ပေကလပ်လုပ်လိုက်ပြီး ဒီအတွေးက ပျောက်သွားတော့သည်။

သူတို့ရောက်သွားတော့ အရေးပေါ်ခန်းက မီးလင်းနေပြီး ကုသနေဆဲဖြစ်သည်။ ရွှယ်လီဒန်နီက ခွဲခန်းရှေ့ကခုံမှာ အားလျော့စွာထိုင်နေပြီး ဖူဘိုက ဘေးမှ ဟိုသည်လျှောက်နေသည်။ Xiao Wang က လှေကားနားသွားကာ ဆေးလိပ်သောက်နေသည်။

ခြေသံကြားလို့ ရွှယ်လီဒန်နီ လှည့်ကြည့်ပြီးပြောလိုက်သည်။

"သား လာပြီလား.."

နောက်ဆုံး သူမသားက သူ့ညီမကို လျစ်လျှူမရှုပစ်နိုင်သေးပေ။ သူမ စိတ်သက်သာရာ ရသွားတော့သည်။ တကယ်လို့ သူမသမီးက တစ်ခုခုဖြစ်ပြီး သားက စိတ်ပိုင်းဆိုင်ရာခံစားချက် ကင်းမဲ့သွားရင် သူမမိသားစုကို မိသားစုလို့ ခေါ်လို့မရတော့ပေ။ ရွှယ်ဇီရွှမ်က တိတ်နေပြီး သူမနှင့် ခပ်ဝေးဝေးမှာထိုင်ကာ ခံစားချက်ကင်းမဲ့စွာဖြင့် စောင့်နေသည်။

ကျိုးယွင်ရှန့်က ခံစားချက်ကင်းမဲ့စွာ ထိုင်နေသည့် ရွှယ်ဇီရွှမ်လို လုပ်လို့မရပေ။ သူက အခု မိသားစုမေတ္တာကို ငတ်မွတ်နေသည့် မိဘမဲ့ကလေးအနေဖြင့် စိုးရိမ်ပူပန်သည့် မျက်နှာထားဖြင့် ဖူဘို့ကိုမေးလိုက်သည်။

"ကျင်းရီ ဘယ်လိုဖြစ်သွားတာလဲ.. သူမ ပြန်ကောင်းလာမှာပါနော်.."

ဖူဘိုက ဒီကောင်လေးရှိနေတာကို မကျေနပ်စွာဖြင့် စူးရှစွာကြည့်ချင်ပေမယ့် သခင်လေးကိုယ်တိုင် ဒီကိုခေါ်လာလို့ မကျေနပ်တာကို မဖော်ပြဝံ့ပေ။

ရွှယ်လီဒန်နီက စိတ်ရှုပ်ထွေးစွာဖြင့် ဟွမ်ရီ့ကိုကြည့်ကာ မေးလိုက်သည်။

"မင်း သူ့ကို ဘာကြောင့် ဒီကိုခေါ်လာတာလဲ.. Xiao Wang ဘယ်မှာလဲ.. သူ့ကို အိမ်ပြန်ပို့ခိုင်းလိုက်တော့.."

သူမက ဒီကောင်လေးရဲ့နှလုံးကို ထုတ်ယူပြီး သူမသမီးကိုယ်ထဲထည့်ဖို့ ထားချင်ရုံဖြစ်ပြီး ခုလို လူမြင်ကွင်းထဲ လူတိုင်း ဟွမ်ရီရှိကြောင်း သတိပြုမိအောင် မရှိစေချင်ပေ။ လူတွေသတိထားမိသွားရင် ပြဿနာဖြစ်လာနိုင်သည်။

"အန်တီ.. ကျွန်တော် ဒီမှာ ညီမလေးကို စောင့်ချင်လို့ပါ.."

ကျိုးယွင်ရှန့်ရဲ့မျက်နှာက ဖြူရော်ပြီး မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နှင့် သနားစဖွယ်ပုံစံ လုပ်လိုက်သည်။

ရွှယ်ဇီရွှမ်က ဒီမျက်နှာထားလေးကြောင့် သည်းအူပြတ်မတတ် ခံစားလိုက်ရသည်။ သူ့ကြောင့် ဒီကောင်လေး ဘယ်တော့မှ ထပ်မနာကျင်စေရလို့ သူဆုံးဖြတ်ထားပြီးဖြစ်သည်။

"ရှောင်ရီက ရွှယ်ကျင်းရီရဲ့ အစ်ကိုရင်းပဲ.. သူက ကျွန်တော်တို့ထက် ဒီမှာနေသင့်တဲ့လူပဲ.."

ရွှယ်ဇီရွှမ်က ပွင့်လင်းစွာပြောပြီး ကောင်လေးကို ရင်ခွင်ထဲဖက်ထားကာ သူ့ရင်ခွင်မှာခေါင်းမှီစေပြီး နူးညံ့သည့်ဆံပင်ကို တစ်ချက်ငုံ့နမ်းလိုက်သည်။

"ဒါပေမယ့် ကျင်းရီနေမကောင်းတာက.."

ဒီကောင်လေးက တောကလာပြီး ဘာမှမသိဘူးဆိုပေမယ့် နှလုံးရောဂါဆိုတာ နှလုံးအစားထိုး ကုသရတယ်ဆိုတာ သိချင်သိနေနိုင်တယ်လို့တွေးပြီး ရွှယ်လီဒန်နီက ဆက်မပြောဘဲရပ်လိုက်သည်။

ရွှယ်ဇီရွှမ်က သူ့အမေကို နက်ရှိုင်းစွာကြည့်ကာ ကောင်လေးကို ပိုတင်းအောင်ဖက်ထားလိုက်သည်။

Xiao Wang က သူ့သခင်က ဖုန်းဆက်ခေါ်လို့ ပြန်ပြေးလာပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ခင်ဗျ.."

"ဘာမှမဖြစ်ဘူး.."

ရွှယ်လီဒန်နီက လက်ယမ်းကာပြောလိုက်သည်။

ရွှယ်ဇီရွှမ်က Xiao Wang ကိုယ်က စီးကရက်နံ့ရတော့ ကောင်လေးကို ဖက်ထားရာကနေ လွှတ်လိုက်ပြီး ပြောလိုက်သည်။

"ငါ့ကို စီးကရက်တစ်လိပ်ပေးပါ.."

"ဟုတ်ကဲ့.. ဘာ.. ဘာကိုပေးရမယ်.."

Xiao Wang က စီးကရက်ကိုထုတ်ယူပြီးမှ ရုတ်တရက် သူ့သခင်လေးက စီးကရက်၊ အရက် မသောက်ဘူးဆိုတာ သတိရသွားသည်။ သူ ရုတ်တရက် အေးခဲသွားသည်။

ရွှယ်ဇီရွှမ်က စီးကရက်တစ်လိပ်လှမ်းယူကာ ကောင်လေးရဲ့ပုခုံးကို ခပ်တင်းတင်းညှစ်ကာ ဆေးလိပ်သောက်လို့ရသည့်နေရာ ခေါ်လာရင်း မေးလိုက်သည်။

"အစ်ကိုကြီးဆေးလိပ်သောက်ရင် စိတ်မရှိဘူးမဟုတ်လား.."

သူက လက်ကြားထဲ စီးကရက်ကိုညှပ်ကာ မေးလိုက်သည်။

"ဟုတ်ကဲ့.. ရပါတယ်.. သောက်ပါ.."

ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်ကို ထူးဆန်းစွာ စိုက်ကြည့်နေမိသည်။ သူသိရသလောက် ရွှယ်ဇီရွှမ်က ဆေးလိပ်၊ အရက်၊ မိန်းမ၊ လောင်းကစားကင်းပြီး တကယ့်စံပြလူသားဖြစ်သည်။ အခုတော့ သူက လုံးဝမတူသည့်သူလို ပြောင်းလဲနေသည်။ တကယ်လို့ system ကမစုံစမ်းနိုင်ရင် သူ့ဘာသာ စုံစမ်းမှဖြစ်တော့မည်။ မူလရွှယ်ဇီရွှမ် မဟုတ်သည့် တစ်စုံတစ်ယောက် ကူးပြောင်းလာသည်ဟု သူ့စိတ်ထဲ ထင်နေမိတော့သည်။

======================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now