Chapter (13-1) - လူသတ်မှု

3.6K 608 11
                                    

Chapter (13-1) - လူသတ်မှု




ပရိတ်သတ်၏ လက်ခုပ်သံသည် အချိန်အတော်ကြာအောင် ကြာမြင့်နေခဲ့ပြီး တော်တော်နှင့် မစဲတော့ပေ။ ဂီတကိုသိပ်တန်ဖိုး မထားတဲ့သူတွေတောင် ဒီတေးသွားက ဘယ်လောက်လှပပြီး ဘယ်လောက်ခက်ခဲတယ်ဆိုတာကို ခွဲခြားသိမြင်နိုင်တယ်။ ဒီမတိုင်မီက Sears သည်သာ ဒီတေးသွားကို အကောင်းဆုံး နှင့် အောင်မြင်စွာဖျော်ဖြေနိုင်ခဲ့သည်။ သို့သော်ရာစုနှစ်တစ်ခုအကြာတွင် စန္ဒရားဆရာ Sears သည် စန္ဒယား သမိုင်း၏အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သည်။ သူ့ရဲ့ထူးချွန်သည့် စန္ဒယား လက်သံသည် သူ သေဆုံးခြင်းနှင့်အတူ ထာဝရတိတ်ဆိတ်သွားခဲ့သည်။

ရွယ်ဇီရွမ်က ဒီတေးသွားကို တစ်ကြိမ် တီးခတ်ဖူးပေမယ့် လူထုဖျော်ဖြေပွဲတွင် တစ်ခါမှ မတီးခတ်ခဲ့ပေ။ ဒါကို လေ့ကျင့်မှုအနေဖြင့် တီးခတ်ကာ အင်တာနက်ပေါ်တွင်သာ ထုတ်လွင့်ခဲ့ဖူးသည်။ သူက မာန်မာနကြီးမားစွာဖြင့် ထိုသံစဉ်ကို တရားဝင် ပရိတ်သတ်ရှေ့က စင်မြင့်ပေါ်တွင် တီးခတ်ပြသဖို့ ယုံကြည်မှုမရှိခဲ့ပေ။

ဒါပေမယ့် ဆယ်ကျော်သက်လေးက ဒါကို သေချာပေါက် ပြီးမြောက်အောင်မြင်အောင် တီးခတ်နိုင်တယ်ဆိုတာ သူသိတယ်။ သူ့မှာ ဉာဏ်အကောင်းဆုံးနဲ့ ကမ္ဘာပေါ်မှာ အပျော့ပြောင်းဆုံး လက်တွေရှိတယ်။ ဒီလိုအရာတွေအပြင် ချာတိတ်လေးက အရမ်းကို မာနကြီးသည်။ မာန်မာနကြီးကာ တကယ်ထူးချွန်သည့် လူမှသာလျှင် ဒီလို အကြွင်းမဲ့သံစဉ်ကို တီးခတ်နိုင်မည် ဖြစ်သည်။

ချာတိတ်လေးက တောက်ပသောမျက်လုံးများဖြင့် သူ့ပတ် ၀ န်းကျင်ရှိ အရာအားလုံးကို ကြည့်လိုက်စဉ် သူက စူးရှသည့် သူ့အမြင်အာရုံကို အသုံးပြုခဲ့သည်။

သူသည် Sears ကဲ့သို့ အံ့သြဖွယ်ကောင်းပြီး ထက်မြက်သူဖြစ်သလို စန္ဒယား ပ ညာရှင် Sears ကဲ့သို့ ပြိုင်ဘက်ကင်းသောသူ ဖြစ်သည်။ ဒီပြိုင်ပွဲမှာ လက်ရည်အစွမ်းပြသလိုက်ချင်းက သူ့ပုံစံနှင့် လုံးဝ အံဝင်ခွင်ကျဖြစ်လုနီးပါးဖြစ်သည်။

ကျိုးယွင်ရှန့်က ထိုနေရာတွင် မတ်တပ်ရပ်လိုက်ပြီး သူ့မေးစေ့ကို စောင်းကာ မျက်ခုံးပင့်လိုက်သည်။ သူ့သဘောထားက အလွန်မာနကြီးကြောင်း ပြသနေသည်။ သူသည် ဒိုင်လူကြီးများ၏အမှတ်ပေးပုံကို ဂရုမစိုက်ပုံ ပေါ်ပြီး သူ၏ရင်ဘတ်၌ထိုးထားသော ပန်းပွင့်ကို ချိန်ညှိနေသည်။ ဒိုင်တွေက စုဝေးကာ သူတို့က ရမှတ်တွေကို တစ်ယောက်ပြီးတစ်ယောက် မပေးခင်တစ်မိနစ်လောက် တီးတိုးဆွေးနွေးကြတယ်။

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now