FOD Extra_1_Chapter(2-3) (Zawgyi+Unicode)

6.7K 897 14
                                    

FOD Extra_1_Chapter(2-3) (Zawgyi+Unicode)


ဒီလို သတိပေးချက် ပေးပြီးနောက် စနစ်က သူ့ကို စိတ်ဝိဉာဉ်အထိ နာကျင်ခံစားအောင် နာရီ 20 လောက်အထိ အပြစ်ပေးလေ့ရှိပေမယ့် အခုတော့ သူ့ကို 1 နာရီပဲကြာအောင် အပြစ်ပေးပြီး ရုပ်ပိုင်းနာကျင်မှုပဲ ခံစားလိုက်ရသဖြင့် စနစ်က ပျော့ပျောင်းလာသလားဟု ကျိုးယွင်ရှန့်ထင်လိုက်သည်။ ဒီစနစ်ကို ဖျက်စီးပြစ်မည်ဆိုသည့် အပြစ်အတွက် အပျော့ဆုံးအပြစ်ပဲပေးတာလား။ ဒီစနစ် တခုခုမှားနေပြီဟု ကျိုးယွင်ရှန့်သံသယဝင်လာသည်။ ကျိုးယွင်ရှန့်က သူ့စိတ်ထဲက သံသယကို ဖိနှိပ်မြိုသိပ်လိုက်သည်။ ပုံရိပ်ယောင်လောက ပေါင်းစုံ ပြန်လည်ဝင်စားရပြီးနောက် ကိုယ့်စိတ်ထဲက အတွေးကို သိမ်းဆည်းရာမှာ သူ အတော်လေးကို တော်နေပြီဖြစ်သည်။ မကြာခင် လာမည့် အပြစ်ဒဏ်အတွက် သူ့စိတ်ကို ပြင်ဆင်ထား လိုက်သည်။ အရိုးကွဲမတတ် နာကျင်မှုကြောင့် သူ အံကို တင်းတင်းကြိတ်ထားလိုက် မိစဉ် အပြင်ဘက်မှ ခြေသံကို ကြားလိုက်ရလို့ ကျိုးယွင်ရှန့်က ကွန်ပြူတာ မျက်နှာပြင်ကို ဗြောင်ထားလိုက်ပြီး တံခါးကို သော့ဖွင့်ထားလိုက်သည်။

"ဖူဘို ညစာ စားချိန်ရောက်ပြီလား"

ဆယ်ကျော်သက်ကလေးကပြုံးပြလိုက်ပြီး ဟန်မပျက်မေးလိုက်ပေမယ့် သူ့ခန္ဓာကိုယ် ဘယ်လောက်နာကျင်နေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

ဖူဘိုက  လက်ကိုဝှေ့ယမ်းလိုက်သည်။

"အခုက အစားစားချိန်မရောက်သေးပါဘူး။  ကလေးမွေးစားတာလုပ်ဖို့ လိုအပ်တဲ့ ဆေးစစ်တာလုပ်ဖို့ မင်းကို ဆေးရုံခေါ်သွားဖို့ ကားက အပြင်မှာ စောင့်နေတယ်။  သန့်ရှင်းတဲ့ အဝတ်အစားတွေလဲပြီး  အောက်ကို ဆင်းလာပါ။"

"အိုကေ ကျွန်တော် ချက်ချင်း ဆင်းလာပါ့မယ်"

ကျိုးယွင်ရှန့်က တံခါးကိုချက်ချင်းပိတ်ပြီး ပုံမှန် အဝတ်တွေ လဲလှယ် ဝတ်ဆင်ခဲ့သည်။ သူ၏ရှုပ်ထွေးသောဆံပင်ကို ညီညာစွာ ညှပ်ထားပြီး၊  သူ့ဆံပင်တွေက့ပခုံးပေါ်ကို ဝဲကျနေဆဲဖြစ်သည်။ တစ်ပတ်ကြာ ထိန်းသိမ်းပြီးနောက် သူ၏အသားအရေက နူးညံ့ပြီး ကျောက်စိမ်းကဲ့သို့ ချောချောမွေ့မွေ နှင့် အပြစ်အနာဆာ ကင်းစွာ ဖြူဖွေးလို့လာသည်။ သူ၏နူးညံ့သိမ်မွေ့သော မျက်နှာကျကြောင့် လူတွေက သူက ယောကျာ်းလေးလား၊ မိန်းကလေးလားဆိုတာ ဒွိဟဖြစ်စေသည်။


ရွယ်ကျင်းရီရဲ့ရှည်လျားသောဆံပင်ကိုလည်း ဖြတ်လိုက်ပြီး သူနဲ့ ထပ်တူ တူညီအောင် ဆံပင်ပုံစံပြောင်းခဲ့သည်။ သူတိုနှစ်ယောက် အဝတ်စား ဆင်တူဝတ်လိုက်ပြီး ဘေးချင်းယှဉ်ရပ်လိုက်ရင် ရုပ်ရည်က 80% 90% တူနေလို့ သူစိမ်းတွေက သူတို့မောင်နှမ နှစ်ယောက်ကို မခွဲနိုင်ကြပေ။
သူက ရွယ်ကျင်းရီ ဆံပင်ညှပ်လိုက်တဲ့နေ့ကို ပြန်စဉ်းစားလိုက်သည်။ သူ့ညီမက ငိုယိုပြီး မုန်းတီးစွာနဲ့ သူ့ကို စိုက်ကြည့်နေခဲ့တာကို မြင်ယောင်ပြီး ကျိုးယွင်ရှန့်ရယ်ချင်နေမိသည်။ ရွှယ်မိသားစုက သူတို့နှစ်ယောက် ပိုတူအောင်လို့ သူမဆံပင်ကို ညှပ်လိုက်လို့ သူမက သူ့အကိုကို မုန်းတီးနေရတာပဲဖြစ်သည်။


ရွှယ်မိသားစုက သူ့ကို လူမြင်ကွင်းကို ခေါ်ဆောင်သွားရမှာဖြစ်လို့  သူ့ရဲ့တည်ရှိမှုကို တတ်နိုင်သလောက် ဖုံးကွယ်ရန်ကြိုးစားကြသည်။ ဒါကြောင့် သူတို့က ကျိုးယွင်ရှန့်ကို ရွှယ်ကျင်းရီလို ၀ တ်ဆင်စေပြီး သူ့ကို အပြင် ထွက်ချင်တိုင်းလည်း ထွက်ခွင့်မပြုခဲ့ပေ။ သူက ရွယ်ကျင်းရီနဲ့  တစ်ချိန်တည်း တစ်နေရာမှာ အတူတူနေခွင့်မပြုကြပေ။ သူတို့က ကျိုးယွင်ရှန့် ကို ရွှယ်ကျင်းရီ ရဲ့အရိပ်အဖြစ် ပြောင်းလဲဖို့ကြိုးစားနေကြပြီး နောက်ဆုံးအချိန်တွင် အရိပ်သည် ထာဝရ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။

ရွှယ်ကျင်းရီက သူမကိုအရှက်ရစေတဲ့ အတွက် ကျိုးယွင်ရှန့်ကို မုန်းတီးနေ သည်။ တကယ်တော့  သူ့အသက်ကို လုယူတဲ့အတွက် သူမကို ပိုပြီးမုန်းမိသည်။ သူ့ အမုန်းကို နှလုံးသားအောက်ခြေမှာ သိမ်းဆည်း ထားပြီး သူတို့လိုချင်တာကို ဖြည့်ဆည်းရမှာဖြစ်ပြီး တချိန်တည်းမှာပဲ သူက သူ့ညီမ သူ့ကို မုန်းတီးနေတဲ့အချက်ကို လူသိရှင်ကြားဖြစ်အောင် ဖြတ်ထုတ်ရမည်။

အဘယ်ကြောင့်?  ဘာကြောင့် လူတွေက ငါ့ကို နင်းခြေပြီး ရက်ရက် စက်စက် သတ်ဖြတ်ချင်ရတာလဲ။ ကျိုးယွင်ရှန့်ရဲ့ ရင်ဘတ်ထဲက မုန်းတီးမှုတွေနဲ့ပြည့်နေပေမယ့် သူက ဖြူစင်ရိုးသားတဲ့ အပြုံးကို ဆင်မြန်းထားသည်။ သူ ကားပေါ်တက် တဲ့အခါမှာ ကားနောက်ခန်းမှာ တေးဂီတ နူတ်စ် တွေနဲ့ အလုပ်များနေတဲ့ ရွှယ်ဇီရွှမ်က  သူ့ဘေးမှာ ဆယ်ကျော်သက်ကောင်လေး ဝင်ထိုင်ချင်တာကို သတိပြုမိလို့ ခေါင်းကိုမြှောက်မကြည့်ပဲ ပြောလိုက်သည်။

 " ရှေ့မှာ ထိုင်ပါ"

ကျိုးယွင်ရှန့် ပြုံးလိုက်ပြီး နောက်ထိုင်ခုံဆီ ဦးတည်နေတဲ့ ခြေထောက်ကို ပြန် ရုပ်သိမ်းခဲ့ပြီး ဒရိုင်ဘာဘေးက ရှေ့ထိုင်ခုံမှာ ထိုင်ကာ ထိုင်ခုံခါးပတ်ကို နာခံမှုရှိစွာ တပ်လိုက်သည်။

" အစ်ကိုကြီး..."

သူ့ရဲ့နွေးထွေးတဲ့ နူတ်ဆက်စကားကို အေးစိမ့်တဲ့ မျက်ဝန်းတွေနဲ့ ရင်ဆိုင်မိတော့   သူ စကားလုံးများကို ချက်ချင်းပြောင်းလိုက်သည်။

"မစ္စတာရွှယ်  ဒီနေ့  အလုပ် အားသလားခင်ဗျ "

ရွှယ်ဇီရွှမ်က ပုံမှန်ပဲ ဘာမှ ပြန်မဖြေလိုက်ပေ။ ကားထဲ တိတ်ဆိတ်သွားပြီးနောက် လက်ထောက်က အကွေ့ကောက်များသော လမ်းများအတိုင်း ကားကို မောင်းထွက်လာခဲ့သည်။ ကျိုးယွင်ရှန့်က ရှေ့သို့လှည့်ပြီးဖြောင့်မတ်စွာထိုင်ရင်း  ပျင်းရိစွာ ပြတင်းပေါက်မှ အပြင်ကို ကြည့်လာခဲ့သည်။ ဒီတစ်ခါ ဆေးရုံကိုသွားရတဲ့ရည်ရွယ်ချက်က ဘာလဲ။ အဖြေက သူ့စိတ်ထဲမှာ  ရှင်းလင်းနေလေပြီ။ သူတို့က သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမည် ဟုဆိုသော်လည်း အမှန်တကယ်တော့ သူ့နလုံးက ရွှယ်ကျင်းရီနဲ့  နှလုံးခွဲစိတ်ကုသရာမှာ ကိုက်ညီမှု ရှိ မရှိ သူတို့ သိချင်သောကြောင့် ဖြစ်သည်။ ကိုက်ညီတယ်လို့ အတည်ပြုလိုက်ရင် သူက ခေါင်းတလားထဲ ခြေတဖက် လှမ်းလျက်သားဖြစ်တော့မည်။

သူက တဖက်လူတွေ ဘာလုပ်ဖို့ကြံစည်နေတာကို သတိထားမိလို့ သူတို့ စောင့်ကြည့်နေတဲ့ကြားကနေ ရှောင်ထွက်ပြီးလွတ်အောင် လုပ်နိုင်ပေမယ့် စနစ်က သူ့ကို ထိန်းချုပ်ထားလို့ ဘာမှ လွတ်လပ်စွာ မလုပ်နိုင်ပေ။ အခုလို သေရမည့်နေ့ကို လည်စင်းပြီးစောင့်နေရသည့် အဖြစ်က သူ့ကို သည်းမခံနိုင်အောင် ဖြစ်မိစေပြီး သူ့စိတ်နှလုံးထဲတွင် အရှက်ခွဲခံရခြင်းနှင့် အာဏာကင်းမဲ့ခြင်းတို့အတွက် ခံစားရခြင်းက သေခြင်းကို စောင့်မျှော် ရသည့် ကြောက်ရွံ့မှုထက် ပိုခံစားရသည်။ ကျိုးယွင်ရှန့်၏  ခံစားချက် က ပိုပိုဆိုးလာပြီး တိတ်ဆိတ်စွာပဲနေလိုက်သည်။ မဟုတ်လျှင် သူ ပေါက်ကွဲမိလာပြီး အခြေနေ ပိုဆိုးလာလိမ့်မည်။ သူလည်း ရူးသွပ်ပြီး ပြိုလဲသွားလိမ့်မည်။

သူ အတွေးများနေစဉ် ကားသည် ပုဂ္ဂလိကဆေးရုံတစ်ခုသို့ရောက်ရှိခဲ့ သည်။ ကျိုးယွင်ရှန့်သည် Xue မိသားစု၏ သတင်းအချက်အလက်များကို ဖတ်ရှုပြီးဖြစ်လို့ သူတို့ ဒီဆေးရုံရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထား ပြီး အခွင့်ထူးများစွာရရှိသည်ကို သိထားပြီးဖြစ်သည်။ သူတို့သည် ဓာတ်လှေကားနှင့် အပေါ်ထပ်သို့ တိုက်ရိုက်စီးနင်းခဲ့ပြီး ဒါရိုက်တာ ကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သည်။


ကျိုးယွင်ရှန့်က ဘာမှမသိသလို ဟန်ဆောင်ကာသူနာပြုနှစ် ဦး ကို သူတို့နှစ်သက်သလို လုပ်ခွင့်ပေးခဲ့သည်။ သူထွက်ခွာသွားသောအခါ ဒါရိုက်တာက ရွှယ်ဇီရွှမ်ကို ဘေးခန်းကို ဆွဲခေါ်သွားသည်။ အေးခဲနေသောမျက်လုံးများက သူ၏ရင်ဘတ်အား အကြိမ်ပေါင်းများစွာ စိုက်ကြည့်နေသည်။ သူတို့က သူ၏ကိုယ်ခန္ဓာကို ဘယ်အချိန်တွင်မဆို ခွဲစိတ်နိုင်သည့်အရာတစ်ခုအဖြစ် ဆက်ဆံနေပုံက ထင်ရှားသည်။ ကျိုးယွင်ရှန့်သည် သူ၏မျက်နှာပေါ်တွင်  ပွင့်လင်းသွာ ပြုံးနေသော်လည်း သူ၏စိတ်နှလုံးထဲတွင်  အတောမသတ်နိုင်သောအမုန်းတရားများကို ဖုန်းကွယ်ထားလိုက်သည်။

ဆေးစစ်ပြီးလဝက်အကြာတွင် အလုပ်များလွန်းလို့ အရိပ်ကိုတောင် မမြင်ရတဲ့ ရွှယ်လွေ့ နဲ့ ပြည်ပခရီးစဉ်ကိုလှည့်သွားနေရတဲ့  ရွှယ်နီဒန်နီ တို့ ရုတ်တရက်ပြန်ရောက်လာသည်။ အဆိုပါစုံတွဲသည် လက်ချင်းတွဲကာ အိမ်ထဲ ဝင်လာပြီး ပျော်ရွှင်စွာ ရယ်မော စကားပြောနေကြသည်။ တကယ့်ကို ပျော်ရွှင်တဲ့ မိသားစုလို ဟန်ဆောင်နေသည်။ ကျိုးယွင်ရှန့်က သူတို့ကိုနူတ်ဆက်စကားဆိုဖို့ အခန်းထဲက ပြေးထွက်လာခဲ့သည်။ ရွှယ်နီဒန်နီသည် ကောင်လေးကို အထင်သေးက နိမ့်ချဆက်ဆံသော်လည်း အခုတခေါက်တော့ ညံ့သိမ်မွေ့စွာချစ်ခင်သောအပြုံးဖြင့် ပြုံးပြပြီး မတိုမရှည် ဆံပင်ပျော့ပျော့လေးတွေကို လက်နဲ့သပ်ကာ လိမ်မာတဲ့ ကောင်လေး လို့တောင် ပြောလိုက်သည်။

နာရီဝက်မပြည့်ခင်မှာ ရွှယ်ဇီရွမ် လည်းပြန်လာသည်။ သူ၏ အေးဆေး တည်ငြိမ်သောမျက်နှာက ဘာမှမဖော်ပြသော်လည်း  မှောင်မိုက်သော မျက်လုံးများက တောက်ပစွာ လင်းလက်နေသည်။

ဖူဘိုသည် ဒီနေ့ အရမ်းအလုပ်ကြိုးစားနေသည်။ ကျိုးယွင်ရှန့် အတွက် ဇာတိဒေသမှ ဟင်းပွဲအနည်းငယ်ကို သူကိုယ်တိုင်ချက်ပြုတ်ပေးခဲ့သည်။ အရသာလည်း တကယ့် ဇာတိဒေသ အရသာစစ်စစ်ဖြစ်သည်။

ကျန်မိသားစုဝင်များ၏ ရင်းနှီးသောသဘောထားနှင့်နှိုင်းယှဉ်လျှင် ရွှယ်ကျင်းရီက ပိုပြီးအေးစက်စက်ဖြစ်လာပြီး သူ့ဆီကိုတခါတလေ ဆူးလို စူးရှစွာစိုက်ကြည့်လာသည်။

ငါ့ကို မင်းရဲ့ ဘဝခရီးအတွက် အနှောက်အယှက် ဆူးတစ်ချောင်းလို ဆက်ဆံနေလား။ ငါ ရောက်လာလို့ မင်းရဲ့မျက်နှာသာပေးခံရတဲ့ အနေထား ပျောက်ကွယ်သွားလိမ့်မယ်လို့ မင်းထင်နေတာလား။   မိသားစုရဲ့ အကာအကွယ်ပေးတာ ခံရတဲ့ ငယ်ရွယ်တဲ့ အလှလေးကို ငါတကယ် လေးစားသွားမိပြီ။ မင်းစိုးရိမ်နေတာက အသေးအဖွဲဖြစ်ပြီး ရယ်စရာပဲ။

ကျိုးယွင်ရှန့် လျှို့ဝှက်စွာသက်ပြင်းချပြီး သူက Xue မိသားစု၏ သဘော ထားနှင့် ပတ်သက်ပြီး သေချာစွာသိထားပြီး ဖြစ်သည်။ ကြည့်ရတာ ဆဲလ်တစ်သျှူး ကိုက်ညီမှု ရလဒ်တွေ ဒီနေ့ထွက်လာပြီး လုံးဝ ကိုက်ညီနေ လို့များလား။

ညစာစားပြီးနောက် သူက  အခန်းသို့ပြန်လာပြီး ဆေးရုံမှတ်တမ်းများကို အင်တာနက်မှ တဆင့် ဖောက်ထွင်းလိုက်သည်။ " လုံးဝကိုက်ညီခြင်း" ဆိုတဲ့ ဆေးစာကိုမြင်လိုက်ရသည်။ တောက်ပသော အနီရောင် စာလုံးများ သည် အလွန်ဆွဲဆောင်မှုရှိနေသည်။ ဒါဟာ သူ့ကို တန်ဖိုးကိုရှိစေပြီး လူတစ်ဦး ထံမှ စစ်မှန်တဲ့နှလုံးကို ပြောင်းလဲပေးနိုင်တော့မည် ဖြစ်သောကြောင့် ဒီမိသားစုက အားလုံး လူစုံအောင် ပြန်လာပြီး သူ့ကို အရမ်းဖော်ရွေစွာ ဧည့်ဝတ်ပြုနေကြခြင်းဖြစ်သည်။

သူရောက်လာကစာထက် အခု သူ့ကို ပိုပြီး လှိုက်လှဲတာ အံ့သြစရာမဟုတ်ပေ။ သူတို့သမီး နှစ်ပေါင်းများစွာ ကျန်းကျန်းမမာ နေထိုင်သွားဖို့ အားကောင်းတဲ့ နှလုံးကို ပေးနိုင်အောင် သူ့ကို ကောင်းကောင်းကျွေးနေခြင်းဖြစ်သည်။

မကောင်းဆိုးဝါး မိသားစု...

သူက ကွန်ပျူတာဖန်သားပြင်ကိုငေးကြည့်နေမိသည်။

ထိုနေ့ရက်မှပြီး ကျိုးယွင်ရှန့် ကို ဒီရွှယ်မိသားစုက အထူးတင်းကြပ်စွာ စောင့်ကြပ်နေပြီး အိမ်သူအိမ်သားနဲက လက်ထောက်သူနာပြု  Xiao Deng တို့သည်ကြီးမားသော villa ကြီးကိုစီမံခန့်ခွဲရန်ကျန်ခဲ့သည်။ မကြာခဏ ဧည့်ခံပွဲများကိုလည်းဖျက်သိမ်းခဲ့ပြီး ပြင်ပမှလူများက ကျိုးယွင်ရှန့် ၏တည်ရှိမှုကို မရှာဖွေနိုင်အောင် လုပ်ထားကြသည်။ သူတို့က ကျိုးယွင်ရှန့် ကို အကျယ်ချုပ်ချထားပြီး သူ့ကိုတစ်ယောက်တည်း အိမ်အပြင်ထွက်ခွင့် မပြုခဲ့ပေ။

ဒီလိုဘဝမျိုးမှာ တစ်လကျော်ကျော်ကြာနေရပြီး ထို တာဝန် ၂ ခု မပြီးသော်လည်း စနစ်က သူ့ကို မည်သည့်ပြစ်ဒဏ်မှ ချမှတ်ခြင်းမရှိဘဲ  တတိယ အလုပ်အစား စန္ဒယားတီး သင်ရန် ခိုင်းစေခဲ့သည်။ ကျိုးယွင်ရှန့် လို သင်ယူစွမ်းမြင့်မားသူအတွက် အခု အလုပ်က အေးဆေးပဲဖြစ်သည်။

========================

ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now