Chapter (5-7) - ကိုယ့္နွလံုးသားကို လိုခ်င္တယ္ဆိုရင္ အရာအားလံုး ေပးအပ္မယ္။

6K 1K 10
                                    

Chapter (5-7) - ကိုယ့္နွလံုးသားကို လိုခ်င္တယ္ဆိုရင္ အရာအားလံုး ေပးအပ္မယ္။

က်ိဳးယြင္ရွန႔္ သည္ ကားရဲ႕ ျပတင္းေပါက္မွ အျပင္ကို စိတ္ဝင္တစား ေငးၾကည့္ေနမိသည္။ ဒီလူ႐ြယ္က သူႏွင့္ မ်က္ႏွာခ်င္းဆိုင္စဥ္  စိတ္အေျခေနက အလြန္သိမ္ေမြ႕လွသည္။  ေထာက္ထားစာနာတတ္သူ၊ ညင္သာစြာတိုးတိုးေျပာၿပီး လူႀကီးလူေကာင္းတစ္ေယာက္ျဖစ္သည္။ သို႔ေသာ္ သူက သူမ်ားႏွင့္ မ်က္ႏွာခ်င္း ဆိုင္လိုက္တာနဲ႔ သူ႔မ်က္ႏွာကေအးစက္ကာ ခပ္ကင္းကင္းေနတတ္သူ၊ သူမ်ားကို အထက္စီးမွ ရႈျမင္တတ္သူအျဖစ္ကို ေျပာင္းသြားခဲ့သည္။ ၿပီးေတာ့ အခု ႐ႊယ္က်င္းရီကို မ်က္ႏွာခ်င္းဆိုင္လိုက္ေတာ့ သူမက စိတ္ပ်က္႐ြံ႕ရွာစရာေကာင္းသူတစ္ေယာက္ကဲ့သို႔  သူ႔မ်က္ႏွာက  စိတ္ရႈပ္ေထြးခဲ့ၿပီး စိတ္ပ်က္လက္ပ်က္ျဖစ္ေနပုံရသည္။ ႐ႊယ္က်င္းရီ အေပၚနက္နက္ရႈိင္းရႈိင္း စိတ္ပ်က္ေနသလို သူ႔အမူယာက ေအးစက္လြန္းလွသည္။

ဒီလူမွာ အတိတ္ေမ့ေရာဂါမ်ားျဖစ္ေနတာလားဟု ေတြးၿပီး က်ိဳးယြင္ရွန႔္က သူ႔နဖူးကို လက္ႏွင့္ ပြတ္လိုက္မိသည္။ ႐ႊယ္ဇီ႐ြမ္က တကယ္ကို ေနမေကာင္းျဖစ္ေနပုံရသည္။

 " အစ္ကိုႀကီး.. ညီမေလး ေတာင္းပန္ပါတယ္။ အကိုႀကီးမရွိရင္ ညီမေလး ေၾကာက္တယ္။ မနက္ျဖန္ ညီမေလး ေသမလားမသိဘူး။  အကိုႀကီး မရွိရင္ ညီမေလး တကယ္ေၾကာက္တယ္။ ညီမေလးကို မခ်စ္ဘူးလားဟင္။ ညီမေလးကို ခုလို အေသမခံဘူး မဟုတ္လားဟင္။ ညီမေလးကို ခြဲမသြားပါနဲ႔။  ညီမေလးရဲ႕ ေနာက္ဆုံးခရီးမွာ ညီမေလးေဘးမွာပဲ ေနေပးပါ။ ညီမေလး အသက္ရွင္ဖို႔ အခ်ိန္ သိပ္မက်န္ေတာ့ပါဘူး "

႐ႊယ္က်င္းရီက ငိုေႂကြးရင္း အစ္ကိုႀကီး၏ ေျခေထက္ကို သိုင္းဖက္ကာ ေတာင္းပန္ခဲ့သည္။ အစ္ကိုႀကီးႏွင့္ အတူေနခြင့္ရမည္ဆိုလွ်င္ သူမ ဘယ္နည္းႏွင့္မွ အေသမခံႏိုင္ေသးပါ။ ဘယ္နည္းႏွင့္ ျဖစ္ေစ သူမ အသက္ဆက္ရွင္ဖို႔ ႀကိဳးစားမွာ ျဖစ္သည္။

 ဒါေပမယ့္ သူမရဲ႕အေျခအေနက လုံးဝစိတ္ဆင္းရဲစရာ ေကာင္းေလာက္ေအာင္ျဖစ္ခဲ့ရသည္။ ဘယ္အခ်ိန္မွာ ခုလို ေျပာင္းလဲသြားသလဲ သူမ မသိခဲ့ေပ။ ဒါေပမယ့္ သူမက သူမ၏အစ္ကိုထံမွ သနားသည့္ အၾကည့္ တစ္ခ်က္ရဖို႔ သူမ၏ဘဝကို အသုံးျပဳဖို႔ လိုအပ္ေၾကာင္းေတြ႕ ခဲ့ရသည္။  သူမက   ဘယ္အခ်ိန္မွာ ခုေလာက္ထိ နိမ့္က်သြားခဲ့ရတာလဲ။

ဟြမ္ရီ။ ဒါေတြအားလုံးကို ဟြမ္ရီ ေရာက္လာလို႔ျဖစ္တာ။ သ မေရာက္ခဲ့ရင္ ေကာင္းမည္ဟု ႐ႊယ္က်င္းရီး ေျမျပင္ေပၚမွာ ဒူးေထာက္ငိုေႂကြးရင္း ေတြးေနမိသည္။  သူမ အစ္ကို၏ ေျခေထာက္ ကိုဖက္လိုက္ၿပီး သူမ မ်က္ရည္ေတြ စီးက်လာေပမယ့္  သူမႏွလုံးသားထဲမွာ အမုန္းတရားေတြ လႊမ္းမိုးေနသည္။

မိဘႏွစ္ပါးက ႐ႊယ္က်င္းရီ အခုလို ေျမျပင္ေပၚမွာ ဒူးေထာက္ၿပီး သားျဖစ္သူ၏ ေျခအစံကို  ဖက္ကာ သနားစဖြယ္ေတာင္းပန္ေန သည္ကို ၾကည့္ၿပီး ရင္ကြဲမတတ္ စိတ္ေသာက ေရာက္ၾကရၿပီး သမီးျဖစ္သူကို တြဲရန္ အေျပးလႊားလာၾကသည္။  သူတို႔ ခ်စ္ျမတ္ႏိုးရေသာသားကို ေအာ္ဟစ္ ဆူပူ လိုက္သည္။

က်ိဳးႏြံစြာ ဒူးေထာက္ကာ ေတာင္းပန္ျခင္းသည္ ဒီလူေတြ အားလုံးကို လွည့္စားဖို႔ သူသုံးရမည့္ အကြက္ဟုထင္ခဲ့ေပမယ့္ အခုေတာ့ ႐ႊယ္က်င္းရီက အရင္ အသုံးျပဳလိုက္ေလၿပီ။ ဒီလို ဒရမ္မာမ်ိဳးက စိတ္လႈပ္ရွားစရာေကာင္းၿပီး ျမင္ရသူရင္ကို သနားဂ႐ုဏာခ်ဴယူႏိုင္ မွာေသခ်ာသည္။

  ကိုျပတင္းေပါက္ကေနဖိအားေပးၿပီးျမင္ကြင္းကိုစိတ္ ၀ င္စားစြာၾကည့္ေနေပမယ့္လည္းသူ႔မ်က္ႏွာေပၚကိုတိုးတိုးေလးတိုးတိုးေလးေျပာလိုက္သည္။ က်ိဳးယြင္ရွန႔္က ဒီျမင္ကြင္းကို စိတ္ဝင္တစား ၾကည့္ေနေပမယ့္ သူ႔မ်က္ႏွာမွာ စိတ္ပူပန္သည့္ အမူယာကို ျပဳလုပ္ထားသည္။

 ႐ႊယ္ဇီ႐ြမ္က ႐ႊယ္က်င္းရီ၏ ေခါင္းက ဆံပင္နက္နက္ကို ငုံၾကည့္ကာ ေက်နပ္မႈတစ္ဝက္၊ စိတ္ပ်က္႐ြံရွာျခင္းတစ္ဝက္ ခံစားလိုက္ရသည္။ ေနာက္ဆုံးဘဝမွာ  သူမ က ခုလို စကားမ်ိဳးကို မေျပာခဲ့ပါ။

''  ညီမေလးကို ခုလို အေသမခံဘူး မဟုတ္လားဟင္ ''

ဒီစကားကို ေျပာခဲ့သူက သူ ခ်စ္ရတဲ့ ေကာင္ေလးသာျဖစ္သည္။ ႐ႊယ္က်င္းရီ မေသခင္မွာ သူ ေနာက္ထပ္ တစ္ခါမွ မေတြ႕ခဲ့ေတာ့ေပ။ တကယ္ေတာ့ ေသတာက ေၾကာက္စရာ မေကာင္းေပ။ ေသတာထက္ ေနာင္တမ်ားႏွင့္ ရွင္သန္ေနရသည့္ ဘဝက ပိုေၾကာက္စရာေကာင္းလွသည္။  

သူမက လက္ဦးမႈယူၿပီး အရင္ ကမာၻမွ မိမိကိုယ္ကို အဆုံးစီရင္ခဲ့သည္။ သို႔ေသာ္ သူက စိတ္ပ်က္လက္ပ်က္ႏွင့္ အနက္ဆုံးေသာ ဆင္းရဲတြင္းထဲတြင္ ႐ုန္းကန္ေနရသည္။

ဘယ္သူက သနားစရာပိုေကာင္းသလဲ။  ဘယ္သူက ပိုၿပီးမုန္းတီးစရာေကာင္းလိုက္သလဲ ။ တကယ္ေတာ့ သူတို႔အားလုံးဟာ သနားစရာေကာင္းၿပီး မုန္းတီးဖို႔ ေကာင္းတဲ့သူေတြပါ။ သူတို႔က အျပစ္ကင္းသည့္ ေကာင္ေလး ဟြမ္ရီေပၚကို မတရားလုပ္ခဲ့သူမ်ားသာ ျဖစ္သည္။

သူက ေခါင္းငုံ လိုက္ကာ သူ႔ေျခေထာက္ေတြကို ဖက္တြယ္ေနသည့္ ႐ႊယ္က်င္းရီ၏ လက္ေတြကို ဆြဲဖယ္ကာ ေပြ႕ခ်ီလိုက္သည္။ ၿပီးေတာ့သူမကို ဘီးတပ္ကုလားထိုင္ေပၚခ်ေပးလိုက္ကာ ေျပာလိုက္သည္။

" ျပန္သြားေတာ့။ ထပ္ မေႏွာက္ယွက္နဲ႔ေတာ့။  "

ဒါကဂ႐ုမစိုက္တဲ့ေလသံနဲ႔တူသည္။ ၿပီးေတာ့ အဲဒါကေၾကာင္ေလး ဒါမွမဟုတ္ ေခြးငယ္ေလးတစ္ေကာင္ကို ေပြ႕ကာ သယ္ေပးေနတာနဲ႔တူေနသည္။

"ဟင့္အင္း... မျပန္ခ်င္ဘူး။ ညီမေလး အကိုႀကီးကို သြားခြင့္မျပဳဘူး။ ညီမေလး ေသေတာ့မယ္။  "

႐ႊယ္က်င္းရီက အ႐ူးလို  သူမခႏၶာကိုယ္ကို တြန႔္လိမ္႐ုန္းကန္ေနသည္။

" ေဆး၊ ေဆး၊ ေဆး။ အျမန္ ေဆးယူခဲ့ပါ။"

႐ႊယ္လီဒန္နီက ငိုရင္းေ ေအာ္ေျပာလိုက္သည္။ မ်က္ရည္ေၾကာင့္ လိမ္းထားသည့္ မိတ္ကပ္ေတြ ပ်က္ၿပီး  သူမရဲ႕မ်က္ႏွာ ႐ုပ္ပ်က္ဆင္းပ်က္ ျဖစ္လို႔ေနသည္။

႐ႊယ္ေလြ႕က သူ႔သားလက္ကို ဆုပ္ကိုင္ၿပီး အတင္းအက်ပ္ေျပာလိုက္သည္။

 "က်င္းရီက မင္းကို အရမ္းခ်စ္လို႔ အခုလို ျဖစ္ေနၿပီ။ သူက ေသလုေမ်ာပါးျဖစ္ေနတာေတာင္ မင္းက ထြက္သြားခ်င္တာလား။ မင္းက လူမွ ဟုတ္ရဲ႕လား။ ခံစားခ်က္ေကာ ရွိေသးရဲ႕လား။"

  ထို႔ေနာက္ သူက သူ သားမွာ စိတ္ခံစားမႈမရွိတာကို သတိရၿပီး ခ်က္ခ်င္း စကား လမ္းေၾကာင္းေျပာင္းလိုက္သည္။ ဝမ္းနည္းျခင္းေတြက သူ႔မ်က္ဝန္းထဲ ေပၚလာခဲ့သည္။ သူ႔သားက တကယ္ကို ခံစားခ်က္ မရွိသည့္ ႏွလုံးသား မရွိသည့္ လူျဖစ္ေနသည္။ ဒီလိုျဖစ္လို႔ သူ႔သားကို အျပစ္တင္လို႔မရပါ။ က်န္းမာသည့္ လူငယ္ေလးျဖစ္ေအာင္ မေမြးဖြားေပးႏိုင္ခဲ့သည့္ သူတို႔ အျပစ္သာျဖစ္သည္။

ဖူဘို ႏွင့္ေရွာင္တိန္း တို႔သည္ေဆးေသတၱာထားသည့္ ကားဆီသို႔ အေျပးလႊားသြားခဲ့သည္။ သူတို႔က ခဏရွာေဖြၿပီး ထားေနက် ေနရာမွာ ခါတိုင္း ထားသည့္ ေဆးကို မေတြ႕ၾကေပ။ အေတာ္ ခက္ခက္ခဲခဲရွာၿပီးမွာ ေဆးပုလင္းကို ေတြ႕လိုက္သည္။ သူတို႔က ေဆးကို ယူကာ အျမန္ေျပးလာၾကသည္။   အဖုံးကို ဖြင့္လိုက္ တဲ့အခါ လက္တုန္ေနလို႔ ေဆးေတြ ေျမျပင္ေပၚ ဖိတ္က်ကုန္ ခဲ့သည္။

 ခုေလာက္ သူတို႔ကို ဒရမ္မာခင္းခြင့္ေပးတာ လုံေလာက္ၿပီဟု ယူဆၿပီးခ်ိန္ က်ိဳးယြင္ရွန႔္က ခါးပတ္ကို ျဖဳတ္ကာ ကားေပၚက ဆင္းေျပးလာခဲ့သည္။ သူက ေသမလို လုပ္ျပေနသည့္ ႐ႊယ္က်င္းရီကို မထိဝံ့ေသာေၾကာင့္ ႐ႊယ္ဇီ႐ြမ္၏ ခါးကို ဖက္ကာ ငိုေႂကြးရင္း ေျပာလိုက္သည္။



 "အစ္ကိုႀကီး အခုက အဆင္မေျပဘူး။ က်င္းရီကို ထားမသြားပါနဲ႔။ ကြၽန္ေတာ္ ညီမေလးကို အနီးကပ္ ေစာင့္ေရွာက္ခ်င္တယ္။ သူက အရမ္းကို ေနမေကာင္းျဖစ္ေနတာ။ သူ႔ကို မထားရစ္ႏိုင္ဘူး။ သူက ကြၽန္ေတာ့္ရဲ႕တစ္ဦးတည္းေသာ ညီမေလးပါ။ သူ႔ကို မထားရစ္ပါရေစနဲ႔။ ဒီမွာပဲ ေနရေအာင္ပါ ေနာ္... "

 ႐ႊယ္က်င္းရီက ဘယ္ေလာက္ပဲ ငိုေႂကြးပါေစ ႐ႊယ္ဇီ႐ြမ္ ဘယ္လိုမွ မခံစားရပဲ ေအးစက္စက္ ၾကည့္ေနႏိုင္ေပမယ့္ ဟြမ္ရီငိုေႂကြးတာကို ျမင္လိုက္ရခ်ိန္မွာ ႐ႊယ္ဇီ႐ြမ္၏ ရင္ဘတ္ကို ဓါးႏွင့္ ထိုးစိုက္လိုက္သလို နာက်င္ခံစားသြားရသည္။

ဒီနာက်င္မႈသည္ မခံမရပ္ႏိုင္ ခံစားလိုက္ရသည္။ သူက ေကာင္ေလးရဲ႕ လက္ေလးကို ဆုပ္ကိုင္ထားျပီး မ်က္ရည္ေတြကို ႀကင္နာစြာသုတ္ေပးကာ နွစ္သိမ့္လိုက္သည္။

"အိုေက ...အကိုႀကီးတို႕ မသြားေတာ့ဘူးေနာ္။ ဟုတ္ျပီလား။ မငိုနဲ႕ေတာ့။ တိတ္..တိတ္.. က်င္းရီက အဆင္ေျပသြားမွာပါ။ သူ ေနေကာင္းလာမွာပါ။ "

 သူလက္ေမာင္းထဲမွာ ေပြ႕ဖက္ထားသည့္ လူငယ္ေလးရဲ႕ အလိုကို သူ လံုးဝ မဆန္႕က်င္ရက္ခဲ့ေပ။ ေကာင္ေလးက ေနခ်င္တယ္ဆိုရင္ သူ ဒီမွာေ နမည္ျဖစ္သည္။ ေကာင္ေလးက ပ်ံသန္းခ်င္တယ္ဆိုရင္ သူက အေတာင္ပံတပ္ေပးမွာျဖစ္သည္။ တကယ္လို႕ ေကာင္ေလးက သူ႕နွလံုးသားကို လိုခ်င္တယ္ဆိုရင္ သူက အရာအားလံုး ေပးအပ္မည္ ျဖစ္သည္။

ဒီစကားကိုႀကားေတာ့ ဖူဘိုက စိတ္သက္သာရာ ရသြားျပီ းလက္ေတြ တည္ျငိ္မ္သြားကာ သခင္မေလးကို ေဆးတျပား ပါးစပ္ထဲ တုိက္ေကြ်းလိုက္သည္။ ေရွာင္တိန္းက သူမကို ေရတိုက္ေပးလိုက္သည္။

ဒီလို အျဖစ္ပ်က္ကို ျဖစ္ေအာင္ လုပ္ခဲ့သည့္ က်င္းရီက ထိုစကားကို ႀကားေတာ့ အသည္းနွလံုးကို လွီးျဖတ္လိုက္သလို နာက်င္စြာ ခံစားလိုက္ရသည္။ သူမရဲ႕ အသက္နဲ႕ျခိမ္းေျခာက္သည့္ စကားက ဟြမ္းရီ၏ ပံုမွန္စကားတစ္ခြန္းကိုပင္ မယွဥ္နုိင္တာကို သူမ ေသခ်ာ သိလုိက္ရသည္။

============================


Chapter (5-7) - ကိုယ့်နှလုံးသားကို လိုချင်တယ်ဆိုရင် အရာအားလုံး ပေးအပ်မယ်။

ကျိုးယွင်ရှန့် သည် ကားရဲ့ ပြတင်းပေါက်မှ အပြင်ကို စိတ်ဝင်တစား ငေးကြည့်နေမိသည်။ ဒီလူရွယ်က သူနှင့် မျက်နှာချင်းဆိုင်စဉ်  စိတ်အခြေနေက အလွန်သိမ်မွေ့လှသည်။  ထောက်ထားစာနာတတ်သူ၊ ညင်သာစွာတိုးတိုးပြောပြီး လူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ သို့သော် သူက သူများနှင့် မျက်နှာချင်း ဆိုင်လိုက်တာနဲ့ သူ့မျက်နှာကအေးစက်ကာ ခပ်ကင်းကင်းနေတတ်သူ၊ သူများကို အထက်စီးမှ ရှုမြင်တတ်သူအဖြစ်ကို ပြောင်းသွားခဲ့သည်။ ပြီးတော့ အခု ရွှယ်ကျင်းရီကို မျက်နှာချင်းဆိုင်လိုက်တော့ သူမက စိတ်ပျက်ရွံ့ရှာစရာကောင်းသူတစ်ယောက်ကဲ့သို့  သူ့မျက်နှာက  စိတ်ရှုပ်ထွေးခဲ့ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။ ရွှယ်ကျင်းရီ အပေါ်နက်နက်ရှိုင်းရှိုင်း စိတ်ပျက်နေသလို သူ့အမူယာက အေးစက်လွန်းလှသည်။

ဒီလူမှာ အတိတ်မေ့ရောဂါများဖြစ်နေတာလားဟု တွေးပြီး ကျိုးယွင်ရှန့်က သူ့နဖူးကို လက်နှင့် ပွတ်လိုက်မိသည်။ ရွှယ်ဇီရွမ်က တကယ်ကို နေမကောင်းဖြစ်နေပုံရသည်။

 " အစ်ကိုကြီး.. ညီမလေး တောင်းပန်ပါတယ်။ အကိုကြီးမရှိရင် ညီမလေး ကြောက်တယ်။ မနက်ဖြန် ညီမလေး သေမလားမသိဘူး။  အကိုကြီး မရှိရင် ညီမလေး တကယ်ကြောက်တယ်။ ညီမလေးကို မချစ်ဘူးလားဟင်။ ညီမလေးကို ခုလို အသေမခံဘူး မဟုတ်လားဟင်။ ညီမလေးကို ခွဲမသွားပါနဲ့။  ညီမလေးရဲ့ နောက်ဆုံးခရီးမှာ ညီမလေးဘေးမှာပဲ နေပေးပါ။ ညီမလေး အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ပါဘူး "

ရွှယ်ကျင်းရီက ငိုကြွေးရင်း အစ်ကိုကြီး၏ ခြေထေက်ကို သိုင်းဖက်ကာ တောင်းပန်ခဲ့သည်။ အစ်ကိုကြီးနှင့် အတူနေခွင့်ရမည်ဆိုလျှင် သူမ ဘယ်နည်းနှင့်မှ အသေမခံနိုင်သေးပါ။ ဘယ်နည်းနှင့် ဖြစ်စေ သူမ အသက်ဆက်ရှင်ဖို့ ကြိုးစားမှာ ဖြစ်သည်။

 ဒါပေမယ့် သူမရဲ့အခြေအနေက လုံးဝစိတ်ဆင်းရဲစရာ ကောင်းလောက်အောင်ဖြစ်ခဲ့ရသည်။ ဘယ်အချိန်မှာ ခုလို ပြောင်းလဲသွားသလဲ သူမ မသိခဲ့ပေ။ ဒါပေမယ့် သူမက သူမ၏အစ်ကိုထံမှ သနားသည့် အကြည့် တစ်ချက်ရဖို့ သူမ၏ဘဝကို အသုံးပြုဖို့ လိုအပ်ကြောင်းတွေ့ ခဲ့ရသည်။  သူမက   ဘယ်အချိန်မှာ ခုလောက်ထိ နိမ့်ကျသွားခဲ့ရတာလဲ။

ဟွမ်ရီ။ ဒါတွေအားလုံးကို ဟွမ်ရီ ရောက်လာလို့ဖြစ်တာ။ သ မရောက်ခဲ့ရင် ကောင်းမည်ဟု ရွှယ်ကျင်းရီး မြေပြင်ပေါ်မှာ ဒူးထောက်ငိုကြွေးရင်း တွေးနေမိသည်။  သူမ အစ်ကို၏ ခြေထောက် ကိုဖက်လိုက်ပြီး သူမ မျက်ရည်တွေ စီးကျလာပေမယ့်  သူမနှလုံးသားထဲမှာ အမုန်းတရားတွေ လွှမ်းမိုးနေသည်။

မိဘနှစ်ပါးက ရွှယ်ကျင်းရီ အခုလို မြေပြင်ပေါ်မှာ ဒူးထောက်ပြီး သားဖြစ်သူ၏ ခြေအစံကို  ဖက်ကာ သနားစဖွယ်တောင်းပန်နေ သည်ကို ကြည့်ပြီး ရင်ကွဲမတတ် စိတ်သောက ရောက်ကြရပြီး သမီးဖြစ်သူကို တွဲရန် အပြေးလွှားလာကြသည်။  သူတို့ ချစ်မြတ်နိုးရသောသားကို အော်ဟစ် ဆူပူ လိုက်သည်။

ကျိုးနွံစွာ ဒူးထောက်ကာ တောင်းပန်ခြင်းသည် ဒီလူတွေ အားလုံးကို လှည့်စားဖို့ သူသုံးရမည့် အကွက်ဟုထင်ခဲ့ပေမယ့် အခုတော့ ရွှယ်ကျင်းရီက အရင် အသုံးပြုလိုက်လေပြီ။ ဒီလို ဒရမ်မာမျိုးက စိတ်လှုပ်ရှားစရာကောင်းပြီး မြင်ရသူရင်ကို သနားဂရုဏာချူယူနိုင် မှာသေချာသည်။

  ကိုပြတင်းပေါက်ကနေဖိအားပေးပြီးမြင်ကွင်းကိုစိတ် ၀ င်စားစွာကြည့်နေပေမယ့်လည်းသူ့မျက်နှာပေါ်ကိုတိုးတိုးလေးတိုးတိုးလေးပြောလိုက်သည်။ ကျိုးယွင်ရှန့်က ဒီမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေပေမယ့် သူ့မျက်နှာမှာ စိတ်ပူပန်သည့် အမူယာကို ပြုလုပ်ထားသည်။

 ရွှယ်ဇီရွမ်က ရွှယ်ကျင်းရီ၏ ခေါင်းက ဆံပင်နက်နက်ကို ငုံကြည့်ကာ ကျေနပ်မှုတစ်ဝက်၊ စိတ်ပျက်ရွံရှာခြင်းတစ်ဝက် ခံစားလိုက်ရသည်။ နောက်ဆုံးဘဝမှာ  သူမ က ခုလို စကားမျိုးကို မပြောခဲ့ပါ။

''  ညီမလေးကို ခုလို အသေမခံဘူး မဟုတ်လားဟင် ''

ဒီစကားကို ပြောခဲ့သူက သူ ချစ်ရတဲ့ ကောင်လေးသာဖြစ်သည်။ ရွှယ်ကျင်းရီ မသေခင်မှာ သူ နောက်ထပ် တစ်ခါမှ မတွေ့ခဲ့တော့ပေ။ တကယ်တော့ သေတာက ကြောက်စရာ မကောင်းပေ။ သေတာထက် နောင်တများနှင့် ရှင်သန်နေရသည့် ဘဝက ပိုကြောက်စရာကောင်းလှသည်။  

သူမက လက်ဦးမှုယူပြီး အရင် ကမ္ဘာမှ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။ သို့သော် သူက စိတ်ပျက်လက်ပျက်နှင့် အနက်ဆုံးသော ဆင်းရဲတွင်းထဲတွင် ရုန်းကန်နေရသည်။

ဘယ်သူက သနားစရာပိုကောင်းသလဲ။  ဘယ်သူက ပိုပြီးမုန်းတီးစရာကောင်းလိုက်သလဲ ။ တကယ်တော့ သူတို့အားလုံးဟာ သနားစရာကောင်းပြီး မုန်းတီးဖို့ ကောင်းတဲ့သူတွေပါ။ သူတို့က အပြစ်ကင်းသည့် ကောင်လေး ဟွမ်ရီပေါ်ကို မတရားလုပ်ခဲ့သူများသာ ဖြစ်သည်။

သူက ခေါင်းငုံ လိုက်ကာ သူ့ခြေထောက်တွေကို ဖက်တွယ်နေသည့် ရွှယ်ကျင်းရီ၏ လက်တွေကို ဆွဲဖယ်ကာ ပွေ့ချီလိုက်သည်။ ပြီးတော့သူမကို ဘီးတပ်ကုလားထိုင်ပေါ်ချပေးလိုက်ကာ ပြောလိုက်သည်။

" ပြန်သွားတော့။ ထပ် မနှောက်ယှက်နဲ့တော့။  "

ဒါကဂရုမစိုက်တဲ့လေသံနဲ့တူသည်။ ပြီးတော့ အဲဒါကကြောင်လေး ဒါမှမဟုတ် ခွေးငယ်လေးတစ်ကောင်ကို ပွေ့ကာ သယ်ပေးနေတာနဲ့တူနေသည်။

"ဟင့်အင်း... မပြန်ချင်ဘူး။ ညီမလေး အကိုကြီးကို သွားခွင့်မပြုဘူး။ ညီမလေး သေတော့မယ်။  "

ရွှယ်ကျင်းရီက အရူးလို  သူမခန္ဓာကိုယ်ကို တွန့်လိမ်ရုန်းကန်နေသည်။

" ဆေး၊ ဆေး၊ ဆေး။ အမြန် ဆေးယူခဲ့ပါ။"

ရွှယ်လီဒန်နီက ငိုရင်းေ အော်ပြောလိုက်သည်။ မျက်ရည်ကြောင့် လိမ်းထားသည့် မိတ်ကပ်တွေ ပျက်ပြီး  သူမရဲ့မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်လို့နေသည်။

ရွှယ်လွေ့က သူ့သားလက်ကို ဆုပ်ကိုင်ပြီး အတင်းအကျပ်ပြောလိုက်သည်။

 "ကျင်းရီက မင်းကို အရမ်းချစ်လို့ အခုလို ဖြစ်နေပြီ။ သူက သေလုမျောပါးဖြစ်နေတာတောင် မင်းက ထွက်သွားချင်တာလား။ မင်းက လူမှ ဟုတ်ရဲ့လား။ ခံစားချက်ကော ရှိသေးရဲ့လား။"

  ထို့နောက် သူက သူ သားမှာ စိတ်ခံစားမှုမရှိတာကို သတိရပြီး ချက်ချင်း စကား လမ်းကြောင်းပြောင်းလိုက်သည်။ ဝမ်းနည်းခြင်းတွေက သူ့မျက်ဝန်းထဲ ပေါ်လာခဲ့သည်။ သူ့သားက တကယ်ကို ခံစားချက် မရှိသည့် နှလုံးသား မရှိသည့် လူဖြစ်နေသည်။ ဒီလိုဖြစ်လို့ သူ့သားကို အပြစ်တင်လို့မရပါ။ ကျန်းမာသည့် လူငယ်လေးဖြစ်အောင် မမွေးဖွားပေးနိုင်ခဲ့သည့် သူတို့ အပြစ်သာဖြစ်သည်။

ဖူဘို နှင့်ရှောင်တိန်း တို့သည်ဆေးသေတ္တာထားသည့် ကားဆီသို့ အပြေးလွှားသွားခဲ့သည်။ သူတို့က ခဏရှာဖွေပြီး ထားနေကျ နေရာမှာ ခါတိုင်း ထားသည့် ဆေးကို မတွေ့ကြပေ။ အတော် ခက်ခက်ခဲခဲရှာပြီးမှာ ဆေးပုလင်းကို တွေ့လိုက်သည်။ သူတို့က ဆေးကို ယူကာ အမြန်ပြေးလာကြသည်။   အဖုံးကို ဖွင့်လိုက် တဲ့အခါ လက်တုန်နေလို့ ဆေးတွေ မြေပြင်ပေါ် ဖိတ်ကျကုန် ခဲ့သည်။

 ခုလောက် သူတို့ကို ဒရမ်မာခင်းခွင့်ပေးတာ လုံလောက်ပြီဟု ယူဆပြီးချိန် ကျိုးယွင်ရှန့်က ခါးပတ်ကို ဖြုတ်ကာ ကားပေါ်က ဆင်းပြေးလာခဲ့သည်။ သူက သေမလို လုပ်ပြနေသည့် ရွှယ်ကျင်းရီကို မထိဝံ့သောကြောင့် ရွှယ်ဇီရွမ်၏ ခါးကို ဖက်ကာ ငိုကြွေးရင်း ပြောလိုက်သည်။



 "အစ်ကိုကြီး အခုက အဆင်မပြေဘူး။ ကျင်းရီကို ထားမသွားပါနဲ့။ ကျွန်တော် ညီမလေးကို အနီးကပ် စောင့်ရှောက်ချင်တယ်။ သူက အရမ်းကို နေမကောင်းဖြစ်နေတာ။ သူ့ကို မထားရစ်နိုင်ဘူး။ သူက ကျွန်တော့်ရဲ့တစ်ဦးတည်းသော ညီမလေးပါ။ သူ့ကို မထားရစ်ပါရစေနဲ့။ ဒီမှာပဲ နေရအောင်ပါ နော်... "

 ရွှယ်ကျင်းရီက ဘယ်လောက်ပဲ ငိုကြွေးပါစေ ရွှယ်ဇီရွမ် ဘယ်လိုမှ မခံစားရပဲ အေးစက်စက် ကြည့်နေနိုင်ပေမယ့် ဟွမ်ရီငိုကြွေးတာကို မြင်လိုက်ရချိန်မှာ ရွှယ်ဇီရွမ်၏ ရင်ဘတ်ကို ဓါးနှင့် ထိုးစိုက်လိုက်သလို နာကျင်ခံစားသွားရသည်။

ဒီနာကျင်မှုသည် မခံမရပ်နိုင် ခံစားလိုက်ရသည်။ သူက ကောင်လေးရဲ့ လက်လေးကို ဆုပ်ကိုင်ထားပြီး မျက်ရည်တွေကို ကြင်နာစွာသုတ်ပေးကာ နှစ်သိမ့်လိုက်သည်။

"အိုကေ ...အကိုကြီးတို့ မသွားတော့ဘူးနော်။ ဟုတ်ပြီလား။ မငိုနဲ့တော့။ တိတ်..တိတ်.. ကျင်းရီက အဆင်ပြေသွားမှာပါ။ သူ နေကောင်းလာမှာပါ။ "

 သူလက်မောင်းထဲမှာ ပွေ့ဖက်ထားသည့် လူငယ်လေးရဲ့ အလိုကို သူ လုံးဝ မဆန့်ကျင်ရက်ခဲ့ပေ။ ကောင်လေးက နေချင်တယ်ဆိုရင် သူ ဒီမှာေ နမည်ဖြစ်သည်။ ကောင်လေးက ပျံသန်းချင်တယ်ဆိုရင် သူက အတောင်ပံတပ်ပေးမှာဖြစ်သည်။ တကယ်လို့ ကောင်လေးက သူ့နှလုံးသားကို လိုချင်တယ်ဆိုရင် သူက အရာအားလုံး ပေးအပ်မည် ဖြစ်သည်။

ဒီစကားကိုကြားတော့ ဖူဘိုက စိတ်သက်သာရာ ရသွားပြီ းလက်တွေ တည်ငြိမ်သွားကာ သခင်မလေးကို ဆေးတပြား ပါးစပ်ထဲ တိုက်ကျွေးလိုက်သည်။ ရှောင်တိန်းက သူမကို ရေတိုက်ပေးလိုက်သည်။

ဒီလို အဖြစ်ပျက်ကို ဖြစ်အောင် လုပ်ခဲ့သည့် ကျင်းရီက ထိုစကားကို ကြားတော့ အသည်းနှလုံးကို လှီးဖြတ်လိုက်သလို နာကျင်စွာ ခံစားလိုက်ရသည်။ သူမရဲ့ အသက်နဲ့ခြိမ်းခြောက်သည့် စကားက ဟွမ်းရီ၏ ပုံမှန်စကားတစ်ခွန်းကိုပင် မယှဉ်နိုင်တာကို သူမ သေချာ သိလိုက်ရသည်။

============================



ရွှယ်ဇီရွမ် (Completed) (MM Translation)Where stories live. Discover now