Chapter (48)Final unicod

16.9K 667 52
                                    

Chapter (45)

ဟန်စစ်‌ရုံးခန်းထဲမှာ ကော်ဖီကို ဇိမ်ကျကျသောက်ကာ သတင်းစာထိုင်ဖက်နေသော ရှင်နောင်သွင် ဟန်စစ်က အလုပ်လုပ်ရင်းနဲ့ပင် ရှင်နောင်သွင်ဘက်ကြည့်ကာ

"မင်း ကုမ္မဏီ ဒေဝါလီခံလိုက်ရလို့ လုပ်စရာအလုပ်မရှိလို့ ငါရုံးခန်းမှာ လာထိုင်နေတာလား"

"ဖွီးးးး သောက်နေတဲ့ ကော်ဖီတောင် အရသာပျတ်တယ် ဟေ့..အခုလုပ်နေတဲ့ projectကမင်းတို့နဲ့ ‌ပူးပေါင်းထားတာလေ ငါဒီကိုလာတာဖြစ်သင့်တယ် မဟုတ်လား ငါကုမ္မဏီတကယ်ဒေဝါလီခံရလို့ကတော့ မင်းအိမ်မှာငါလာနေမှာ"

"ရတယ်လေ လာနေငါတို့နှစ်ယောက်နဲ့အတူ နေနိုင်ရင်ပေါ့

"အဓိပ္ပာယ်က လက်ထက်တော့မယ်ပေါ့ ရှင်းလေးအတွက္မစောလွန်းဘူးလား"

"မစောဘူး နောက်တောင်ကျနေပြီး အမှန်ဆို ဘွဲ့ရရခြင်း လက်ထက်ခွင့်တောင်းပြီး မင်္ဂလာဆောင်လိုက်ရမှာ ငါလိုသွားတယ် အခုခလေးကို ဆေးရုံကဆရာ၀န်တွေ ဆေးအကူတွေနဲ့ စိတ်မချနိုင်ဘူးဖြစ်နေတယ်"

"လုပ်ဖော်ကိုင်ဖက်လေကွာ မင်းဟာကလွန်တယ်"

"မင်းမသိလို့ ခလေးက ငါကိုတောင်ပယ်ချင်လာတာ ဟိုနေ့က ဆေးရုံမှာ ကြည့််ရမဲ့လူနာနည်းလို့ဆိုပြီး ငါလည်းမပြောဘဲ အစောကြီး ဂျုတီထွက်ပြီး
တခြားဆရာ၀န်တွေနဲ့ ဘောလုံးသွားကန်တာတဲ့
ငါလည်းသွားကြိုတော့ ဘုန်းခန့်ကညဆိုင်းဆင်းတဲ့ အချိန် ငါနဲ့တွေ့တော့ ခလေးက အဲ့ဒီကို သွားတယ်ဆိုတာ ငါသိတာ"

"အော်..ရှင်းလေးကုိလည်း တစ်ခေါက်လောက်လွှတ်ထားပေးပါအုန်း မင်းကြည့်ရတာ သူအဖေလို့ဘဲ"

"မင်းက ရည်းစားမရှိတဲ့ကောင်ဆို‌ေတာ့ ဒီလို့ခံစားချက်တွေဘယ်သိမလဲ ဟိုရောက်တော့ ပေါင်လောက်ဘဲရှိတဲ့ ဘောင်းဘီတိုနဲ့ ကန်နေတာ
ပြန်တွေးနေရင် ဒေါသထွက်တယ်"

"မင်းတော့ မနိုင်တော့ဘူး အဆင်ပြေသလို့လုပ် ငါကို FAဆိုပြီး လာမနှိမ့်နဲ့ မင်းတို့လို အပူတွေမရှိ အေးအေးဆေးဆေးပဲ အပူမရှိတော့ မျက်နှာလေးကကြည်လင်ပြီး ချောပြီးရင်ချောနေတာ"

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now