Chapter (45)

8.2K 698 22
                                    

Unicod ver

အစည်းအဝေးခန်းတစ်ခုထဲ ထိပ်ဆုံးမှာနေရာယူထားသော King companyရဲ့ သူဌေး ဟန်စစ်လွှမ်း ။
အလုပ်သမားတစ်ယောက်ကတင်ပြချက် တင်ပြနေပြီးနောက် ပြီးဆုံးသွားတော့ထိုင်ချလိုက်သည်။

"အကုန်ပြီးပြီလာ ဘယ်သူကျန်သေးလဲ"

အသံမထွက်လာတာကြောင့် ဟန်စစ် ‌မျက်ရိုးကိုဖိကာ
*သုံးလေးရက်လောက် အိပ်ရေးပျက်ခံပြီး ကုမ္မ‌ဏီကို ပြန်ဆယ်ဖို့ လုံးပန်းလုိက်ရပေ့မယ် ပြန်ရလာတဲ့ projectတွေက တစ်ခုသုံးစားမရဘူး အဓိကက ခလေးကို အချိန်မပေးနိုင်လို့ခလေးနဲ့လည်း ‌ရန်ဖြစ်ရတယ် ပြန်ရလာတဲ့ အကျိုးအမြတ်က စိတ်ပျက်စရာတွေ ...*

မျက်ရိုးဖိထားရမှာ ခေါင်းမေ့ာလိုက်ပြီး အခန်းထဲကလူများကို တစ်ချက်ကြည့်လိုက်ကာ

"HR က လူတွေအကုန် ရုံးခန်းထဲလာခဲ့ ခိုင်းလိုက်"

ထိုင်ခုံမှာထကာ အခန်းပြင်ထွတ်ရန်ပြင်တော့

"Boss.."

လှမ်းခေါ်လာတဲ့ တစ်ယောက်ကိုကြည့်လိုက်တော့

"ဒီနေ့ တင်ပြချက်‌ေတွ အပေါ်အမြင် ..."

"နားထောင်ဖို့အချိန်‌ေပးရတာတောင် မတန်ဘူး "လို့ပြောပြီး ထွက်လာလိုက်သည်။

ရုံးခန်းထဲရောက်တော့ ခုံမှာ ထိုင်ပြီးပြီးချင်ပင် ကွက်တိ၀င်လာသော ဖုန်း ခလေးဆီက

"ပြော bae "

"အလုပ်များနေလာ မောင် "

"မများပါဘူး အခုဘဲ သတိရနေတာ "

"အင်း..ဒီနေ့စောစော လာကြိုရလား"

"ရတယ်လေ bae ဘာဖြစ်လို့လဲ ဘယ်နေရာထိခိုက်လို့လဲ "

"မထိခိုက်ပါဘူး ကုသိုလ်ယူထားတာ "

"ဟင်.."

"ဒီနေ့ ဆေးရုံမှာ လက်တွေ့ဆင်းရတယ်လေ
မြေးအဖွားနှစ်ယောက် ဆေးရုံလာတက်တယ်"

"အင်း.." စိတ်အားထက်သန်စွာပြောနေတဲ့ ခလေးအသံလေးကြားပြီး စိတ်ညစ်တာတွေပျောက်
သွားသလို့

"အဖွားက အရမ်းအားနည်းနေတဲ့ အပြင် သွေးလည်းနှစ်ပုလင်းချိတ်ပေးလိုက်ရတယ် ဆေးရုံက သွေးသွင်းပြီးရင် သွေးက အမျိုးအစားတူတာပြန်လှူ‌ေပးတာမဟုတ်ရင် ပိုက်ဆံပေးရတာလေ မြေးက သွေးတူပေ့မယ် တစ်ပုလင်းဘဲ ထုတ်ခွင့်ရှိတာကို အတင်းနောက်ပုလင်းထုတ်မယ် လုပ်နေတာ အသိလည်းမရှိ ငွေကြေးကလည်းအားနည်းတော့ ခေတ်နဲ့ကသွေးအမျုိးအစားတူတယ်လေ အဲ့တာနဲ့လှူပေးလိုက်တာ ဆရာကလည်း အခုစောစောပြန်နားခိုင်း‌တယ်"

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now