Chapter (11)

12.1K 1.1K 32
                                    

Unicode ver

ဟန်စစ် တို့အိမ်၏ ဧည့်ခန်းတွင်
ဟန်စစ်အပြင် ဘုန်းခန့်တုိ့သုံးယောက်သားထိုင်နေကြလေသည်။
ဟန်စစ် မျက်နှာချင်းဆိုင်မှာတော့ ဟန်စစ်မွေးစားမိဘက ထိုင်နေကြသည်။
ပတ်၀န်းကျင်အနေအထားတစ်ခုလုံးလည်း အပ်ကျသံပင်ကြားရလောက်အောင်တိတ်ဆိတ်နေသည်။
ဈာန်ကတော့ အသံတိတ် ဂိမ်းဆော့မပြတ်ဆော့နေသည်။

တိတ်ဆိတ်နေတဲ့ အခြေအနေကုိဒေါ်သီရီ ဟန်စစ်ရဲ့မွေးစားအမေက ဖြိုခွဲလိုက်သည်။

"သားဟန် အန်တီတို့က ပြန်‌ရောက်တာနဲ့တန်းလာခဲ့တာ ဟိုတစ်ခေါက်ကတော်တော်လန့်သွားမှာဘဲ"

"ဪ....အဲ့ဒီကိစ္စလာ ကျွန်တော်လည်းရှင်းဖို့အန်တီတို့ကိုစောင့်နေတာ "

ရှင်နောင်သွင်ကကြားထဲကနေ

"ဒီလို့အန်တီ လုပ်ကြံတဲ့အဖွဲကခေါင်းဆောင်ကို စစ်ဆေးပြီးမေးတော့ ဒေါ်သီရီခိုင်းတယ်ဆိုတဲ့အသံထွက်လာတယ်""

ဒေါ်သီရီပုံစံက လုံး၀ထိပ်လန့်သွားပြီး မွေးစားအဖေဦးကျော်မင်းထွန်းသည်လည်း မျက်နှာပျက်သွားလေသည်။ဒေါ်သီရီ တုန်ရီနေတဲ့အသံကိုထိန်းကာ..

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း သားဟန်ရယ် လုပ်ကြံစရာလား ဒါတမင်သက်သက် အန်တီနဲ့သားတို့ကြား အထင်လွဲအောင် လုပ်ကြံပြောဆိုနေတာ သားဟန်လုံး၀မယုံနဲ့နော် သားသိတယ်မှတ်လား အန်တီတို့ သားအပေါ်ဘယ်လို့ဂရုစိုက်လည်းဆိုတာ"

"သိပါတယ် အန်တီတို့လုပ်တာမဟုတ်ဘူးဆိုလည်း လန့်စရာမလိုပါဘူး၊ဒါပေ့မယ် သူတို့ဘက်က ခိုင်ခိုင်မာမာကြီးပြောနေတော့ အန်တီတို့နဲ့မျက်နှာချင်ဆိုင်ရှင်းလိုက်ရင် ပိုမကောင်းဘူးလား"

"ဟင် "

ဒေါ်သီရီ လုံး၀ထိပ်လန့်နေကာ လက်အချင်းချင်းပွတ်တိုက်နေသည်။ဟန်စစ် မဲပြုံးပြုံးလိုက်ကာ

“စည်သူ ခေါ်ထုတ်လာလိုက်”

“ဟုတ်သခင်လေး”

ဦးခေါင်းကိုအမဲအိတ်စွပ်ထားတဲ့ လူတစ်ဦးကိုဆွဲခေါ်ထုတ်လာကာ အန်တီသီရီတို့ဘက္မျက်နှာ
တည်ခိုင်းပြီး ဒူးထောက်ထားလိုက်သည်။
ဟန်စစ် ခေါင်းငြိမ်ပြလိုက်တော့ စည်သူခေါင်းစွပ်ကိုချွတ်လိုက်တော့
မျက်နှာတစ်ခုလုံးဖူယောင် စုပ်ပြတ်သက်ပြီး သွေးအလိပ်လိပ်နှင့်မျက်လုံးသာမမြင်ရရင်လူမဟုတ်ဘူးလို့တောင် သက္မှတ်ထားလို့ရသည်။

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now