Chapter (9)*

12.2K 1.1K 35
                                    

Unicode ver

"ဗျာ"

"ဟုတ်တယ် ကိုယ်က အရင်ကဆေးသောက်ပြီးရင်ခဏ ခဏအန်တက်တဲ့ အကျင့်ရှိတယ်
အခုအဲလို့ထပ်ဖြစ်ရင်ဘယ်လို့ လုပ်မလဲ""

ကိုစစ် ဒီလို့ဖြစ်တာ မိမိ ပရောကလည်းမကင်းတာကြောင့်

"ရတယ်‌ေလဒီမှာအိပ်မယ် ကိုစစ် ဆေးသောက်လိုက်အခု"

"ကိုယ်နဲ့အတူတူအိပ်ရမှာနော် ကုတင်တစ်ခုထဲမှာ"

"အင်းအိပ်ပါမယ်ဆို ယောင်္ကျားလေးချင်းချင်းဘဲဟာ အတူတူအိပ်တာ ထူးဆန်းတာမှတ်လို့ အခု ကိုစစ်လုပ်ရမှာက ဆေးသောက်ဖို့"

ဟန်စစ်‌ ခလေး နှင့်အတူတူအိပ်ရမယ်ဆိုတော့
ပျော်ပေ့မယ် ဆေးသောက်တာကြီးကတော့
သူကိုစိုက်ကြည့်‌နေတဲ့ ခလေးကြောင့်နှာခေါင်းပိတ် သောက်လိုက်ရသည်။

"ရပြီးလာ"

ကိုစစ်တကယ်ဆေးသောက်ရတာကို
ဒီလောက်ကြောက်တက်တာမထင်ထားဘူး
ဆေးလုံး ၀င်သွားတော့ ဖြစ်သွားတဲ့ ကိုစစ်ပုံစံကတကယ်ချစ်ဖို့ကောင်းလေသည်။

"အင်းရပြီး လိမ္မာတယ် "

ခေတ်သတိလက်လွှတ်ဖြစ်သွားကာ လက်က
ကိုစစ် ခေါင်းပေါ်မှာ ပုတ်ပေးနေမိမိသည်။ ချက်ချင်းလက်ရုတ်လုိက်ကာ..

"ခေတ် အမေဆီ ဖုန်းဆက်ချင်လို့ ဖုန်းလေးပေးဆက်ပါလား"

"မင်း မှာဖုန်းမရှိဘူးလား"

"မရှိဘူး"

"ဦးလေးထွန်းဆီမှာ သွားတောင်းဆက်လိုက် ကိုယ်ဖုန်းက အားကုန်နေလို့"

ကိုစစ်ဘာလို့လိမ်တာလည်း ခုနကတောင် message ၀င်လို့ဖုန်းလင်းလာတာ ခေတ်တွေ့လိုက်တာကို ကိုယ်ရေးကိုယ်တာကိစ္စ ‌ေတွ ရှိလို့ဖြစ်မှာပါ
အောက်ထပ်ကိုဆင်းလာပြီး ဦးလေးထွန်းဆီကဖုန်းနှင့်အမေကိုဒီနေ့အိပ်ပြန်မလာတဲ့အကြောင်း
စာမေးပွဲနီး‌တော့ အချိန်ပိုတွေခေါ်နေလို့ကျောင်းမှာဘဲအိပ်လိုက်တော့မယ်လို့ လိမ်လိုက်ရတော့သည်။

အမှန်ပြောလိုက်ရင်စိတ်ပူနေမှာဆိုးလို့ရယ်
အရင်ကလည်းစာမေးပွဲနီးရင် ဟိန်းထက်တို့အိမ်မှာအိပ်နေကျဆိုတော့ သိပ်ပြ‌ီး‌ေထွ‌‌ထွေထူးထူးပြောစရာမလိုချေ။
မနက်အစောကြီးပြန်လာမယ်လို့‌ေတာ့ ကတိပေးလိုက်သည်။
ဦလေးထွန်းကိုဖုန်းပြန်ပေးပြီး
မနတ်၆နာရီလောက်အိမ်ပြန်ပို့ပေးလိုရလာမေးပြီး အပေါ်သုိ့တက်လာခဲ့လိုက်တော့သည်။

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now