Chapter (48) Unicod

9.2K 606 22
                                    


*တူ တူ တူ တူ.....လူကြီးမင်းခေါ်ဆိုသော..........*

ရန်ကုန်ကနေ ပြင်ဦးလွင်ရောက်ရောက်ခြင်းနေ့ကလုံး၀မအားတာနဲ့ မောင်ဆီဖုန်းမဆက်ဖြစ် နောက်နေ့ကြတော့လည်း ဒီကဆေးရုံက ဆရာဆရာမတွေနဲ့ နေသားကျအောင်လုပ်နေရသည်အတွက် မောင်ဆီဖုန်းဆက်ဖို့ကဝေးကွာနေသည် ။

သုံးမြှောက်နေ့ကြဖုန်းဆက်နေသော်လည်း ကိုင်သူမရှိသော ဖုန်းကြောင့် သင်ပြင်းသာချနေမိသည်

*ဟင်းးးး*

မောင်ဘာလုပ်နေပါလဲ စိတ်ထဲလည်းတစ်ခုခုဖြစ်နေသလို့ ခံစားရပြီး လေးလံနေသည်။

"နောင်လေး ထမင်းမစားဘဲ ဘယ်သူဖုန်းခေါ်နေတာလဲ "

"ကိုဘုန်း မောင်ဆီဖုန်းဆက်နေတာ မနက်ထဲက အခုထိဖုန်းမကိုင်ဘူး ဖြစ်နေတယ်"

"အလုပ်များနေလို့နေမှာပေါ့.."

"မဟုတ်ဘူး ခေတ်စိတ်ထဲလေးလံနေလို့ မောင်တစ်ခုခုဖြစ်နေလာလို့"

ဘုန်းခန့်လည်း နောင်လေးပြောစကားကြောင့် ဖုန်းဆက်ရန် ဖုန်းကိုင်လိုက်တော့ လင်းလာသော screenပေါ်မှ dateကိုကြည့်ရင်း တစ်ခုခုကို သတိရကာ

"နောင်လေး ကိုစည်သူကို ခေါ်လိုက် အခုချက်ချင်း"

ခေတ်လည်း‌ အလောတကြီးဖြစ်နေသော ကိုဘုန်းကိုကြည့်၍ ကြောင်ကာ ကိုစည်သူနံပါတ်ကိုဆက်လိုက်သည်။

"ဟယ်လို ကိုစည်သူ မောင်ကို ဖုန်းဆက်္တာမကိုင်လို့"

"သခင်လေး ဆေးရုံတင်ထားရတယ် အကိုလေး"

"ဘာ ....ဘာဖြစ်လို့လဲ ဘယ်လိုဖြစ်လို့ဆေးရုံတောင်တင်လိုက်ရတာလည်း အခုအခြေအနေကကော"

"စောင့်ကြည်ဆဲပါ အကိုလေး မနေ့ညထဲက အခုထိမနို‌းသေးပါဘူး.."

ခေတ် ဖုန်းကိုချလိုက်ကာ မျက်ရည်တွေကျဆင်းလာပြီး

"ကိုဘုန်း ခေတ် ရန်ကုန်ပြန်ချင်တယ် အခုချက်ချင်း"

ဟိန်းထက်နှင့်မြတ်မွန်တို့ကပါထမင်းစားလက်စကိုရပ်ကာ ခေတ်ကိုကြည့်လာသည် ။

"အင်း..ကိုယ်စီစဉ်ပေးမယ် "

"ခေတ် တစ်ယောက်ထဲပြန်သွားမယ်အစား ကိုယ်ပါလိုက်ခဲ့ပေးမယ် ဒီမှာ မြတ်မွန်နဲ့ ဟိန်းထက်ကို ထားခဲ့လိုက္မယ် အခု အဆောင်ပြန်ပြီး ပစ္စည်းတွေသိမ်းနှင့် ချေ"

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Onde histórias criam vida. Descubra agora