Chapter (26)

8.4K 768 26
                                    

Unicod ver

ရန်ကုန်မြို့တစ်ခုလုံး မှာ တိတ်ဆိတ်နေပါသည်
ဆယ်တန်း စာမေးပွဲဖြေချိန်
ဈေးသည်တွေလည်း အရောင်းပါး
ကုန်တိုက်ကြီးတွေမှာလည်း၀ယ်သူ တစ်စိုးတစ်စိမျှမရှိ ရှင်းလင်းနေသည် ။
ဆယ်တန်းကျောင်းသားရှိတဲ့ အမေတွေမှာ
စာမေးပွဲဖြေနေတဲ့ အချိန်
ဘုရားတရားနှင့် ဆုတောင်းရုံကလွဲမတက်နိုင်ပါ
ခေတ် တို့သားအမိလည်း အမေက ဆိုင်မထွက်ပေ။

"သား ဘုရားရှိခိုးအုန်း"

"ဟုတ်အမေ"

"အမေပေးတဲ့ ယတြာ ဘောပင်မှာပတ်သွားအုန်း"

"ပတ်ထားတယ် ဒါပေ့မယ် အခန်းစောင့် ဆရာက
ဒီလို့ပတ်ထားလို့မေးရင်ကော"

"အဲ့တာဆို လည်းဖြည့်ပြလိုက်ပေါ့
စာရေးနေတဲ့ အချိန်ကို ပတ်ထားဖို့ အရေးကြီးတာ"

"အမေ သားစာရမှာ အောင်မှာပေါ့
စာမရရင် ကျမှာဘဲ ဒါကြီးမပတ်ချင်ဘူး
တကူးတက ရှင်းပြနေရအုန်းမယ်
သားတို့ကျောင်းမှာ ဒီလို့ ဘယ်သူမှမလုပ်ဘူး"

"ဟဲ့ သားက တော်သေးတာ
ဟိန်းထက်လေးဆိုခေါင်းပေါ် ထန်းရွတ်တင်သွားရတာ ကဂျီးကဂျောင်ကြမနေနဲ့ ပတ်သွား မေးရင် ဖြေလိုက် ဆရာတွေက နားလည်ပါတယ်
အမေတို့‌ခတ်ကဆို
မင်းအဖေကုိ မင်းအဖွား
ဘာအရွက်တွေလည်းမသိ ပါးစပ်ထဲမှာငုံထား
ခုိင်းတာ ဖြေတဲ့ထိ ထုတ်လို့မရဘူးဆိုပြီး ခုံနံပါတ်မေးရင်တောင်မဖြေနိုင်ဘူး သွားရည်တွေလည်းကျနဲ့ သားကအများကြီးသက်သာတယ် "

ပြောလို့မရတော့လည်း..

"ဟုတ်"

"မနက်စာစားပြီး ဘုရားရှိခိုး သွား အမေတော့
အိမ်မှာ ဖယောင်းတိုင်ထွန်းနေရမယ် သားပြန်
မလာချင်"

ခေတ် ဘုရားရှိခိုးပြီး ဘောပင်ကို အိတ်ကပ်ထဲထည့်ကာကျောင်းသို့သွားလေသည် ။
စာမေးပွဲနောက်ဆုံးရက်ကြတော့ ဘုန်းခန့်ကမဖြေခင်..

"နောင်လေး ဒီနေ့ ဖြေပြီးတာနဲ့ ကိုယ်ကို လာရှာပါ"

"ဟင် ဘာလို့"

"နောက်ဆုံးရက်‌ ကို ကိုယ်တို့အားလုံး ဆုံကြရအောင်ပါ နောင်လေးအမေကို ၀င်ပြောပေးမယ် "

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now