Chapter(44)

8.4K 695 40
                                    

Unicod ver

စားပွဲခုံ၏ တစ်ဖက်တစ်ချက်ဆီမှာ
မျက်နှာချင်းဆိုင်ထိုင်နေကြသောမိုက်ကယ်နှင့်ဟန်စစ်တို့ မိုက်ကယ်ဘက်ပင်စပြီးစကားဆိုလာသည်။

"Daniel မတွေ့တာကြာတာတောင် ငါကိုတွေ့တာတောင်မပျော်သလို့ဘဲ "

"အဲ့လိုမဟုတ်ပါဘူး မထင်ထားလို့ပါ "

"အရင်တုန်းကနဲ့မတူအောင် ကောင်းကောင်းပြောင်းလဲသွားတာဘဲ "

"အင်း..."

"ငါကို တစ်ခုခုနဲ့ မဧည်ခံချင်ဘူးလာ "

"တစ်ခုခု စားချင်လို့လာတာမှ မဟုတ်တာ လိုရင်းပြောပြီးစကားဖြတ်ရအောင် မိုက်ကယ်"

"Wow မင်း ပြောင်းလဲသွားပြီးဘဲ အရင်ကလို့ ငါဘေး ကောင်လေးနဲ့ မတူတော့ဘူး
အင်း...လိုရင်းပြောရရင် မင်း ကောင်လေးနဲ့ အဆင်ပြေသွားပြီးပေါ့ "

မိုက်ကယ်ပါးစပ်က ခလေး အကြောင်းထွက်တာနဲ့ သေချာအာရုံစိုက်္မိလိုက်သည်။

"ခုန ကထွက်သွားတဲ့ ကောင်လေး မဟုတ်လား
သူက ချစ်စရာကောင်းတယ်"

ဟန်စစ် စိတ်ကို ထိန်းချုပ်ကာ

"မင်း ပါးစပ်က ငါကောင်လေးအကြောင်းနဲ့
ပက်သတ်ပြီး နားမထောင်ချင်ဘူး မိုက်ကယ် ငါကိုလိုရင်း‌ကို ပြောလိုက်တာကောင်းသော အစီအစဉ်တစ်ခုဘဲ"

"ပြောမှာပါ....ဒီနိုင်ငံမှာအခြေချချင်တယ် အဲ့ဒါမင်းဘက်က စီစဉ်ပေးရမယ် ဘယ်လောက်္မှမဟုတ်ပါဘူး မင်းမှာ ရုံးခွဲတွေရှိတာဘဲ ဒီအဆောက်အအုံလေးလည်း မဆိုးဘူး "

"အကြောင်းပြချက် ..."

"ဘာကိုပြောချင်တာ.."

"အဲ့လောက်ထိ ‌လုပ်ပေးဖို့ မင်းအပေါ်ငါအကြွေးမရှိဘူးထင်တာဘဲ မိုက်ကယ်"

"မင်းနဲ့ငါက သူငယ်ချင်းလေ ..ငါမင်းကို အကုန်ကူညီခဲ့တယ်လေ "

"ဘယ်လို့ကူညီခဲ့တာလဲ ဆေးသုံးတက်အောင်လာ
ငါဆီက ပိုက်ဆံတွေနဲ့ ဘဲ သုံးဖြုန်းခဲ့ကြတာဘဲ မဟုတ်လား ငါကိုထားပြီးထွက်ပြေးခဲ့ပြီးမှ အခုမှ ပေါ်လာပြီး ဘာလို့ချင်နေတာလဲ"

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now