Chapter (7)

12.4K 1.2K 28
                                    

Unicode ver

ကျောင်းဆင်းချိန်‌ေရာက်တော့ ကိုစစ်ကိုကျောင်းရှေ့မှာအတူတူပြန်ဖိုစောင့်နေသည်မှာ
နာရီ၀တ်ကြာနေပြီးဖြစ်‌ေသာ်လည်း ကုိစစ်ကအခုထိရောက္မလာသေး။
ကိုယ်ဟာကို ပြန်သွားလို့ရပေ့မယ် မိမိပြန်သွားမှရောက်ချလာရင်လည်းအဆင်မပြေ ခဏတော့စောင့်ဖိုဆုံးဖြတ်လိုက်သည်။
‌အခုက၄နာရီရှိပြီးဆိုတော့နာရီ၀တ်လောက်စောင့်ပြီးမှမလာရင် ပြန်တော့မည်။

ခဏအကြာ ခေတ် အရှေ့ကားတစ်စီးရပ်လာပြီး
ကားတံခါးဖွင့်လာတော့ အထဲမှာ ကိုစစ်ကိုတွေ့လိုက်ရသည်။

"လာ၀င်ခဲ့"

"ဟုတ်"

"နောက်ကျသွားတယ် ကားဘီးပေါက်တာလဲ
နေလို့ အကြာကြီးစောင့်လိုက်ရလား"

အရှေ့ခန်းမှာထိုင်နေတဲ့ စည်သူကတစ်ခုခု၀င်ပြောလိုက်ဟန်ပြုသည်။

"သခင်လေး မဟုတ်ဘူးလေ"

ဟန်စစ်လွှမ်း အရှေ့က၀င်ပြောဖို့ ပြင်နေတဲ့  စည်သူကို ပြောရဲ ရင်ပြောလိုက်‌ဆိုတဲ့အကြည့်နှင့် မှန်ထဲကနေကြည့်ပေးလိုက်သည်။
စည်သူမှာ အူကြောင်ကြောင်ဖြစ်ကာဆက်္မပြောတော့ဘဲ ပါးစပ်ပိတ်သွားလေသည်။

"အကြာကြီး မစောင့်လိုက်ရပါဘူး ကိုစစ်"

အကြာကြီးစောင့်လိုက်ရတဲ့အကြောင်း
ခေတ်ကဘယ်လိုပြောရမလဲ သူများကားလည်းစီးသေးတယ်
အကြာကြီးစောင့်လုိက်ရတာလုိ့ပြောလိုက်ရင် ခေတ်လောက်ကမ္ဘာမှာအလိုက်ကန်းဆိုးမသိတဲ့လူမရှိဖြစ်သွားမှာပေါ့..

ကားရှေ့ခန်းကနှစ်ယောက်ကတော့
ငါတို့သခင်လေး ကောင်လေးဆီမသွားမှီ...
ကောင်လေးမမြင်ရတဲ့နေရာမှကားရပ်ခိုင်းပြီး
ကောင်လေးကိုတစ်‌နာရီလောက်ကြည့်နေတဲ့အကြောင်း ကိုတော့ဖွင့်ပြောလိုမရတဲ့လျှိုဝှတ်ချက်အနေနဲ့ သိမ်းထားလိုက်တော့သည်။

ဟန်စစ်လွှမ်းတစ်‌ေယာက် ရင်ခုန်နေ‌ေလပြီး ခလေးနှင့် အခုလို့ နီးနီးကပ်ကပ် တစ်ခါမှမနေဖူးတာကြောင့် ခဏခဏ ကြည့်နေမိသည်။
ခေတ်က သတိထားမိတော့

"ကိုစစ် ခေတ်မျက်နှာမှာ တစ်ခုခုပေနေလို့လား"

သူခိုးလူမိသွားတော့ ဟန်စစ်လွှမ်းအရှေ့ကိုမြန်မြန်လှည့်လိုက်ကာ မေးတာလည်းပြန်မဖြေမိ။

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now