𝙲𝚑𝚊𝚙𝚝𝚎𝚛(5)

13.6K 1.3K 42
                                    

Unicode ver

မနက်6နာရီတွင်အမေက ဈေးဆိုင်သွားဖို့‌ေတာင်ပြင်ဆင်နေသည်။

"သားနိုးပြီးလား"

"ဟုတ် အမေ"

"ကျောင်းသွားရင် ထမင်းကြမ်းနဲ့အကြော်၀ယ်ထားတယ်စားသွားနော်"

"ဟုတ်"

ခေတ် မျက်နှာသစ်သွားတိုက်လိုက်ပြီး
အမေနှင့်ဆိုင်တွေကူဖွင့် ပေးလိုက်ပြီးတာနဲ့
အိမ်သုိ့ပြန်လာ ကျောင်းသွားဖို့ပြင်ဆင်လိုက်သည်။ကျောင်းသွားခါနီးအမေပြင်ထားပေးတဲ့မနက်စာကိုစားပြီး ၈နာရီထဲကအိမ်ကထွက်လာလိုက်တော့သည်။

အိမ်ကကျောင်းနှင့်သိပ်‌ေတာ့မဝေးပေ့မယ်
ကျောင်း၀န်းထိပ်နှင့်အဆောင်ကအလှမ်းဝေးတာကြောင့် ကျောင်း‌သုိ့‌ေစာ‌ေစာသွားလိုက်တော့သည်။ကျောင်းရောက်တော့၈နာရီခွဲနေပြီး
အတန်းထဲမှာ ကျောင်းသားတွေ‌ေတာင်သိပ်မရောက်သေး။‌ေခတ် ထိုင်ခုံမှာ၀င်ထိုင်လိုက်ပြီး
ခတ်ဆစ်လေးတွေ ကျတ်နေလိုက်သည်။

စာကျတ်နေတုန်း ခေတ်ရဲ့
ခုံကိုလာခေါက်နေလိုကြည့်လိုက်တော့၊
တစ်ခါမှမမြင်ဖူးတဲ့ ကောင်လေးတစ်ယောက်၊အတန်းထဲကျောင်းသားဖြစ်ဟန်မတူ။

"မင်းမနေ့က scholarနဲ့ပြောင်းလာတဲ့ ကျောင်းသားသစ်မှတ်လား"

"အင်း"

"ကျောင်းတက်ပြီး စပွန်ဆာပါရှာထွက်တာလား နောက်ရေးကောင်းအောင်"

ခေတ်သူပြောတာကုိ နားမလည်တာကြောင့်..

"ဘာကိုပြောချင်နေတာလည်း ‌ပြောချင်တာ တိုက်ရိုက်ပြောလိုက်ပါလား "

"အူကြောင်ကြောင်လေး လုပ်နေ‌တာအရိုးခံလေးပေါ့ ဘာမှမသိဘူးပေါ့ ဟေ့ကောင်တွေကြည့်ပါအုန်း သူရုပ်ကလေးကိုသနားစရာ ဘာမှ နားမလည်ဘူးတဲ့"

ထို့သူက ခေတ်ကို လက်ညိုးကြီးထိုးကာ လှောင်ရယ်နေလေသည်။အတန်းထဲကသူတွေကပါ အကုန်ဝိုင်း‌ရယ်နေကြသည်။အခန်းထဲမှာလည်း ကျောင်းတက်ခံနီးတော့‌ေကျာင်းသား‌ေတွ အတန်းပြည့်ရောက်နေကြပြီးဖြစ်သည်။

အတန်းခေါင်းဆောင်က

"ဟဲ့ တော်ပါတော့ သူဘာမှမသိဘူးမနေ့က ငါနဲ့ စကားပြောပြီး ပြီး မရှုပ်စမ်းပါနဲ့ ကိုယ်အခန်းကိုယ်သွားတော့"

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now