Chapter (38)

8.5K 788 26
                                    

Unicod ver

"သားငယ် အမေအတွက်ရေခတ်ခဲ့ပေးပါအုန်း"

"ဟုတ်အမေ "

ဘုရားဖူးလက်ဆောင်များကို အနောက်ဖေးထဲ သေချာစီထားခဲ့ပြီး အမေအတွက် ရေတစ်ခွက်ခပ်ကာအရှေ့သို့ထွက်လာပြီး

"သား လာကြိုမယ်ပြောတဲ့ ဟာကို အထုပ်တွေက အများကြီးဘဲ တစ်ယောက်ထဲပြန်လာတယ်"

ဒေါ်နှင်း လည် သားအပြောကိုပြန်တုံပြန်ရန် ရေကိုတစ်ချိုက်ထဲ မောချကာ ရေခွက်ဘေးတင်လိုက်ပြီး

"သားက ဒီနေ့ အတန်းရှိတယ်လေ ခွင့်ယူထားတာမှမသိတာကို တစ်ယောက်ထဲပြန်လာလည်း
မပင်ပန်းပါဘူး ကားဂိတ်ရောက်အထုပ်ချ
အငှားကားပေါ် အလုအယတ် တင်ပေးတဲ့လူတွေမှ အများကြီးဘဲ "

"သားက ကိုစစ်ကို ခေါ်ပြီးလာမလို့ ကားခလည်မကုန်ဘူး"

"သားဟန်စစ် အလုပ်ရူပ်ပါတယ် တယ်ပြောရပါလားသားရယ် အိမ်ပေါ်တောင်ရောက်နေပြီးကို "

အမေကို ဖက်လိုက်ကာ

"သားက စိတ်ပူလို့ပါ "

"တယ်ချွေနေပါလား သား တစ်ယောက်ထဲနေရတာအဆင်မပြေဘူးလာ မှန်းစမ်းပိန်သွားလာလို့"

သားမျက်နှာကို ပင့်တင်ကာ ကြည့်မိတော့

"အသားတောင်ပြည့်လာတယ် ၀က်ပေါက်လေးဖြစ်တော့မယ် အသားပေါ်လို့ရပြီး ဟား......ဖယ်သား အမေချွေးတွေနဲ့ "

"အမေကလည်းနော် ကိုယ်သားနုနုထွဍ်ထွဍ္ကို"

"သားဟန်စစ် သားငယ်ကို အလိုလိုက္မယ် ဆိုတာ အမေသိတယ်လေ စိတ်ပူစရာမှမရှိတာ
ဒါနဲ့ ဒီနေ့လာမှာလာ "

"အင်း လာမှာ"

"‌အတော်ဘဲအမေ၀ယ်လာတဲ့ ပဲခူးမနီပုဇွန်ချဉ် လေ သုတ်ကျွေးရမယ် သား ပင်စိမ်းနဲ့ ငရုတ်တောင့်လေ‌ဆင်း၀ယ်ပေးအုန်း ကြက်သားလေးပါ "

"အခုမှ ခရီးပြန်လာတာကို ဟင်းချက်အုန်းမယ် စားဖို့လာတာမဟုတ်ဘူးလေ မချက်နဲ့တော့ပင်ပန်းတယ်"

"သားဟန်စစ်က အမေလက်ရာကြိုက်တယ် ဟင်းချက်တာ ဘာပင်ပန်းလဲ ထ သွား၀ယ် သားငယ်..."

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now