𝙲𝚑𝚊𝚙𝚝𝚎𝚛 (2)

19.4K 1.5K 12
                                    

Unicode ver

"ရောက်ပြီ ဒီအဆောင်ဘဲ"

ခေတ် အပြင်က အဆောင်ကိုတစ်ချက်လှမ်းကြည့်လိုက်သည် ။ ထို့နောက်

“ လိုက်ပို့ပေးတဲ့ အတွက်ကျေးဇူး" ဟု ပြောပြီး ကားတံခါးဖွင့်ရန် ပြင်နေတုန်း တံခါးလက်ကိုင်ကို ကိုင်ထားသည့် ခေတ်လက်ကို လှမ်းဆွဲလာသည့် လက်တစ်စုံ။

"ဒီအထိ ရောက်အောင် လိုက်ပို့ပေးထားတာကို၊ ယဥ်​ကျေးမှုနဲ့ နာမည်တော့ မိတ်ဆက်သင့်တယ် မထင်ဘူးလား ''

"ရှင်းခေတ်နောင် " ဟု တိုတိုတုတ်တုတ်သာ ဖြေပြီး ခေတ် ကားပေါ်က ဆင်းရန်ပြင်လိုက်သည် ။ သို့သော် ခေတ်လက်တ်ို့ကို မလွှတ်ပေးသောကြောင့် ခေတ် မျက်မှောင်တစ်ချက် ကျုံ့လိုက်ပြီး

" သိချင်တာ ဖြေပြီးပြီးလေ ''

"ငါ့ နာမည် မှတ်သွားအုန်းလေ"

ယောင်္ကျားလေး အချင်းချင်း နာမည်အပြန်အလှန် မိတ်ဆက်တာကျ တစ်မျိုးကြီး ဖြစ်မနေဘူးလား။ ခေတ် နားမထောင်ချင်ပါ ၊ ထိုသူ၏ နာမည်ကိုလည်း မသိချင်ပါ ။ သို့ပါသော်လည်း ထိုသူက မိမိ နားနှင့် ထိနိုင်လောက်သည့် အနေအထားထိ ကပ်လာပြီး..

"ကိုယ့်နာမည်က ရှင်နောင်သွင် မင်းနာမည်နဲ့တစ်လုံးဆင်တယ် ၊ မှတ်ထား‌ပေါ့ ''

အနားသို့ ကပ်ပြောသည်ကြောင့် ထို.. ရှင်နောင်သွင် ဆိုသူ၏ အာငွေ့နွေးနွေးတို့သည် ခေတ် နားရွက်သို့ လာရောက်ထိမှန်လာသည် ။ ခေတ်တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထသွားရသည်အထိ ။ ထိုသူက‌တော့ သူမဟုတ်သလိုနှင့် ခပ်တည်တည် ပြန်ထိုင်နေသည်။
ခေတ်‌လည်း ကားပေါ်မှဆင်းလိုက်ပြီး   ကျောင်းဆောင်ထဲသို့သာ ၀င်လာခဲ့လိုက်သည် ။

*********************
ကျောင်း၏ Group Chatတွင်တော့ ရှင်နောင်‌သွင်က သူ၏ ကားနှင့် အဖွဲ့၀င်မဟုတ်သူ ကောင်လေးတစ်ယောက်ကို ကားပေါ် တင်‌ခေါ်လာကြောင်းကိုပွက်လောရိုက်နေလေသည်။

ထိုအချိန်တွင် ကောင်လေးတစ်ယောက်က ဖုန်းကိုင်ထားပြီး ကျောင်းတွင် နာမည်ကြီးနေသော သတင်းကို ကြည့်ပြီး မဲ့ပြုံးပြုံး လိုက်သည်။
ထိုအပြုံးများသည် ခံစားချက် မပါဝင် ။ သိုပေ့မယ် ကောင်လေး၏ ကြည့်ကောင်းသည့် ရုပ်ရည်ကြောင့် ထိုအပြုံးနှင့်ပင် ‌ပစ်​ကြွေနိုင်လောက်အောင် ဆွဲဆောင်မှုရှိလွန်းသည် ။ ထိုကောင်လေး၏ အမည်က ဟန်စစ်လွှမ်း...

𝙻𝚒𝚝𝚝𝚕𝚎 𝙱𝚊𝚋𝚢 𝙸𝚗 𝚃𝚑𝚎 𝙷𝚎𝚊𝚛𝚝ရင်ဘက်ထဲကအသည်းကလေး(𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎)Where stories live. Discover now