အခန်း- ၉၄ (ထျဲန်းယင်းမြိုင်နန်း)

Start from the beginning
                                    

လမ်းဘေးနှစ်ဖက်ကလူများလည်း ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမောနှင့် မုန့်များလှမ်းဖမ်းနေကြလေရာ တကယ်ပင် ပျော်စရာကောင်းလှပေသည်။ ကလေးငယ်များကတော့ ပြေးလွှားဆော့ကစားနေကြရာ ထိုအထဲမှ တစ်ယောက်က မတော်တဆ ချော်လဲသွားပြီး မုန့်စားထားသဖြင့်ပေကျံလျက်ရှိသော သူ့လက်သေးသေး ကပ်စေးစေးလေးက ချူယွမ်၏ဝတ်ရုံစကို လှမ်းကိုင်မိသွား၏။ ထို့ကြောင့် မည်းတူးတူးလက်ရာလေးက ချူယွမ်၏ဝတ်ရုံစပေါ် ထင်ကျန်ရစ်နေခဲ့သည်။

"အိုက်ယား၊ ကြည့်ပါဦး ကြည့်ပါဦး...."

ရှစ်ဇီစိတ်များ ပူလောင်သွား၏။

"ရပါတယ် ရှစ်ဇီရယ်၊ ကလေးလေးတစ်ယောက် သတိမထားမိလို့ ချော်လဲသွားတာပဲဟာ"

ချူယွမ်က ပြုံးလိုက်ကာ ကလေးငယ်အား အလန့်တကြားမဖြစ်ပါစေနှင့်ဟု ရှစ်ဇီအားအချက်ပေးလိုက်ကာ -

"သွားရအောင်ပါ၊ ခဏလေး ဆက်လျှောက်လိုက်ရုံနဲ့ ချန်းဖန်းရဲ့စံအိမ်တောင် ရောက်တော့မယ်။ သူ နေမကောင်းဖြစ်နေတာ ပြန်သက်သာပြီလားလို့ သတင်းသွားမေးဖို့ အတော်ပဲ ဖြစ်သွားပြီ။ အရင်သုံးရက်စလုံး သူ ညီလာခံလာတက်တာ မတွေ့ရဘူး"

"ဟုတ်ကဲ့"

ရှစ်ဇီက ချူယွမ်၏ဝတ်ရုံကို သေချာသုတ်ပေးလိုက်ပြီးနောက် လူအုပ်ကြီးကြားတိုးကာ စစ်သူကြီးရှန်၏စံအိမ်တော်သို့ ဦးဆောင်လမ်းပြလာလိုက်သည်။

သူရိယစန္ဒာဂိုဏ်းမှာ သိုင်းလောက၏ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သောကြောင့် သူတို့၏ တတိယသခင်လေးအတွက် ဆောက်လုပ်ပေးထားသောစံအိမ်မှာ ဧကန်မုချပင် သေးသေး​ေကွးကွေး ဖြစ်မနေစေရ။

နီလွင်သောအမိုးနှင့်အတူ တိုင်လုံးများမှာလည်း အရောင်အသွေးလှပကာ ပန်းနွယ်ပန်းခက်များဖြင့် ထွင်းထုပြီးအလှဆင်ထား၏။ ရှည်လျား​ေသာခေါင်မိုး၏ အစွန်းများမှာလည်း ကော့ညွှတ်ပျံတက်လို့။ သစ်သားပြားထက်က စံအိမ်တော်၏ အမည်သည်လည်း ချူယွမ်ကိုယ်တိုင် ရေးသားပေးထားသော လက်ရေးလက်သားပင်ဖြစ်နေသည်။ အဝေးမှလှမ်းကြည့်လျှင်ပင် ခန့်ညားထည်ဝါလှသောအသွင်ဟန်ပန် ရှိပေ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now