အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)

Start from the beginning
                                    

ချူယွမ်လည်း ဆေးလုံးကို ထုတ်ပြီး သောက်လို်က်သည်။ ထို့နောက် အနှီကုန်တင်သင်္ဘောကြီးပေါ် ပြန်ခုန်တက်သွားသော သွမ့်ပိုင်ယွဲ့ကို မျက်​ခြည်မပြတ် လိုက်ငေးကြည့်နေ၏။

ခဏကြာတော့ ထိုသင်္ဘောကြီးမှာ မီးတောက်ကြီးတစ်ခု၏ ဝါးမျိုတောက်လောင်ခြင်းကို ခံလိုက်ရကာ မီးညွန့်မီးလျှံများမှာ မိုးယံထိတိုင် ရောင်ဝါထိန်လင်းနေသောဟူ၏။

******

သို့နှင့် နှစ်ယောက်သားမှာ လှေပေါ်ပြန်တက်ကာ ထိုကျွန်းပျက်ကြီးထံမှ အမြန်ပြန်ထွက်လာခဲ့သည်။

အိမ်ငယ်လေးဆီ ပြန်ရောက်တော့ နန်မော်ယဲ့တို့၊ ကျင်နျဲန်တို့မှာ အိပ်ပျော်သွားကြချေပြီ။ ရှစ်ဇီလည်း ရက်အတော်ကြာ အအေးမိနေခဲ့သဖြင့် ချူယွမ်လည်း ဝေယျာ၀စ္စ ဆက်သခို်င်းရန် ရှစ်ဇီအား ခေါ်မနေတော့။

သွမ့်ပိုင်ယွဲ့ကတော့ မီးဖိုချောင်ထဲဝင်သွားကာ ရေပမာဏများစွာကို တစ်အိုးပြီးတစ်အိုး ကျိုပေးနေ၏။ ထို့နောက် ချူယွမ်၏အခန်းထဲ သယ်လာပေးရင်း အတန်တန် မှာကြားလိုက်သေးသည်။

"အခေါက်ခေါက် အခါခါ ချိုးပစ်လိုက်နော်"

ချူယွမ် - "......"

သွမ့်ပိုင်ယွဲ့က ဆက်ဆိုလာ၏။

"လဲပြီးသား အဝတ်ဟောင်းတွေကို ကိုယ့်ဆီ လာပေးလှည့်။ တစ်ခါတည်း မီးသွားရှို့ပစ်မှ ရမယ်၊ လုံးဝ ပေါ့ဆလို့မဖြစ်ဘူး"

"ထွက်သွားစမ်း.... "

သွမ့်ပိုင်ယွဲ့က ခေါင်းအသာညိတ်ပြလိုက်ကာ -

"ကိုယ် တံခါးအပြင်ဘက်နားမှာ စောင့်နေမယ်နော်"

သို့နှင့် အခန်းတံခါးမှာ ပြန်ပိတ်သွားသည်။

ချူယွမ်လည်း ရေနွေးဇလုံထဲ ဝင်စိမ်နေလိုက်ကာ သက်ပြင်းရှည်ကြီးချလိုက်၏။

သွမ့်ပိုင်ယွဲ့လည်း တံခါးအပြင်ဘက်တွင် မှီနေကာ တစ်ချိန်လုံး ရပ်ပြီးစောင့်နေခဲ့သည်။

အခန်းထဲမှ ခြေသံအချို့ကြားရတော့မှ တံခါးကို ခပ်ဖွဖွ လှမ်းခေါက်လိုက်ကာ -

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now