အခန်း - ၈၇ (သင်္ဘောကြီး)

Start from the beginning
                                    

"ဒါကြောင့်လည်း တိမ်သလ္လာကန္တာဆိုတဲ့နာမည် ရလာတာကိုး။ အဲ့ကျွန်းက ဘယ်နားမှာရှိသတဲ့လဲ"

"ကျွန်တော်မျိုးမလည်း နေရာအတိအကျမသိရကြောင်းပါ ဝမ်ရယ်။ ကျွန်မသိသလောက်ကတော့ ခုနစ်လရှစ်လပိုင်းအချိန်မှာ တိမ်သလ္လာကန္တာတောင်ထွဋ်ကနေ လေလှိုင်းနဲ့အတူ အလိုက်သင့်ရွက်လွှင့်သွားရင် ဆယ်ရက်တင်းတင်းပြည့်တာနဲ့ လျူလီကျိုးကို ရောက်တယ်။ လုံးဝကို အယုတ်အလျော့မရှိ ဆယ်ရက်တိတိပါတဲ့ ။ ဒါပေမယ့် ဆယ်လပိုင်း၊ ဆယ့်တစ်လပိုင်းအချိန်ဆိုရင်တော့ လေမုန်တိုင်းအရမ်းကြမ်းတတ်တာမို့ ရေကြောင်းခရီးသွားဖို့ အဆင်မပြေကြောင်းပါ။ အရည်အသွေးအကောင်းဆုံး သံနက်သင်္ဘောကြီးနဲ့ သွားမယ်ဆိုရင်တောင် လေမုန်တိုင်းဒဏ်ကို မကျော်လွှားနိုင်ကြောင်းပါ ဝမ်ရယ်"

"ကျေးဇူးအများကြီးတင်ပါတယ်"

"ဒီစကားတွေက သူတို့ဆွေးနွေးနေတုန်း ကျွန်တော်မျိုးမ လက်ဖက်ရည်သွားချပေးရင်းနဲ့ နားစွန်နားဖျားကြားလာခဲ့တာပါ။ အဲ့နေ့က တခြားလူတစ်ယောက်နဲ့ ချူရှိန့်တို့စကားပြောနေခဲ့ပါတယ်။ တိမ်သလ္လာကန္တာတောင်ထွဋ်ကို အရောက်သွားဖို့ဆို ဘယ်အချိန်လောက်သွားမှ အဆင်ပြေမှာလဲ၊ လမ်းခုလတ်မှာရော အရောင်းအဝယ်တွေ လုပ်လို့ရမလား၊ လျူလီကျိုးရဲ့ နာမည်ကြီးထွက်ကုန်က ဖန်ထည်ပစ္စည်းဖြစ်တယ်ဆိုတဲ့အကြောင်းတွေ ပြောနေကြတာပါ။ ဒါပေမယ့် အဲ့ဒီညှိနှိုင်းမှုက မအောင်​မြင်လိုက်ဘူးထင်တယ်၊ အဲ့နောက်ပိုင်း သူ့နှုတ်ဖျားဆီက လျူလီကျိုးအကြောင်းပြောတာမျိုး မကြားရတော့ပါဘူး"

"တိမ်သလ္လာကန္တာတောင်ထွဋ်ကနေ လျူလီကျိုးကိုသွားဖို့ ခုနစ်လရှစ်လပိုင်းဆို ဆယ်ရက်ကြာမယ်၊ ဆယ်လဆယ့်တစ်လဆိုရင်တော့ ဘယ်ကိုမှသွားလို့မရတော့ဘူးဟုတ်လား။ ဒီအချက်နဲ့တင် တိမ်သလ္လာကန္တာတောင်ထွဋ်ရဲ့တည်နေရာကို အကြမ်းဖျင်းရှာနိုင်လောက်ပါတယ်။ အစ်ကိုစစ်ကုန်းက လျူလီကျွန်းနဲ့ ကုန်သွယ်ရေးလုပ်နေကျဆိုတော့ သူ့ကို အဲ့ကျွန်းဘက် အရင်သွားစုံစမ်းခိုင်းလို့ဖြစ်တယ်"

"ဝမ်ရယ် အဲ့တောင်ထွဋ်ကိုသွားမလို့လားရှင့်"

"အင်း၊ ပစ္စည်းတစ်ခု သွားရှာမလို့"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now