အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)

Start from the beginning
                                    

မိမိနောက်ကလူမှာ ဘာစကားမှဆက်မ​ဆိုတော့သဖြင့် သွမ့်ပိုင်ယွဲ့ကပင် စကားပြန်စလိုက်သည်။

"ကိုယ် ပြန်လှည့်လို့ရပြီလား"

"သွေးနီတစ်ကျန့် ပေးသနားခိုင်းမယ်"

"ဟုတ်ပါပြီ၊ ကိုယ် မလှည့်တော့ပါဘူး"

သွမ့်ပိုင်ယွဲ့ဘက်ကသာ အရှုံးပေးလိုက်ရလေ၏။

(T/n : Yi Zhang Hong = ရှေးခေတ် နန်းတွင်းမှာ အပြစ်ပေးတဲ့ နည်းတစ်မျိုးပါတဲ့။ ငါးပေအရှည် ၊ နှစ်လက်မအထူရှိတဲ့ သစ်သားချောင်းနဲ့ ခါးတစ်ဝိုက် ကျောပြင်ကို သွေးစို့သွားတဲ့အထိ ရိုက်တာပါတဲ့)

ချူယွမ်က အေးစက်တည်ငြိမ်သော လေသံဖြင့် ဆိုလာသည်။

"ကျင့်နျဲန်က ချူရှိန့်ရဲ့ လူပဲ။ သူက ဖေမျဲန့်ပြည်မှာ နှစ်အများကြီးနေလာခဲ့တာ ၊ ကျွန်းပေါ် တက်သွားလို့ရမယ့်လမ်းကို သေချာမသိပေမယ့် လမ်းပြခိုင်းကြည့်လို့တော့ရတယ်။ တာ့ချူတပ်မတော်လည်း အချိန်မရွေး စစ်ချီလို့ရနေပြီ၊ ထျဲန်းချန်ရှားကို ရလာတာနဲ့ ကျင့်နျဲန်ကို တာ့လီဆီ ကိုယ်တော် ပြန်ပို့ခိုင်းလိုက်ပါ့မယ်။ ပြောစရာကတော့ ဒီလောက်ပါပဲ ၊ ရှီးနန်ဝမ် နားထောင်ပြီးသွားရင် ပြန်သွားလိုက်ပါတော့"

"ထျဲန်းချန်ရှားက တိမ်သလ္လာကန္တာတောင်ထွဋ်ပေါ်မှာရှိတယ်"

ချူယွမ် မျက်နှာမဲ့သွားကာ -

"မင်း ဘာတွေသိထားသေးလဲ"

"ကိုယ် သိလာတာတွေက မနည်းမနောပဲ၊ဖြည်းဖြည်းချင်းစဥ်းစားယူရဦးမယ်"

ထိုစကားကိုကြားပြီးသွားတော့ ချူယွမ်မှာ ဆယ်နှစ်သားအရွယ်တုန်းကလို ထိုသူ့ကို တဘုန်းဘုန်း ထုရိုက်ပစ်ချင်စိတ်ပေါက်နေပြီဖြစ်သည်။ထို့ကြောင့် ဘေးနားရှိ ထိုအဝတ်လျှော်သစ်သားပြားဘက်ကို ခဏခဏ လှည့်ကြည့်နေမိသည်။

သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။

"ဖေမျဲန့်ပြည်နဲ့ ချူရှိန့်ကို စစ်ကြေညာမယ်ဆိုရင်တောင် ခုချိန်မှာ မလုပ်ကောင်းသေးဘူး။ တာ့ချူရဲ့ ရေကြောင်းတပ်မတော်က အင်အားကြီးမားတယ်ဆိုပေမယ့် သူတို့အများစုကို အနောက်မြောက်ရှီးပေတပ်ကနေ ရွှေ့လာတာလေ၊ သူတို့က ကုန်းမြေပေါ်မှာ တိုက်ခိုက်ရတဲ့ အတွေ့အကြုံတွေ ပြည့်ဝကျွမ်းကျင်ပြီးဖြစ်နေပေမယ့် ပင်လယ်ထဲမှာဆိုရင်တော့ အရေးနိမ့်နိုင်​​ချေ ပိုများတယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now