"ထွက်...ထွက်သွားလို့ပြောလိုက်တယ်...."

"အမလေး....သားရယ် မင်းလွန်တယ်ကွယ်....သားကြီးမှာ အမေတို့က လဲဲပီးနေစရာရှိတာမှ မဟုတ်တာ....အမလေးလေး....တပည့်​တော်မ.. သားကြီး အိမ်မှာပဲ ရှိနေပါစေတော...."

ဒေါ်မိထက် လွန်းသားရဲ့စကားကိုကြားပြီး ရင်ထဲဆို့နှင့်သွားရသည်။ ခနတာ မိသားစုထဲ ဝင်လာတဲ့ လွန်းအတိတ်သည် သူမအတွက်တော့ ရင်မှမွေးသော သားကြီးတစ်ယောက်ဖြစ်သည်။ လွန်းသာကိုပြောရင်း လက်ခုတ်ချီကာ ဘုရားသကြားမနေမိတော့သည်။

"အမေကလည်း.... ကျုပ်က အိမ်ကနေမနှင်ထုတ်ပါဘူးဗျ....ကျုပ်ရှေ့ကပဲ ထွက်သွားခိုင်းတာပါဗျ...."

"တော်...တော်....တော် မင်းသားကြီးကို လိုက်ရှာစမ်း...."

လွန်းသာဘာမှပြန်မပြောမိ။ မိမိပြောလိုက်တာကလည်း အကို့ကို အိမ်ကထွက်သွားဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်နေတာကြောင့် စိတ်မကောင်းဖြစ်ရသည်။ ရှာဆိုတော့လည်း လွန်းသာ ရှာရရုံသာ။

အမေ့ကို အိမ်ကိုပြန်ပို့ကာ ထမင်းတောင်းကို မမွန်တို့ဆီလှည့်းနဲ့သွားပြန်ပို့ရသည်။အပြန်မှာတော့ လယ်ထဲဘက်တွေကိုလှည်းခနရပ်ကာ လိုက်ရှာရသည်။ တောစပ်များသွားလေသလား ချောင်းနားများ သွားလေသလား လိုက်ကြည့်ရသည်။

မတွေ့တော့ လှည်းနဲ့ တဖန် ရွာဦးဘုန်းကြီးကျောင်းနဲ့ ရွာဦးစေတီဘက် ထွက်လာရပြန်သည်။ဘယ်မှာမှမတွေ့ ဘယ်တွေများသွားနေလည်းပူပန်နေမျသည်။ ထိုအပူကြောင့် လွန်းသာမှာ ထမင်းတောင်မစားအား စိတ်လောကရှာနေရသည်။

ရွာထဲပြန်သွားပြီး ဟိုအိမ်လိုက်မေးဒီအိမ်လိုက်မေးတော့လည်း မသိကျ။ ဟိုနားယောင်ယောင် ဒီနားယောင်ယောင်သာ မသေချာမရေရာ ပြောနေကျသည်။

အကိုရေ ဘယ်တွေများသွားနေတာလဲဗျာ အမေကစိတ်ပူနေပြီ။ လွန်းသာကိုယ်တိုင်လည်း လွန်းအတိတ်ကို စိတ်ပူနေရသည်။ ကိုယ်ရွာထဲမှာဆိုပေမယ့် စိတ်ညစ်ပြီး တစ်နေရာရာကို မိမိတို့အားထားပြီး ထွက်သွားရင်ဆိုတဲ့ အတွေးက လွန်းသာကို နာကျင်​စေသည်။

သို့....(completed)Donde viven las historias. Descúbrelo ahora