အခန်း - ၈၄ (အဆက်)

Start from the beginning
                                    

သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ -

"ကျွန်တော်လည်း အဲ့နေ့ရောက်လာဖို့ စောင့်မျှော်နေပါတယ်"

******

ပင်လယ်ပြင်၏ အခြားတစ်ဖက်ကမ်းဝယ်။

ချူယွမ်က သင်္ဘောလက်ရန်းနားတွင် ထိုင်နေသည်။ နောက်လိုက်များကိုခေါ်၍ ဆိပ်ကမ်းပေါ်တက်ကာ မှတ်တမ်းမှတ်ရာများ သွားရောက်စစ်ဆေးနေသော ရှစ်ဇီကို အဝေးမှ လှမ်းကြည့်နေ၏။

ဤဆိပ်ကမ်းမှာ အတော်လေးစည်ကားသော ဆိပ်ကမ်းတစ်ခုဖြစ်ပြီး ရှိသမျှအဖွဲ့သားများက မှတ်တမ်းစာအုပ်များကို နာရီဝက်မျှ ရှာဖွေလှန်လှောနေကြသော်လည်း စစ်ကုန်းလွီ့ဟူသော အမည်နာမကို ရှာမတွေ့ကြသေး။ ချူယွမ်က လက်ထဲကိုင်ထားသော စားလက်စသစ်သီးကို ပစ်လိုက်ကာ ဆိပ်ကမ်းပေါ်သို့ ခုန်တက်ပြီး လာကူရှာပေးလာမည်အလုပ် ၊ နောက်ဘက်မှ လူတစ်ယောက်က အသံအကျယ်ကြီး အော်ဟစ်လာ၏။

"စစ်ကုန်းလွီ့....!!!!! စစ်ကုန်းလွီ့ဆိုတာ ဘယ်သူလဲဗျို့ ။ သင်္ဘောကြီးက ကမ်းကနေ ထွက်တော့မယ် "

"ကျွန်တော်ပါဗျ....လာပြီ လာပြီ !!!!!! "

စစ်ကုန်းလွီ့က ပစ္စည်းထုပ်များကို နောက်ကျောပေါ်တင်ပြီး လွယ်လိုက်ကာ အဝတ်လျှော်သစ်သားပြားများကို ရင်ဝယ်ပိုက်ပြီး လူအုပ်ကြီးထဲ တိုးဝှေ့ကာ သင်္ဘောကြီးဆီ အမြန်လျှောက်လှမ်းလာ၏။

"ခဏ"

ချူယွမ်က သူ့အား လှမ်းတားလိုက်သည်။

"အာ....ဘာကို ခဏတုန်း"

ဖြစ်ပုံမှာ စစ်ကုန်းလွီ့က  မျက်မမြင်ဗေဒင်ဆရာတစ်စုလက်ထဲမှ လောလောလတ်လတ် ထွက်ပြေးလာခြင်းဖြစ်ရာ ချူယွမ်ကိုလည်း ထိုလူလိမ်တို့နှင့် တစ်ဖွဲ့တည်းသားများဟု ထင်သွားခြင်းဖြစ်သည်။ ထို့ကြောင့်  တစ်ချက်မျှလှည့်မကြည့်ဘဲ သင်္ဘောပေါ်သို့ တစ်ချိုးတည်း ပြေးတက်တော့သည်။

"ကျွန်တော်ကံဇာတာကောင်းမှန်း ကျွန်တော်သိပါတယ်ဗျာ ။ နောက်ခါမှ မေးပါ့မယ်၊ နောင်ခါမှ ဆုံကြမယ်၊ ဟုတ်ပြီလား"

ချူယွမ်က ချက်ချင်းပင် စစ်ကုန်းလွီ့ရှေ့မှောက်တည့်တည့် ခုန်ချလာပြီး ဂုတ်မှဆွဲကာ သင်္ဘောပေါ်မှ ဒရွတ်တိုက် ပြန်ခေါ်ဆင်းလာ၏။ စစ်ကုန်းလွီ့ခမျာ လုံးဝမထင်မှတ်ထားသည်မို့ ​ချော်လဲကာ ခေါင်းနဲ့​မြေပြင် ဆောင့်မိတော့မလိုပင်။ ထို့ကြောင့် ချူယွမ်ဘက် ဒေါသတကြီး လှည့်လာကာ -

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now