"အယ်...စွန်းကုန်ပြီ....သားကိုပေးလိုက်နော်ဆရာလေး ပြန်လျှော်ပေးမယ်...."
"အာ...နေပါစေ ပေးပေး ကိုယ့်ဘာသာပဲ လျောလိုက်မယ်...."
"မဟုတ်တာ အားနာစရာကြီး...."
ဆရာလေး က သူ့လက်ကိုင်ပုဝါကို ကျွန်တော့်လက်ထဲက ပြန်ယူကာ သူအင်္ကျီအိတ်ထောင်ထဲပြန်ထည့်လိုက်သည်။သေနပ်ခါးဆိုလို့ အိမ်အကိုကို တောင်သတိရမိတယ်။ အကိုသွေးပေးတဲ့ သေနပ်ခါးတော့ ပျက်ကုန်ပြီပဲ။
မလုပ်စဖူး သေနပ်ခါး ထသွေးပေးထားတာကို ပျက်ကုန်ပြီပဲ။
"လာရင်းကိစ္စတောင်မေ့ကုန်ပြီ ကျွန်တော့်တို့ ဆေးခန်းမှာ မမြက သူ့အိမ်မှာ အလှူလုပ်လို့ မုန့်ဟင်းခါးတွေ ပို့လိုက်တယ်ဗျ လိုက်စားကျပါလား...."
"ဟယ်တကယ်လား အမလေး စားရကံပါလိုက်တာနော်...."
"ဟုတ်ပေါ့တော် လာလွန်းလေး ဆရာလေးနဲ့လိုက်သွားရအောင်လေ...."
နေကိုကြည့်တော့ မွန်းတည့်တော့မည် ဒီချိန်ဆို အကိုထမင်းလာပို့ဖို့ အချိန်က နာရီဝက်လောက်ပဲ ကျန်တော့သည်မို့ မလုံမ ဆွဲခေါ်နေတဲ့ လက်ကို ပြန်ဆွဲလိုက်ကာ
"ဟိုလေ ဘယ်နှစ်နာရီ ရှိပြီလဲဆရာလေးခဗျ....."
ဆရာလေးက သူ့ပုဆိုးခါးကြားမှ ဖုန်းကိုထုတ်ကာကြည့်လိုက်သည်။
"အင်းနေ့လယ်၁၁ထိုးတော့မယ် လွန်းလေး ဘာဖြစ်လို့လဲ....."
"ဟိုလေ....အိမ်က ထမင်းလာပို့ချိန်နီုးနေပြီမို့လို့ပါ....မလိုက်တော့ဘူးခဗျ....."
ဆရာလေးတိမ်တိုက်မျက်နာ သိသာစွာ ပျက်ယွင်းသွားသည်။ သို့သော်လွန်းသာမှာမတတ်နိုင် ထမင်းဟင်းတွေ နှမြှော်ရသလို တကူးတက လာပို့မယ့် အကို့ကိုလည်း အားနာလို့ဖြစ်သည်။
"အမလေးလွန်းလေးရယ် နာရီဝက်ကျော်ကျော်တောင် လိုပါသေးတယ် မုန့်ဟင်းခါးစားတာ ဘယ်လောက်မှ မကြာပါဘူးဟယ် လာစမ်းပါ....."
"အင်းပါ လိုက်မယ် ..."
လွန်းသာမသိလိုက် တိမ်တိုကိမျက်နာသည် အရမ်းလန်းသွားကာ အပြုံးတို့ တောက်ပသွားသည်ကို။ လွန်းသာလိုက်သာလာခဲ့ရတယ် လယ်ထဲ နောက်ပြန် လည်ပင်းရှည်မတတ် လှမ်းမျှော်ကြည့်ရင်းပါလာခဲ့သည်။
YOU ARE READING
သို့....(completed)
General Fictionမထင်မှတ်ပဲ အချစ်ဟာ ဖြစ်ပေါ်လာကျသည်။ ထိုမထင်မှတ်ထားတဲ့ အချစ်က လူတွေကို ကောင်းခြင်းတွေပေးသလို ဆိုးရွားခြင်းတွေလည်း သယ်ဆောင်လာပေးသည်။ မထင်မှတ်ပဲ လူတစ်ယောက်ရောက်လာပြီး မချစ်တတ်သော အဖြူရောင် အောက်ခံစာရွက်လေးအား အချစ်တို့ဖြင့် ဆေးခြယ်လိုက်သည်။ ဆေးမှားသွား...
Part-8
Start from the beginning