အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)

Start from the beginning
                                    

"ဒါ ကျွန်တော်မျိုးတို့ရဲ့ သခင်ကြီးပါ"

နောက်တွင်ပါလာသော အိမ်တော်ထိန်းက မိတ်ဆက်လာ၏။ သွမ့်ပိုင်ယွဲ့နှင့် စစ်ကုန်းလွီ့လည်း ထရပ်လိုက်ကာ -

"အနှောင့်အယှက်ပေးမိပါပြီ၊ ဒါနဲ့ ဒီက သခင်ကြီးရဲ့နာမည်ကရော ဘာတဲ့လဲ"

"သခင်ကြီးနာမည်ကတော့ ခွန်းစန်းပါ။ ဟန်ဘာသာစကားကို နားမလည်ပေမယ့် တာ့ချူက ဖောက်သည်တွေနဲ့ အလုပ်အကိုင်လုပ်ရတာ သဘောကျပါတယ်၊ တာ့ချူက ကျယ်ပြောပြီး ကြွယ်ဝလှတဲ့ နယ်မြေဖြစ်တဲ့အပြင် သတ္တိရှိရှိ လုပ်ရဲကိုင်ရဲ စွန့်စားရဲလို့ပါတဲ့။ သမာသမတ်လည်း ကျကြတယ်လို့လည်း ပြောပါတယ်"

"ချီးကျူးလွန်းနေပါပြီ၊ ချီးကျူးလွန်းနေပါပြီ။ ဒါနဲ့ စောနက ဒီဂိုဏ်းမှာ လူအများကြီးဝင်ထွက်သွားလာတာ တွေ့လိုက်တယ်။ ဒါတောင် သခင်ကြီးခွန်းစန်းက ကျွန်တော်တို့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဧည့်ခံတာဆိုတော့ တကယ်ကိုပဲ ကျေနပ်ဝမ်းသာရပါတယ်ဗျာ "

စစ်ကုန်းလွီ့က အလိုက်သင့် နှုတ်ခွန်းဆက်လိုက်သည်။ ခွန်းစန်းက သူတို့နှစ်ယောက်အား နေရာပြန်ယူရန် အချက်ပြလိုက်ပြီးနောက် အိမ်တော်ထိန်းအား စကားတစ်ချို့ပြောလိုက်၏။ ထို့နောက် အိမ်တော်ထိန်းက ဘာသာပြန်ပေးသည်။

"သခင်ကြီးက မေးပါတယ်၊ သခင်လေးတို့နှစ်ယောက်က ဘယ်လိုလုပ်ငန်းမျိုး ညှိနှိုင်းဆွေးနွေးဖို့ ရောက်လာတာလဲတဲ့"

"ကြေးစားလူသတ်သမား ဆယ်ယောက်လောက် လိုချင်တယ်"

စစ်ကုန်းလွီ့ ပြန်ဖြေလ်ိုက်တော့ အိမ်တော်ထိန်းက ချက်ချင်းပင် မျက်နှာပျက်သွားကာ ခွန်းစန်းအား တစ်ဆင့်ပြောပြလိုက်သည်။ ခွန်းစန်းသည်လည်း မျက်နှာပျက်သွားကာ ခေါင်းအဆက်မပြတ်သာခါပြ၏။

ထင်ထားသည့်အတိုင်းပါပင်။

အိမ်တော်ထိန်းက ဆို၏။

"တကယ် တောင်းပန်ပါတယ်ခင်ဗျာ။ အခုလောလောဆယ်တော့ အဲ့ဒီလုပ်ငန်းတွေ အကုန် ဆိုင်းငံ့ထားပါတယ်၊ ဒီတစ်နှစ်လုံးတော့ ကြေးစားလူသတ်လုပ်ငန်းတွေ ငှားလို့မရတော့ပါဘူး။နည်းပြ လိုချင်ရင်တော့ ရပါသေးတယ် "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now