လှုပ်ရှားလာတဲ့ အကိုကြောင့် လွန်းသာ လက်ပြန်ဆုတ်လိုက်ကာ အချိန်ဆွဲမနေတော့ပဲ နေရာမှထကာ အခန်းထဲကထွက်လာလိုက်သည်။

လွန်းအတိတ် လွန်းသာထွက်သွားတဲ့နောကိမှ မျက်လုံးကိုအသာဖွင့်ကာ သက်ပြင်းဖွဖွလေးကို ခိုးချလိုက်မိသည်။ တကယ်တော့ လွန်သာမနိုးခင်ကတည်းက လွန်းအတိတ်နိုးနေခဲ့တာဖြစ်သည်။

အလင်းသဲ့သဲ့ကြောင့် မြင်နေရတဲ့ လွန်းလေးမျက်နာကို အချိန်ကြာပြီးငေးကြည့်နေမိသည်။ ငေးကြည့်နေတုံး ကြက်တွန်သံတွေထွက်လာကာ လူးလွန့်လာတဲ့ ကိုယ်သေးသေးလေးကြောင့် သူအမြန်အိပ်ချင်ယောင်ဆောင်လိုက်ရသည်။

ခိုးကြည့်လို့မဝသေးတာကိုကွာ...။ခနအကြာ ပါးပြင်ပေါ်က လှုပ်ရှားနေတဲ့ လက်ချောင်းလေးကြောင့် အသာငြိမ်နေလိုက်မိသည်။ဘာတွေစဥ်စားနေလည်း မသိ ခနကြားတော့။"အကိုကချောပါတယ်"ဆိုတဲ့ လေသံတိုးတိုးလေးက ကျွန်တော့်နားထဲစိုက်ရောက်လာခဲ့သည်။

ရုတ်တရက်ခုန်လာတဲ့ ခုန်နဲ့ ပျော်ရွှင်မိတဲ့ စိတ်ကြောင့် လုပ်အောင့်အီးထားရတာ ပူဖောင်းတစ်လုံးလို လေတင်းပြီး ပေါက်ထွက်တော့မည့်လား။ လှုပ်ရှားလိုက်ရသည်။ လှုပ်လိုက်တော့ သူ့လက်လေးပြန်ဆုတ်သွားပြီး သတိထားလျှောက်လို့ တအီ့အီ အသာမြည်နေတဲ့ ကြမ်းခင်းသံလေးကြားပြီး တံခါးရွက်ဖွင့်သံနဲ့ ပိတ်သံတို့ တစ်စပ်တည်းထွက်ပေါ်လာသည်။ လွန်းလေး အခန်းထဲထွက်သွားပြီဖြစ်တာကြောင့် ကျွန်တော့်မျက်လုံးဖွင့်လိုက်မိသည်။

သက်ပြင်းငွေ့လေးချကာ အောင့်အီးထဲတဲ့ ရင်ခုန်သံလှိုင်းကို လွတ်လပ်ခွင့်ပေးလိုက်ရသည်။ ရင်ဘက်ကိုလက်နဲ့ဖိကာပြုံးနေမိသည်။ အကို...အကိုတဲ့ ကိုကိုလို့မခေါ်ချင်ရင်တောင် ကိုယ့်အရှေ့မှာ အကိုလို့ ရဲရဲကီး ခေါ်ပေးလို့မရဘူးလား လွန်းလေးရယ်။

သေနပ်ခါးကျောက်ပြင်နားကိုထသွားကာ သေနပ်ခါးကို ရေနည်းနည်းနဲ့ ပြစ်ပြစ်လေးသွေးလိုက် ရလာတဲ့သေနပ်ခါးကို ရွှေပြည်နန်းသေနပ်ခါးဗူးခွံလေးထဲ စုထည့်လိုက် ပြန်သွေးလိုက် သုံးကြိမ်လုပ်အပြီးမှာတော့ သေနပ်ခါးက ရွှေပြည်နန်းဗူးခွံလေးထဲ ပြည့်လုနီးပါး ဖြစ်သွားတော့သည်။

သို့....(completed)Donde viven las historias. Descúbrelo ahora