မောင့်အခန်းလေးထဲထိုင်ရင်း မောင်ဝတ်နေကျ အင်္ကျီလက်ရှည်လေးမှရသော မောင်ကိုယ်သင်းနံကို မောင်မရှိခင် နမ်းရှိုက်နေမိသည်။ မောင်နွေးဓာတ်တွေ ရှိနေတဲ့ ဒီအခန်းသည် မောင်အနွေးဓာတ်မကုန်ခင် မောင်ပြန်လာရင်ကောင်းမည်။

မောင်ရယ်...မောင်ကြိုက်သလိုနေပါ....မောင်ကြိုက်တဲ့လူနဲ့တွဲပါ.... တို့ခံပေါ့မယ် မောင်ရယ်..... မောင်သစ်စိမ်းချိုး ချိုးရင်လည်း ခံပေါ့မယ်....ကျေးဇူးပြုပြီး အမြန်ပြန်လာပါမောင်.....အလံမရှိသောရထား လင်မရှိသောမယားက..... ပတ်ဝန်းကျင်မှာ မျက်နာငယ်လွန်းလို့ပါ မောင်ရယ်....မျက်နာငယ်လွန်းလို့ပါ။

ရင်ဖုံးအင်္ကျီအနီလေးရယ် ချိတ်ထမီအနီကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးသည် ကုတင်ပေါ်မှာ ခြေချထိုင်ရင်း လင်သားဖြစ်သူကို လွမ်းဆွတ်သတိရနေသည်။ လှပသော ရုပ်အသွင်က ကျက်သရည်ရှိနေသည်။ ရှည်လျားတဲ့ ဆံနွယ်တွေဟာ ကုတင်ပေါ်အပုံလိုက်ကျနေသည်။ လုံးကြီးပေါက်လှ ခန္ဓာကိုယ်လေးဟာ အချိုစအဆစ်ကျစွာ မြင်သူတိုင်း တန်ဖိုးထားနေတဲ့ ထိုပန်းလေးကို တစ်စုံတစ်ယောက် လည်ပြန်တောင်မကြည့်ပဲ အမှန်းကြီးမှန်းနေလေသည်။ ထိုသူကတော့ သူမရဲ့ခင်ပွန်းသည်ပင်ဖြစ်သည်။

####################

"လွန်းလေးရေ ဝေ့လွန်းလေး....."

ကောက်စိုက်နေတုံး တာရိုးပေါ်က အသံစြသြဖြင့်အော်သံက မိမိနာမည်အား ခေါ်ဆိုနေခြင်းဖြစ်သည်။ ထို့ကြောင့် လွန်းသာ အသံလာရာ တာရိုးဘက်သို့ ခါးမတ်ကာကြည့်လိုက်ရသည်။ ဇီးပင်ကြီးတစ်ပင်နဲ့ ယူကလစ်ပင် ပိန်ရှည်ကြီးတစ်ပင်ကြားတွင် မြင်နေရသော သူမှာ ဟိုလူကြီး လွန်းအတိတ်ပင်ဖြစ်သည်။

မိမိကို လက်လှမ်းပြကာ အော်ခေါ်နေတာကြောင့် သိလိုက်ရသည်။ ဘာကြောင့်လည်းဆိုတော့ နေလည်းမိမိခေါင်းတည့်တည့်ကိုရောက်နေပြီဖြစ်တာကြောင့် မွန်းတည့်နေပြီဆိုတာ နာရီမကြည့်လဲသိလိုက်ရသည်။ ဘေးနားက လုံမတို့အား

"လုံမရေ ငါတို့နားရအောင် ကိုအတိတ်တောင် ရောက်နေပြီ ထမင်းစားကျတာပေါ့....."

သို့....(completed)Où les histoires vivent. Découvrez maintenant